စီးပွားရေးသမားတစ်ယောက်အနေဖြင့်လုပ်ကိုင်ရန်နည်းလမ်း
10 December 2020
ဒီစီးရီးမှာပါဝင်တဲ့အကြောင်းအရာတွေဟာ စီးပွားရေးသမားတစ်ဦးအနေဖြင့်လုပ်ကိုင်ရန် တိကျသောချဉ်းကပ်မှုကိုမိတ်ဆက်ပေးထားခြင်းဖြစ်ပါတယ်။ ချဉ်းကပ်မှုတိုင်းဟာအလွန်ရိုးရှင်းပြီးအခြေခံကျတဲ့အတွက် သင်လက်တွေ့ကျင့်သုံးနိုင်ပါတယ်။ သင်အလုပ်လုပ်တာမြန်လေလေ၊ သင်ရရှိရန်အခွင့်အလမ်းများလေလေဖြစ်ပါတယ်။ ထို့နောက်သင်ဟာအခြားလူငယ်စီးပွားရေးသမားများနှင့်နှိုင်းယှဉ်လျှင် များစွာတိုးတက်လာမှာဖြစ်ပြီး သင်ကိုယ်တိုင်အတွက်အောင်မြင်မှုရရှိလာပါလိမ့်မယ်။
ဒါဆိုရင် အောက်မှာပြောပြမယ့်အချက်တွေကိုကြည့်လိုက်ရအောင်!!

[သင့်ရဲ့ Supervisor နှင့်အတူတကွဆောင်ရွက်ပါ]
Your real experience may be probably the greatest textbook for you.
သင့်ရဲ့ Supervisor တွေ ဒါမှမဟုတ် Senior တွေ နဲ့ အတူလုပ်ဆောင်တဲ့အခါမှာ သင့်အတွက်သင်ယူစရာတွေနဲ့ အခွင့်အရေးတွေရရှိနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်သူတို့အပြင်ထွက်ရတဲ့အခါတိုင်း သူတို့နဲ့အတူလိုက်ပါသွားသင့်ပါတယ်။ Appointment တွေသွားတဲ့အခါသူတို့ရဲ့ အတွေးခေါ်တွေနဲ့ သူတို့ရဲ့ အပြုအမူတွေကို သင်လေ့လာနိုင်ပါတယ်။ သင့်ရဲ့တကယ့်အတွေ့အကြုံဟာ သင့်အတွက်အကြီးမားဆုံးဖတ်စာအုပ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

[ပြီးခဲ့သည့်ငါးမိနစ်ခန့်ကလုပ်ငန်းခွင်ထိရောက်မှုကိုဆုံးဖြတ်ပါ]
သင့်ရဲ့ Supervisor နဲ့ Meeting အပြီးမှာတော့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ကိစ္စတွေကိုစုစည်းပြီး ၎င်းတို့အားအတည်ပြုပေးရန်တောင်းဆိုသင့်ပါတယ်။ သင်အလုပ်မစခင်မှာ သင့်ရဲ့ Supervisor ဆီက တုန့်ပြန်ချက်ကိုရတဲ့အခါ အချိန်ဖြုန်းတီးခြင်းကိုရှောင်ရှားနိုင်ပြီ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာပါလိမ့်မယ်။

[ပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည်နှင့်ပြန်လည်သုံးသပ်ခြင်းတို့သည် 3-3-3 ဖြစ်သည်]
အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည်နှင့်ပြန်လည်သုံးသပ်ခြင်းများကိုသင်ဂရုပြုသင့်ပါတယ်။ အစည်းအဝေးမတိုင်မီ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ထားသင့်ပြီး ဆွေးနွေးမယ့်အကြောင်းအရာများကိုမျှဝေသင့်ပါတယ်။ အစည်းအဝေးအတွင်းမှာတော့ သင့်ရဲ့ထင်မြင်ချက်၊ တွေးတောချက်တွေကို ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာတော့ ဆုံးဖြတ်ချက်တွေကိ ပြန်လည်သုံးသပ်ပြီး သင့်ရဲ့ သုံးသပ်ချက်တွေကိုအမြန်ဆုံးပြန်လည်မျှဝေသင့်ပါတယ်။
တကယ်တော့ ဒါဟာ လုပ်ငန်းအားလုံးမှာလုပ်လေ့ရှိတဲ့ပုံစံပဲဖြစ်ပါတယ်။ သင်သေချာ ပြင်ဆင်၊ စွမ်းဆောင်နိုင်ပြီး ပြန်လည်သုံးသပ်နိုင်တယ်ဆိုရင်တော့ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်လာမှာပဲဖြစ်ပါတယ်။

[သင်မေးတဲ့အခါမှာ သင့်ရဲ့မှတ်စုကိုပြပါ]
အကယ်၍ သင်နားမလည်ဘူးဆိုရင် သင့်ရဲ့ Senior တွေနဲ့ Boss တွေကို ချက်ချင်းမမေးလိုက်ပါနဲ့။ ဦးစွာ Research အရင်လုပ်ပြီး သင်သိတာနဲ့ မသိတာကိုအရင်ခွဲခြားပါ။ ပြီးနောက် မေးခွန်းတွေကိုစာရွက်ပေါ်မှာရေးချပါ။ မေးခွန်းတွေကိုရေးချခြင်းဖြင့် မေးခွန်းတွေကိုသင့်အတွေးထဲမှာဆက်ရှိစေပါတယ်။ သင်သူတို့ကိုမေးခွန်းများမေးသည့်အခါ ထိုမှတ်စုများကိုပြပါက သင်ရဲ့အကြီးအကဲများနဲ့ စီနီယာများထံမှ သင့်အပေါ်မှာ ပိုကောင်းတဲ့ထင်မြင်ချက်တွေရရှိလာမှာဖြစ်ပါတယ်။
Reference: 『入社1年目の教科書』(Textbook for freshman)
(Japanese Edition Practical Book, Amazon Link: https://www.amazon.co.jp/o/ASIN/4478015422/diamondinc-22/ )