ဒီစီးရီးမှာပါတဲ့အကြောင်းအရာတွေဟာ စီးပွားရေးသမားတစ်ဦးအနေနဲ့လုပ်ကိုင်ရန်တိကျသောချဉ်းကပ်မှုကိုမိတ်ဆက်ပေးပါတယ်။ ချဉ်းကပ်မှုတိုင်းသည်အလွန်ရိုးရှင်းပြီးအခြေခံကျတဲ့အတွက်ဒီနေ့ကစပြီး သင်လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
သင်အလုပ်လုပ်တာမြန်လေလေ သင်ရရှိရန်အခွင့်အလမ်းများလေလေဖြစ်ပါတယ်။ သင်ဟာ အခြားလူငယ်စီးပွားရေးသမားများနဲ့ နှိုင်းယှဉ်လျှင် များစွာဖွံ့ဖြိုးတိုးတက်လာပြီး သင်ကိုယ်တိုင်အတွက်အောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။
ဒါဆိုရင်အောက်မှာပါတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်နော်…
နံနက်နှုတ်ဆက်ခြင်းဟာ အလွန်အရေးကြီးတယ်ဆိုကိုဘယ်သူမှငြင်းဆိုကြမှာမဟုတ်ဘူး။ သင့်ပတ်၀န်းကျင်မှာရှိတဲ့ တခြားဝန်ထမ်းတွေဟာ သင်ရဲ့ပုံမှန်အပြုအမူများကိုလေ့လာစောင့်ကြည့်တတ်ကြပါတယ်။ ကုမ္ပဏီတစ်ခုမှာ လူသိများတဲ့ လူငယ်စီးပွားရေးသမားရယ်လို့မရှိပါဘူး။ ဒါကြောင့်သင်ဟာ အလုပ်လာတဲ့နံနက်ခင်းမှာ ရှင်းရှင်းလင်းလင်း အသံကျယ်ကျယ်နဲ့နှုတ်ဆက်ဖို့အကြံပြုချင်ပါတယ်။ အဲ့လိုနှုတ်ဆက်ခြင်းက သင့်ကိုအလုပ်မှာ ပိုလူသိများစေမှာပါနော်…
မိမိရဲ့ကိုယ်ပိုင်အချိန်ကိုပိုလိုချင်တဲ့လူငယ်စီးပွားရေးသမားတွေဟာ ရုံးကနေစောပြန်ရဖို့မျှော်လင့်တတ်ကြပါတယ်။ သို့သော်လည်း သင်သတိပြုရမယ့်အချက်နှစ်ချက်ရှိပါတယ်။ ပထမဦးစွာ သင့်အနေနဲ့ တခြားဝန်ထမ်းကို သင်စောပြန်မယ့်နေ့မတိုင်မီကြိုတင်ပြီး အကျိုးအကြောင်းပြောထားသင့်ပါတယ်။ ဒါမှသူတို့က သင်စောပြန်မယ့်အချိန်အတွက်လုပ်စရာရှိတဲ့အလုပ်တွေကို ပြင်ဆင်ထားလို့ရမှာဖြစ်ပါတယ်။ သင်ဟာအမြဲတမ်းရုံးစောစောဆင်းနေရင်တော့ သင့်မှာအလုပ်လုပ်ချင်စိတ်မရှိဘူးလို့ထင်ကြမှာဖြစ်ပါတယ်။ သင်ထင်ထားတာထက်ပိုပြီး သင့်ရဲ့လုပ်ငန်းခွင်အပြုအမူတွေကိုစောင့်ကြည့်တတ်ကြပါတယ်။
Reference: 『入社1年目の教科書』(Textbook for freshman)
(Japanese Edition Practical Book, Amazon Link: https://www.amazon.co.jp/o/ASIN/4478015422/diamondinc-22/ )