စီးပွားရေးသမားတစ်ယောက်အနေဖြင့်အလုပ်လုပ်ကိုင်ရန်နည်းလမ်း

8 December 2020

ဒီစီးရီးမှာပါဝင်တဲ့အကြောင်းအရာမှာတော့ စီးပွားရေးသမားတစ်ဦးအနေဖြင့်လုပ်ကိုင်ရန် တိကျတဲ့ချဉ်းကပ်မှုမျိုးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ချဉ်းကပ်မှုတိုင်းဟာ အလွန်ရိုးရှင်းပြီးအခြေခံကျတဲ့အတွက်ကြောင့် သင်ဒီနေ့က စပြီး လက်တွေ့ကျင့်သုံးနိုင်ပါတယ်။
သင်အလုပ်လုပ်တာမြန်လေ၊ သင်ရရှိနိုင်မယ့်အခွင့်အလမ်းများလေဖြစ်ပါတယ်။ ထို့နောက်သင်ဟာ အခြားလူငယ်စီးပွားရေးသမားများနှင့်နှိုင်းယှဉ်လျှင် များစွာတိုးတက်လာတာကိုတွေ့ရမှာဖြစ်ပြီး သင်ကိုယ်တိုင်အတွက်အောင်မြင်မှုရရှိနိုင်ပါလိမ့်မယ်။
 
ကဲ ဒါဆိုရင်အောက်မှာပါတဲ အကြောင်းအရာလေးတွေကို ဆက်ကြည့်လိုက်ရအောင်!!


[Picture 1 – ဘယ်လိုပဲဖြစ်ဖြစ်နောက်မကျပါနဲ့]
သင်ဟာငယ်ရွယ်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေချိန်မှာ သင်ရဲ့ကြီးကြပ်သူတွေ ဒါမှမဟုတ် ဖောက်သည်တွေဟာ သင့်ကိုအရွယ်ရောက်ပြီးသူတစ်ဦးလိုအလုပ်လုပ်နိုင်ခြင်း ရှိမရှိစစ်ဆေးပါတယ်။ သင်ဟာ တစ်ခုခုကိုနောက်ကျသွားတယ်ဆိုတာနဲ့ လုပ်ငန်းခွင်မှာ ‘ပျင်းရိသူ’ ဆိုပြီးနာမည်ထွက်လာမှာဖြစ်ပြီး ‘ပျင်းရိသူ’ တစ်ယောက်အဖြစ်ပါ နာမည်တပ်ခံရနိုင်ပါတယ်။ သင့်မှာထူးချွန်တဲ့စွမ်းရည်များရှိပေမယ့်လည်း သင့်စွမ်းရည်ကိုအကောင်အထည်ဖော်လုပ်ဆောင်ရန်အခွင့်အလမ်းဆုံးရှုံးတတ်ပါတယ်။


[Picture 2 – Email တွေကို ၂၄နာရီအတွင်းအကြောင်းပြန်ပါ]
သင်ဟာ Email တွေကို မိနစ်အနည်းငယ်အတွင်းမှာပဲ အကြောင်းပြန်နိုင်ပါတယ်။ သင်ဘယ်လိုပဲ အလုပ်များနေတယ်ဖြစ်စေ သင် အကြောင်းပြန်လို့ရပါတယ်။ တစ်ဘက်က Reply ကို စောင့်နေတဲ့သူအတွက်တော့ အမြန်ပြန်လည်တုန့်ပြန်တတ်တဲ့သူက သင့်ထက်ပိုပြီးသဘောကျခံရမှာပါ။
 
ထို့အပြင် သင့်ရဲ့ Email အစမှာ သင့် Email ထဲကအကြောင်းအရာများကိုအကျဉ်းချုံးရေးသားသင့်ပါတယ်။ သင်ရဲ့ Reply ကိုစောင့်နေသောသူဟာ သင်ထက် ပိုပြီး အလုပ်များကောင်းများနိုင်တဲ့အတွက် သူတို့ပိုပြီး မြန်မြန်နားလည်ရလွယ်အောင်သင်ဖန်တီးပေးရမှာဖြစ်ပါတယ်။


[Picture 3 – သင်လုပ်ရမယ့်အလုပ်အတွက်အကြောင်းပြချက်ကိုမေးပါ]
လုပ်ငန်းတာဝန်အတွက်အရေးအကြီးဆုံးကတော့ Deadline ပဲဖြစ်ပါတယ်။
Deadline အချိန်ကို သင်သိရတယ်ဆိုရင်တော့ ဘယ်အရာဆွေကို ဦးစားပြီးလုပ်ရမလဲဆိုတာကို သင်ဆုံးဖြတ်လို့ရပါတယ်။
 
အလုပ်တာဝန်တိုင်းမှာလည်း လုပ်ရတဲ့အကြောင်းအရင်းဆိုတာရှိပါတယ်။
သင်လုပ်ရမယ်အလုပ်ရဲ့အကြောင်းအရင်းကို သင်သိရတဲ့အခါ သင့်အလုပ်ကို ဘယ်လိုနည်းနဲ့လုပ်ရမလဲဆိုတာကို သင်ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာ – စာရွက်စာတမ်းတွေကိုသင်လုပ်ရတဲ့ အကြောင်းရင်းဟာ သင်ဘယ်သူ့အတွက်လုပ်ဆောင်ရမည်ကိုပြပါတယ်။


[Picture 4 – ရိုးရှင်းသောအလုပ်၏စနစ်]
ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်များအတွက်လွယ်ကူသောအလုပ်များစွာရှိပါတယ်။ ၎င်းသည်အလွန်ပျင်းစရာကောင်းနိုင်ပေမယ့်လည်း သင်ရဲ့ရိုးရှင်းသောလုပ်ငန်းများကို စနစ်တကျစီစဉ်နိုင်ရန်အထောက်အကူပြုပါတယ်။ ရိုးရှင်းသောလုပ်ငန်းများကိုစနစ်တကျလုပ်ဆောင်ခြင်းဆိုတာဟာ အလုပ်ရဲ့ထိရောက်မှုကိုရည်ရွယ်ခြင်းဖြစ်ပါတယ်။ စနစ်တကျလုပ်ဆောင်နိုင်အောင် သင်ဘယ်လိုကြံစည်သလဲဆိုတာကို သင်စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲ့ဒါကို ဂိမ်းတစ်ခုအနေနဲ့ စမ်းပြီး လုပ်ဆောင်ကြည့်နိုင်ပါတယ်။
 
သင်အမြဲတွေး‌တောကြံစည်ကာ အကြံပေးနိုင်ပြီး၊ သင့်ရဲ့အလုပ်တာဝန်တွေကိုလုပ်ဆောင်ပြီး တခြားသူတွေထက်ပိုကောင်းတဲ့ စွမ်းဆောင်မှုတွေကို လုပ်ဆောင်နိုင်ရင်တော့ သင်နောက်လုပ်ရမယ့်တာဝန်တွေက သင့်အတွက်ပျင်းစရာကောင်းတယ်လို့ သင်မြင်တော့မှာမဟုတ်ပါဘူး။

Reference: 『入社1年目の教科書』(Textbook for freshman)
(Japanese Edition Practical Book, Amazon Link: https://www.amazon.co.jp/o/ASIN/4478015422/diamondinc-22/ )