နေအိမ်မှအလုပ်လုပ်ခြင်းရဲ့ အကျိုးဖြစ်ထွန်းမှုကိုဘယ်လိုမြှင့်တင်နိုင်မလဲ?

30 November 2020

ဒီနေ့ဟာအားလပ်ရက်နားရက်တွေရဲ့နောက်ဆုံးနေ့ဖြစ်ပါတယ်။ အချို့‌သောသူတွေအတွက် မနက်ဖြန်ကစပြီး အလုပ်ပြန်ဆင်းရန်ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် နေအိမ်မှအလုပ်လုပ်နေသူများဟာ အားလပ်ရက်မှာနေထိုင်ခဲ့ရသော နေအိမ်ကနေပဲပြန်လည်အလုပ်လုပ်ရတဲ့အတွက် အသစ်စတင်ရန်လိုအပ်ပါတယ်။
 
ဒီဆောင်းပါးမှာတော့ မနက်ဖြန်အလုပ်ပြန် စလုပ်ရန်အတွက်လိုအပ်တဲ့အချက်သုံးချက်ကိုဖော်ပြထားပါတယ်။ Motivation ကို ဆက်လက်ထားရှိဖို့ ခက်ခဲနေတဲ့အခါနဲ့ ခံစားချက်များကိုမပြောင်းလဲနိုင်တဲ့အခါတွေမှာ ဒီအကြံပေးချက်တွေဟာ သင့်အတွက်အထောက်အကူဖြစ်စေနိုင်မှာပါ။

အကြံပေးချက် (၁) – အလုပ်ချိန်ဇယားဆွဲပါ
လူတွေကသူတို့ရဲ့ Breaktime နဲ့ တခြားအချိန်တွေအတွက် သူတို့ရဲ့ Schedule ကိုကြိုတင်စီစဉ်ထားနိုင်ပါတယ်။ အထူးသဖြင့်ရုံးမှာနေ့လည်စာစားတဲ့အချိန်အတိုင်း အိမ်မှာလည်းနေ့လည်စာစားတဲ့ Breaktime ထားခြင်းဟာ အိမ်မှာအလုပ်လုပ်ခြင်းအတွက် ပိုကောင်းတဲ့စိတ်ခံစားမှုကိုရရှိစေပါတယ်။ ရုံးမှာလုပ်ရတဲ့ ရိုးရှင်းတဲ့လုပ်ရိုးလုပ်စဉ်များကိုပဲ နေအိမ်မှာစတင်လုပ်ခြင်းဟာ သင့်အတွက်ထိရောက်ပါတယ်။

အကြံပေးချက် (၂) – အလုပ်လုပ်ရန်နေရာလုပ်ပါ
အလုပ်လုပ်ရန်နေရာနဲ့ မိမိရဲ့ကိုယ်ပိုင်နေရာဆိုပြီး ခွဲထားခြင်းက အိမ်မှာအလုပ်လုပ်ဖို့ ပို လွယ်ကူစေပါတယ်။ ကိုယ်ပိုင်နေရာတွေမှာအလုပ်လုပ်မယ်ဆိုပါက သူတို့ရဲ့ အိမ်သုံးပစ္စည်းတွေကိုဖယ်ပြီး ရုံးသုံးပစ္စည်းတွေကို ပြင်ဆင်ရမှာဖြစ်ပြီး၊ အလုပ်ပြီးပြီဆိုရင်လည်း ရုံးပစ္စည်းတွေကို ပြန်သိမ်းရတာနဲ့အလုပ်ရှုပ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အကြံပေးချက် (၃) – သင့်ရဲ့အဝတ်အစားတွေကို လဲလှယ်ပါ
များသောအားဖြင့် အိမ်မှာအလုပ်လုပ်တဲ့အခါ ရုံးအတွက်၀တ်လေ့ရှိတဲ့ဝတ်အစားများကို ဝတ်ဆင်ခြင်းဟာ သင့်အတွက် Working Mode သို့ပြောင်းရန်အတွက်အရေးကြီးပါတယ်။ အနည်းဆုံးတော့ အိမ်နေရင်ဝတ်တဲ့အဝတ်အစားတွေကို ရှောင်ကျဉ်နိုင်ရင်တော့ ပိုပြီးအဆင်ပြေပါတယ်။

References:
https://www.blackdoginstitute.org.au/news/working-from-home-a-checklist-to-support-your-mental-health-during-coronavirus/
https://theconversation.com/working-from-home-why-detachment-is-crucial-for-mental-health-135986