ဖောက်သည်များထံမှတိုင်ကြားချက်များကိုဘယ်လိုဖြေရှင်းမလဲ?
3 December 2020

ဖောက်သည်များထံမှတိုင်ကြားချက်တွေဟာ သင့်ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကို သူတို့မျှော်လင့်တယ်ဆိုတဲ့အထောက်အထားပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဝန်ဆောင်မှုတွေပိုကောင်းစေဖို့အတွက် ဖောက်သည်တွေထံမှအဆင်မပြေမှုတွေ၊ တိုင်ကြားချက်တွေကိုလက်ခံဖြေရှင်းပြီး သင့်ရဲ့ဝန်ဆောင်မှုကို တိုးတက်အောင်လုပ်ဆောင်ရပါမယ်။
သို့သော်လည်း တချို့လူတွေဟာ ဖောက်သည်တွေထံမှမကျေနပ်ချက်တွေကိုကြားရတဲ့အခါ စိတ်ခံစားလွယ်တတ်ကြပါတယ်။ ဒါကြောင့် သင်ဟာ တိုင်ကြားချက်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ဖြေရှင်းပြီး ပြဿနာကိုပိုကြီးစေမယ့်လုပ်ရပ်တွေကိုရှောင်ကြဉ်သင့်ပါတယ်။
[တိုင်ကြားမှုကိုင်တွယ်ဖြေရှင်းရန်အဆင့်များ]
အဆင့် ၁ ။ တောင်းပန်ပါ
အဆင့် ၂ ။ သင့်ဖောက်သည်ရဲ့တိုင်ကြားမှုများကိုနားထောင်ပါ
အဆင့် ၃ ။ အခြေအနေမှန်ကိုအတည်ပြုပါ
အဆင့် ၄ ။ အစားထိုး အခြားရွေးချယ်စရာအစီအမံများကဲ့သို့ တန်ပြန်အစီအမံများကိုအကြံပြုပါ
အဆင့် ၅ ။ ထပ်မံတောင်းပန်ပါ
အဆင့် ၆ ။ ကျေးဇူးတင်ကြောင်းပြောပါ
[တိုင်ကြားမှုကိုင်တွယ်ရာတွင်အာရုံစိုက်သည့်အချက်များ]
(၁) အခြေအနေကိုနားမလည်ဘဲတောင်းပန်ရုံသာမပြုပါနဲ့
(၂) ဖောက်သည်စကားပြောနေစဉ် ငြင်းခုံမှုမပြုပါနဲ့
(၃) သေးငယ်တဲ့အသံဖြင့်မတုံ့ပြန်ပါနဲ့
(၄) မှတ်စုရေးရန်သတိရပါ
(၅) သင့်ရဲ့ဖောက်သည်ကိုအချိန်အကြာကြီးမစောင့်စေပါနဲ့