ဗုဒ္ဓဟူးနေ့မှာလန်းလန်းဆန်းဆန်းနေလိုက်ရအောင်

23 December 2020

ဗုဒ္ဓဟူးနေ့ဟာ Weekdays တွေထဲမှာမှ လူတွေကိုစိတ်ဖိစီးမှုဖြစ်စေသောနေ့တစ်ခုဖြစ်နိုင်ပါတယ်။ အသက်ရှူနည်းစနစ် လို့ခေါ်တဲ့ သက်သောင့်သက်သာအနားယူခြင်းဟာ ရုံးတက်ရက်တွေမှာတောင်လူတို့ကိုစိတ်ပေါ့ပါးလန်းဆန်းစေပါတယ်။ အသက်ရှူနည်းစနစ်ကောင်းကောင်းရှိခြင်းဟာ ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုလျော့နည်းစေပြီး မကောင်းတဲ့စိတ်ခံစားမှုတွေကိုလျော့ကျစေပါတယ်။
 
သင်စိတ်မသက်မသာဖြစ်နေတယ်လို့ခံစားရပါက ၄ စက္ကန့်ကြာအသက်ရှူရှိုက်ပြီး ၈ စက္ကန့်အတွင်းဖြည်းဖြည်းချင်းအသက်ရှူထုတ်ကြည့်ပါ။ ထိုသို့ပြုလုပ်ခြင်းဟာ သင့်ကိုပိုကောင်းတဲ့စိတ်ခံစားမှုကိုရစေပါတယ်။