မနက်ဖြန်ကစပြီးအလုပ်စလုပ်တော့မလား?

4 January 2021


လူအများဟာ မနက်ဖြန်ကနေစပြီး မိမိတို့ရဲ့အလုပ်တွေကိုပြန်လည်စတင်ရတော့မှာဖြစ်ပါတယ်။ တခြားသူတွေက မနက်ဖြန်အတွက်အလုပ်လုပ်ချင်စိတ်မရှိဖြစ်နေတဲ့အချိန်မှာ ပြီးခဲ့တဲ့တစ်ပါတ်ကကျွန်ုပ်တို့ပြောထားခဲ့တဲ့ ဒီနှစ်အတွက်ရည်မှန်းချက်တွေဟာ သင်တို့အချို့ကိုစိတ်ဓါတ်ဆိုင်ရာလှုံ့ဆော်ပေးနိုင်ပါလိမ့်မယ်။ သင်စိတ်အားထက်သန်မှုမရှိတဲ့အကြောင်းအရင်းထဲကတစ်ခုကတော့ သင့်ကိုယ်သင်ယုံကြည်မှုလျော့နည်းစေပြီး အဆိုးဘက်ကတွေးစေတတ်တဲ့ “Self-esteem နည်းခြင်း”ကြောင့်ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုလေးစားမှုလျော့နည်းစေတဲ့ အတွေးပုံစံများအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ Motivation ကိုထိန်းသိမ်းထားနိုင်ဖို့ ဒီအတွေးအခေါ်တွေကိုရှောင်ကျဉ်နိုင်ပါတယ်။


Pattern #1 လူများသည်ပိုမိုမြင့်မားသောစိတ်အားထက်သန်မှုရှိသော်လည်းခဏအကြာမှာလုပ်ချင်စိတ်မရှိခြင်း
ဒီကိစ္စမှာသင်အလွန်အကျွံအာရုံစူးစိုက်ခြင်းအားဖြင့် သင်ကိုခြေကုန်လက်ပန်းကျစေနိုင်ပါတယ်။ အဲ့ဒီ့အချိန်မှာ သင့်ကိုယ်သင်ထိန်းချုပ်နိုင်မှုနဲ့ အေးဆေးတည်ငြိမ်မှုရှိရန်လိုအပ်ပါတယ်။


Pattern #2 လူတွေဟာဘယ်လိုအရာမျိုးနဲ့မှ ကြာကြာတွယ်ကပ်ပြီးမနေနိုင်ခြင်း
ဒီကိစ္စမှာ သင်အောင်မြင်ရန်လုပ်ဆောင်ရမယ့်အလုပ်၊ ပန်းတိုင်နဲ့ရည်မှန်းချက်ကိုသတ်မှတ်ထားနိုင်ပါတယ်။


Pattern #3 လူတွေဟာ ကိုယ်လုပ်ရမယ်အလုပ်တွေကို နောက်သို့‌ရွှေ့ဆိုင်းလေ့ရှိခြင်း
သင့်ကိုယ်သင်အားမလိုအားမရဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်မှာ လန်းလန်းဆန်းဆန်းဖြစ်အောင်လုပ်ပြီးပြန်လည်စတင်နိုင်ပါတယ်။
 
သင်အလုပ်လုပ်ချင်စိတ်ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်လေ့ရှိသလဲ?