မသေချာမရေရာတဲ့အခြေအနေတစ်ခုမှာဘယ်လိုပျော်မွေ့နိုင်မလဲ?

21 December 2020


လူတော်တော်များများဟာ မကြာသေးခင်ကလိုမသေချာမရေရာတဲ့အခြေအနေမျိုးတွေမှာ စိတ်ဖိစီးမှုတွေကြုံတွေ့နိုင်ပါတယ်။ စိတ်ဖိစီးမှုဒဏ်အပေါ်ခံနိုင်ရည်ရှိလျှင် သင့်ရဲ့စိတ်ဖိစီးမှုတွေကိုကောင်းစွာစီမံနိုင်စေပါတယ်။ (ပုံ ၂ တွင်ပြထားသည်) ခံနိုင်ရည်ဆိုသည်မှာအခက်အခဲများမှပြန်လည်နာလန်ထူရန်စွမ်းရည်ကိုဆိုလိုခြင်းဖြစ်ပါတယ်။

ပိုမိုမြင့်မားသောခံနိုင်ရည်ရှိခြင်းရဲ့အားသာချက်များ

– စိတ်ဖိစီးမှုလျော့နည်းခြင်း – သူတို့ရင်ဆိုင်နေရသောစိတ်ဖိစီးမှုများကိုကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်သည်။
– ကောင်းမွန်သောလူ့ဆက်ဆံရေး – လိုက်လျောညီထွေစဉ်းစားနိုင်ပြီး ပိုမိုကောင်းမွန်သောဆက်ဆံရေးကိုတည်ဆောက်ရန်ကြိုးစားနိုင်သည်။
– ပိုမိုမြင့်မားသောစွမ်းဆောင်ရည်နှင့်တီထွင်ဖန်တီးနိုင်မှု – မိမိတို့ကိုယ်ကို ပိုမိုကျယ်ပြန်သည့်ရှုထောင့်ဖြင့်နားလည်လာနိုင်ပြီး ပန်းတိုင်များသို့ရောက်နိုင်သည်။
– ပိုမိုမြင့်မားသောကျေနပ်ရောင့်ရဲမှု – မိမိတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုနှင့်ဘဝကိုအလွယ်တကူကျေနပ်နိုင်သည်။

Solution #1: အကောင်းမြင်ခြင်း

လူတွေဟာသူတို့ရဲ့အားနည်းချက်တွေထက် သူတို့ရဲ့ကိုယ်ပိုင်အားသာချက်တွေကိုအာရုံစိုက်ပြီး အားသာချက်တွေကိုဘယ်လိုမြှင့်တင်မလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။ သေးငယ်တဲ့အရာလေးတွေကအစ တိုးတက်အောင်လုပ်နိုင်ရင်ပိုကောင်းပါတယ်။

Solution #2: သေးငယ်တဲ့ရည်မှန်းချက်များအောင်မြင်ရန်

သေးငယ်သောအောင်မြင်မှုများကိုတည်ဆောက်ခြင်းဟာ သင့်အတွက်ကောင်းနိုင်ပါတယ်။ ဥပမာအားဖြင့် နေ့စဉ် ၃ မိနစ်ကြာလေ့ကျင့်ခန်းလုပ်ခြင်း၊ အပတ်စဉ်တိုင်း အင်္ဂလိပ်စကားဝေါဟာရအသစ် ၃ ခုကိုလေ့လာခြင်း။ အဓိကအချက်မှာ ကျိန်းသေအောင်မြင်နိုင်အောင် ရည်မှန်းချက်ငယ်တစ်ခုထားဖို့ဖြစ်ပါတယ်။