သူတစ်ပါးရဲ့ယုံကြည်စိတ်ချမှုကိုမရိပ်မိဘဲဆုံးရှုံးသွားနိုင်သောလူငယ်စီးပွားရေးသမားများအတွက်လိုအပ်သောအတွေး

24 November 2020

 ဒီ Post မှာ Businessperson တွေအားလုံးသတိထားရမယ့် Delivery Time Awareness ကိုဖော်ပြသွားမှာဖြစ်ပါတယ်။
အလုပ်တိုင်းမှာ ပေးပို့ရတဲ့အချိန်ဆိုတာရှိပါတယ်။ အဲ့ဒီအရာကို အလုပ်မှာ သင်ဘယ်လောာက်အလေးထားသလဲ?

[Definition of Delivery Time Awareness]
Delivery Time Awareness ဆိုသည်မှာ ပေးပို့အချိန်ကိုသတိပြုရန်ဖြစ်ပါတယ်။
၎င်းဟာ သင့်ရဲ့ဖောက်သည်များသာမက သင့်ရဲ့အထက်က Supervisor များ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်များအတွက်လည်းဖြစ်ပါတယ်။

[Points of Delivery Time]
Delivery Time ကိုသင်ရဲ့ ဖောက်သည်များရဲ့တောင်းဆိုချက် (သို့မဟုတ်) သင့်ရဲ့ကြီးကြပ်သူများမှညွှန်ကြားချက်များအရဆုံးဖြတ်ပါတယ်။
ထို့နောက် အချိန်မီပြီးမြောက်ရန်အတွက်လိုအပ်တဲ့လုပ်အားတန်ဖိုးကို သင်ထုတ်လုပ်ရမှာဖြစ်ပါတယ်။

[Reasons for keeping delivery time]
Delivery Time ကို စောင့်ထိန်းခြင်းဖြင့်သင့်အပေါ်မှာ သူတို့ရဲ့ယုံကြည်မှုတိုးလာမှာဖြစ်ပါတယ်။ Delivery Time အမီ မလုပ်ဆောင်နိုင်ပဲ‌ဖောက်ဖျက်မိရင်တော့ သင့်ရဲ့ ဖောက်သည်များ နဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ ယုံကြည်မှုနဲ့ ဆက်ဆံရေးကို ဆုံးရှုံးစေနိုင်ပါတယ်။
အချိန်ဖြုန်းခြင်းကသင်၏ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ယုံကြည်မှုဆက်ဆံရေးဆုံးရှုံးစေနိုင်သည်။
သင်ဟာ သင့်အပေါ်မှာထားတဲ့သူတို့ရဲ့ယုံကြည်မှုဆုံးရှုံးသွားခဲ့ရင်တော့ အမြတ်အစွန်းရရှိဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။

[4 ways to improve your delivery time awareness]
သင်ရဲ့ အလုပ်တိုင်းမှာထားရှိတဲ့ Delivery Time ကိုအတည်ပြုပါ
နောက်ပြန်ရေတွက်ပြီး ညှိနှိုင်းမှုပြုလုပ်ရန်အချိန်ဇယားရေးဆွဲပါ
သင့်လုပ်ငန်းဆောင်တာများကို ဦးစားပေးဆောင်ရွက်ပါ
အကယ်၍သင်မလုပ်နိုင်ဘူးလို့ထင်ရင် ကြိုတင်အစီရင်ခံပါ၊ ဆက်သွယ်ပါ၊ ဆွေးနွေးပါ (RCC ဆက်သွယ်မှု)