အခြေခံစီးပွားရေးစွမ်းရည် – တယ်လီဖုန်းကျွမ်းကျင်မှု

26 November 2020

တစ်စုံတစ်ဦးက ဖုန်းခေါ်ဆိုပါက သင်တယ်လီဖုန်းဖြင့်မည်မျှအဖြေပေးနိုင်သည်မှာ သင့်ကုမ္ပဏီရဲ့ Branding (သို့မဟုတ်) သူတို့ရဲ့ယုံကြည်မှုအပေါ်အကျိုးသက်ရောက်ပါလိမ့်မယ်။
တယ်လီဖုန်းစွမ်းရည်နဲ့ပတ်သက်ပြီး သူတို့ရဲ့အားနည်းချက်များကိုသတိပြုမိသူများစွာရှိပါတယ်။ မည်သို့ပင်ဖြစ်စေ၊ သင့်မှာတယ်လီဖုန်းဆက်သွယ်မှုအတွေ့အကြုံများလေလေ၊ သင့်ရဲ့တယ်လီဖုန်းစွမ်းရည်ကျွမ်းကျင်မှုပိုကောင်းလာလေဖြစ်ပါတယ်။ ဒါကြောင့် သင်မလေ့ကျင့်ရတဲ့ ဆင်ခြေအကြောင်းအရင်းမျိုးမရှိသင့်ပါဘူး။
 
[တယ်လီဖုန်းဖြေဆိုရာတွင်သိထားသင့်သောအချက်များ]
တယ်လီဖုန်းကျွမ်းကျင်မှုနှင့်ပတ်သက်ပြီ သင့်ရဲ့အားနည်းချက်များကိုသတိပြုမိစေရန် အကြံပြုချက် ၅ ချက်ကိုမိတ်ဆက်ပေးပါမယ်။
 
၁။ တယ်လီဖုန်းဖြင့်ဖြေကြားခြင်းလက်စွဲကိုပြုလုပ်ပါ
၂။ သင့်ရဲ့ကိုယ်ဟန်အနေအထားကိုဖြောင့်အောင်ထားပြီးသင့်ရဲ့အသံကိုအနည်းငယ်ကျယ်ပြီးပြောပါ
၃။ ပုံမှန်ထက်ပိုပြီး နှေးနှေးပြောပါ
4. တုံ့ပြန်အမျိုးအစားများကိုတိုးမြှင့်ပါ
၅။ တိကျသော Notes များကိုယူပြီး အတည်ပြုပါ
 
တယ်လီဖုန်းဖြင့်လက်တွေ့လေ့ကျင့်ရင်ပင် အထက်ဖော်ပြပါအရည်အချင်းများဟာသင့်ရဲ့ တယ်လီဖုန်းပြောခြင်းရဲ့စိုးရိမ်မှုကိုသက်သာစေပါလိမ့်မယ်။
 
ဒီအကြံပြုချက်များနဲ့ ပတ်သက်ပြီ သင်ဘယ်လိုထင်ပါသလဲ? ဒါဟာသာမန်လို့ထင်ရပေမယ့်၊ ဒီလိုအခြေခံစီးပွားရေးစွမ်းရည်တွေဟာ သင့်လိုလူငယ်စီးပွားရေးသမားများအတွက်လိုအပ်ပြီး အရေးကြီးပါတယ်။ သို့မှသာသင်ဟာ အခြားသူများရဲ့ယုံကြည်မှုနဲ့ ပိုမိုမြင့်မားသောအကဲဖြတ်မှုကိုရရှိလိမ့်မယ်။