အလုပ်မှာအခက်အခဲတွေကြုံတွေ့ရတဲ့အခါ စိတ်ရှုပ်စရာတွေဖြစ်လာတတ်ပါတယ်။ အကယ်၍ အဖွဲ့သားတစ်ယောက်ယောက်က Negative Feeling တွေခံစားနေရတယ်ဆိုရင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပူပေါင်းဆောင်ရွက်ပြီး တိုးတက်အောင်ကြိုးစားခြင်းဖြင့်ထိန်းသိမ်းထားနိုင်ပါတယ်။ အတိအကျပြောရရင်တော့ ဝန်ထမ်းတစ်ယောက်ရဲ့ Negative Feeling တွေကြောင့် တခြားအဖွဲ့ဝင်တွေအပေါ်ကိုပါအဆိုးမြင်အတွေးတွေသက်ရောက်စေနိုင်တဲ့အတွက် တချို့အဖွဲ့ခေါင်းဆောင်တွေက ထိုဝန်ထမ်းကို “ပြဿနာတစ်ခု” လို့မှတ်ယူတတ်ကြပါတယ်။ သို့သော်လည်း Negative Feeling တွေကနေ Positive Motivation အဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ အဲ့ဒီ့ဝန်ထမ်းကို Positive အတွေးနဲ့ပြန်တွေးနိုင်အောင်ကူညီပေးနိုင်ပါတယ်။ ၀ န်ထမ်းများကို စိတ်ပြောင်းလဲစေနိုင်တဲ့အချက်မှာ ဘယ်လိုကောင်ကျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေပြောပြခြင်းဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ ဝန်ထမ်းတွေရဲ့ Negative Feeling တွေကို ပြောင်းလဲပစ်စေနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ပြောဆိုဆွေးနွေးခြင်း ၃ချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
Tip #2 Self-criticism ထက် Self-coaching ကိုဦးဆောင်ပါ
မနေ့ကပြောပြသွားတဲ့ Tip 1 ကလို ကိုယ်ပိုင်အတွေးတွေကိုထုတ်ဖော်ပြောဆိုပြီးနောက်မှာ မိမိကိုယ်ကိုဘယ်လိုတိုးတက်အောင်လုပ်ဆောင်မလဲ? ဥပမာ – ၀န်ထမ်းတစ်ဦး က မိမိအပေါ်ဘယ်လိုမြင်လဲ ဘာတွေကိုပြုပြင်ရမလဲဆိုတာကိုစဉ်းစားပြီး တခြားအဖွဲ့ဝင်တွေနဲ့ဆက်ဆံရေးပိုမိုကောင်းအောင်လုပ်ဆောင်သင့်ပါတယ်။ အဲ့ဒါတွေဟာ စိန်ခေါ်မှုတစ်ရပ်ကိုရှာဖွေပြီး အချက်အလက်တွေကိုတိုးတက်အောင်ကြိုးစားရန်ရည်ရွယ်တဲ့ Self-coaching ဖြစ်ပါတယ်။ တခြားတစ်ဖက်အနေနနဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဟာ အဖွဲ့၀င်များမိမိကိုယ်ကိုဝေဖန်ခြင်း (Self-criticism) မပြုရန် ဂရုပြုဖို့လိုအပ်ပါတယ်။ Self-criticism ဆိုတာဟာ “ငါဟာပျင်းရိတာပဲ၊ ငါဟာရူးတာပဲ” စတဲ့ မိမိကိုယ်ကို မကောင်းတဲ့အမြင်နဲ့မြင်တဲ့အတွေးမျိုးဖြစ်ပါတယ်။ ဒီအတွေးတွေဟာ ကိုယ့်ကိုယ်ကိုပျက်စီးစေတတ်တဲ့အပြုအမူမျိုးတွေဖြစ်ပြီး အဲ့လိုအတွေးတွေမှာအပြုသဘောဆောင်တဲ့ စိတ်အားထက်သန်မှုတွေမပါဝင်ပါဘူး။ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဟာ စွမ်းရည်မြှင့်တင်မှုအတွက် အဖွဲ့၀င်တစ်ယောက်က ဘယ်လိုအချက်တွေတိုးတက်အောင်လုပ်နိုင်မလဲဆိုတာကိုရှာဖွေရန်ကူညီလိမ့်ပါလိမ့်မယ်။ ဒီအချက်ဟာ မိမိကိုယ်ကိုဝေဖန်မှုများဖြစ်ပေါ်စေတဲ့ အခြားအဖွဲ့ဝင်များနဲ့နှိုင်းယှဉ်ခြင်းထက် မိမိကိုယ်ကိုပိုပြီးအာရုံစိုက်နိုင်ပါတယ်။
ဥပမာ အဖွဲ့ဝင်တစ်ဦးက က “ကျွန်တော့်မှာဖန်တီးနိုင်စွမ်းမရှိဘူး” လို့ ပြောလာခဲ့ရင် ဒါဟာ သူ့ကိုယ်သူ တခြားသူများနဲ့ ယှဉ်ပြီးမြင်ကြည့်လို့ဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ အဖွဲ့ခေါင်းဆောင်ဟာ သူဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ခဲ့တယ်၊ အဲ့ဒီ့အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေကိုပြောပြီး အားပေးနိုင်ပါတယ်။ အဖွဲ့ခေါင်းဆောင်တွေဟာ အဖွဲ့ဝင်တွေဒီလိုခက်ခဲတဲ့အခြေအနေကိုကျော်ဖြတ်ဖို့ဘာတွေလုပ်သင့်တယ်ဆိုတာကိုပြောပြသင့်ပါတယ်။
သင်ရော သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ စိတ်ဓါတ်ကျအားငယ်နေတဲ့အခါဘယ်လိုနည်းလမ်းတွေနဲ့အားပေးစကားပြောလေ့ရှိသလဲ?