အဖွဲ့ခေါင်းဆောင်တွေအနေနဲ့အဖွဲ့သားတွေရဲ့စိတ်အားထက်သန်မှုကိုဘယ်လိုထိန်းသိမ်းမလဲ? Tip #3 လုပ်ဆောင်ချက်ကိုဦးဆောင်ပါ

27 January 2021


အလုပ်မှာအခက်အခဲတွေကြုံတွေ့ရတဲ့အခါ စိတ်ရှုပ်စရာတွေဖြစ်လာတတ်ပါတယ်။ အကယ်၍ အဖွဲ့သားတစ်ယောက်ယောက်က Negative Feeling တွေခံစားနေရတယ်ဆိုရင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပူပေါင်းဆောင်ရွက်ပြီး တိုးတက်အောင်ကြိုးစားခြင်းဖြင့်ထိန်းသိမ်းထားနိုင်ပါတယ်။ အတိအကျပြောရရင်တော့ ဝန်ထမ်းတစ်ယောက်ရဲ့ Negative Feeling တွေကြောင့် တခြားအဖွဲ့ဝင်တွေအပေါ်ကိုပါအဆိုးမြင်အတွေးတွေသက်ရောက်စေနိုင်တဲ့အတွက် တချို့အဖွဲ့ခေါင်းဆောင်တွေက ထိုဝန်ထမ်းကို “ပြဿနာတစ်ခု” လို့မှတ်ယူတတ်ကြပါတယ်။ သို့သော်လည်း Negative Feeling တွေကနေ Positive Motivation အဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ အဲ့ဒီ့ဝန်ထမ်းကို Positive အတွေးနဲ့ပြန်တွေးနိုင်အောင်ကူညီပေးနိုင်ပါတယ်။ ၀ န်ထမ်းများကို စိတ်ပြောင်းလဲစေနိုင်တဲ့အချက်မှာ ဘယ်လိုကောင်ကျိုးတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေပြောပြခြင်းဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ ဝန်ထမ်းတွေရဲ့ Negative Feeling တွေကို ပြောင်းလဲပစ်စေနိုင်ဖို့အတွက် အပြုသ‌ဘောဆောင်တဲ့ပြောဆိုဆွေးနွေးခြင်း ၃ချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
 
Tip #3 လုပ်ဆောင်ချက်ကိုဦးဆောင်ပါ
 
လူတွေဟာ Negative Points တွေကိုပဲအာရုံစိုက်နေပြီး အဲ့ဒီ့အကြောင်းတွေပဲပြောနေမယ်ဆိုရင် သူတို့ကတစ်ယောက်နဲ့တစ်ယောက် စာနာမှုရှိတယ်လို့ခံစားရပြီး Social Connection ရှိတယ်လို့ခံစားကြပါလိမ့်မယ်။ ဒါပေမယ့် ကံဆိုးတာကတော့အဲ့ဒီလိုပြောနေတာက ဘာမှအကျိုးမပေးပါဘူး။ ကောင်းတဲ့လုပ်ဆောင်ချက်တွေအပေါ်မှာအာရုံစိုက်ခြင်းက ပိုအရေးကြီးပါတယ်။ ထိုအချိန်မှာ အဖွဲ့ခေါင်းဆောင်ဟာ အဖွဲ့ဝင်များအား ဆက်လက်လုပ်ဆောင်တာနဲ့ အရှုံးပေးလိုက်တာရဲ့ အနာဂတ်မှာဖြစ်လာမယ့်ကွာခြားချက်တွေကဘာတွေလဲဆိုတာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဟာ အဖွဲ့ဝင်တွေကို ဆက်လက်လုပ်ဆောင်တာနဲ့ အရှုံးပေးလိုက်တာ နှစ်ခုလုံးရဲ့အခြေအနေမှာ ဘယ်လိုခံစားနေရလောက်မလဲဆိုတာကို စိတ်ကူးကြည့်ဖို့ပြောသင့်ပါတယ်။ ဥပမာ – သင်ဟာဆက်လက်မလုပ်ဆောင်ပဲ စိတ်ပျက်လက်ပျက်နဲ့အရှုံးပေးလိုက်မယ်ဆိုရင် နောက်၃လမှာ သင်ဘယ်လိုအခြေအနေရောက်နေမယ်ထင်သလဲ? အကယ်၍ အဖွဲ့ဝင်က အဲ့ဒီ့အခြေအနေမှာ အဆိုးတွေဖြစ်နေမယ်လို့စိတ်ကူးယဉ်နိုင်မယ်ဆိုရင် သင့်အနေနဲ့ “အကယ်၍ ဆက်လက်လုပ်ဆောင်ပြီး ကြိုးစားမယ်ဆိုရင် နောက်၃လမှာ ဘယ်လိုအခြေအနေရောက်နေမလဲ?” ဆိုတဲ့နောက်ထပ်မေးခွန်းထပ်မေးနိုင်ပါတယ်။ အဲ့လိုမေးမြန်းဆွေးနွေးခြင်းဖြင့် သူတို့ရဲ့စိတ်ကိုပြောင်းလဲနိုင်စေပါတယ်။
သင်ရော သင့်ရဲ့လုပ်‌ဖော်ကိုင်ဖက်တွေ စိတ်ဓါတ်ကျအားငယ်နေတဲ့အခါဘယ်လိုနည်းလမ်းတွေနဲ့အားပေးစကားပြောလေ့ရှိသလဲ?