ကျွန်ုပ်တို့သည်စီမံကိန်းတစ်ခုအတွက်အလုပ်လုပ်ပေးတဲ့အခါ (သို့မဟုတ်) ပါဝင်လုပ်ကိုင်တဲ့အခါ မည်သို့မည်ပုံအလုပ်လုပ်သည်ဖြစ်ဖြစ်၊ မည်သည့်အဖွဲ့အစည်းပုံစံဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုနဲ့ သက်ဆိုင်နေရမှာပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတိုင်းရဲ့ဖွဲ့စည်းပုံတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ၄င်းတို့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာများရှိပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လုပ်ကိုင်နေတဲ့ကုမ္ပဏီရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုနားလည်ရန်နဲ့ တန်ဖိုးရှိသောစွမ်းဆောင်ရည်ကို မည်သို့ထုတ်လုပ်နိုင်မလဲဆိုတာကိုစဉ်းစားရန်လိုအပ်ပါတယ်။ ဒီ Post မှာတော့ အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ ၄ခုကို မိတ်ဆက်ပေးမှာဖြစ်တဲ့အတွက် ၎င်းတို့ကိုသင့်ရဲ့ကုမ္ပဏီနဲ့နှိုင်းယှဉ်ကြည့်ပါ။
ဒါဆိုရင် အောက်မှာပါတဲ့အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်နော်!!
[Functional Organizational Structure]
ဒီဖွဲ့စည်းပုံကတော့ အခြေခံကျတဲ့ဖွဲ့စည်းပုံအမျိုးအစားဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာတော့ ဌာနခွဲများစွာရှိပါတယ်။ Sales department, marketing department, IT department, Finance department စသဖြင့် ဌာနခွဲတိုင်းမှာအလားတူစွမ်းရည်ရှိသူတွေရှိကြပါတယ်။
[Multi-Divisional Organization]
ဒီအဖွဲ့အစည်းပုံစံမှာတော့ အခွဲတွေအများကြီးရှိပါတယ်။ အလားတူထုတ်ကုန်၊ ၀န်ဆောင်မှု (သို့မဟုတ်) ပထဝီအနေအထားတည်နေရာတစ်ခုတည်းကိုအခြေပြုပြီးလုပ်ကိုင်ပါက အဖွဲ့အစည်းတစ်ခုမှာ ကွဲပြားခြားနားသောကျွမ်းကျင်မှုများရှိကြတဲ့ ၀န်ထမ်းများဟာအတူတကွအလုပ်လုပ်ကြပါတယ်။
[Project Oriented Organizational Structure]
ဒီဖွဲ့စည်းပုံအမျိုးအစားကတော့ စီမံကိန်းစတင်တဲ့အချိန်မှာပါ၀င်ပတ်သက်နေတဲ့အသင်းဝင်များမှဖန်တီးတဲ့အဖွဲ့အစည်းမျိုးဖြစ်ပါတယ်။ Project Manager တွေဟာ စီမံကိန်းကိုအဆုံးတိုင် အောင်မြင်စွာပြီးမြောက်ရန်အပြည့်အဝအခွင့်အာဏာရှိပါတယ်။ အချိန်ပြည့်အလုပ်လုပ်ရပြီး Budget အပေါ်ထိန်းချုပ်မှုရှိရပါမယ်။
[Matrix Organizational Structure]
ဒီဖွဲ့စည်းပုံအမျိုးအစားကတော့ functional နဲ့ project oriented ကိုပေါင်းစပ်ထားတဲ့ဖွဲ့စည်းပုံ (သို့မဟုတ်) functional နဲ့ multi-divisional တို့ပေါင်းစပ်ထားတဲ့ဖွဲ့စည်းပုံအမျိုးအစားဖြစ်ပါတယ်။ စားပွဲတစ်လုံးကို ဥပမာအနေနဲ့ပြချင်ပါတယ်။ ကျွန်ုပ်တို့ဟာဌာနအခွဲတစ်ခုခုနဲ့ သက်ဆိုင်နိုင်သလို တစ်ချိန်တည်းမှာပဲစီမံကိန်းတစ်ခုနဲ့လည်းသက်ဆိုင်နိုင်ပါတယ်။
Reference: Types of Organizational Structure | PM Study Circle