ဒီ Post မှာတော့ စီးပွားရေးလုပ်ငန်းရှင်များအားလုံး စိတ်ထဲထားရန်လိုအပ်တဲ့ ကုန်ကျစရိတ်ကိုသိရှိနားလည်ခြင်းဆိုင်ရာကျင့်ထုံးတစ်ခုအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။
သင့်ရဲ့လုပ်ဆောင်မှုအားလုံးရဲ့ကုန်ကျစရိတ်ကိုသင်သေချာသဘောပေါက်နိုင်ပါသလား?
မေးခွန်း – အလုပ်မှာအသုံးများဆုံးကုန်ကျစရိတ်ကဘာလို့သင်ထင်ပါသလဲ ?? ကျေးဇူးပြုပြီးမှတ်ချက်ပေးပါ၊ အခြားသူများနဲ့ သင်ရဲ့အတွေးအခေါ်များကိုမျှဝေဆွေးနွေးပါ !!
[ကုန်ကျစရိတ်ကိုသိရှိနားလည်ခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်]
Cost Awareness ရဲ့သဘောကတော့ အလုပ်ကုန်ကျစရိတ်ကိုအသိအမှတ်ပြုရန်၊ မလိုအပ်တဲ့အသုံးစရိတ်များကို save လုပ်ပြီး ထိရောက်စွာလုပ်ဆောင်တတ်ရန်ဖြစ်ပါတယ်။
ဒါဟာ အနည်းဆုံးကုန်ကျစရိတ်နဲ့ အကြီးမားဆုံး၊ အကောင်းဆုံးသောစွမ်းဆောင်မှုများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါတယ်။
[Points of Cost]
လုပ်ငန်းတစ်ခုမှာ ငွေသာမကပဲ အချိန်ဟာလည်းအလွန်အရေးကြီးပါတယ်။
လှုပ်ရှားမှုအားလုံးအတွက်ကုန်ကျစရိတ်အချို့လိုအပ်ပါတယ်။
သင်ဟာ cost awareness မရှိပါက, အလုပ်ရဲ့ကုန်ကျစရိတ်တိုးမြှင့်နေခြင်းကိုရပ်တန့်နိုင်မှာမဟုတ်ပါဘူး။
[4 – ကုန်ကျစရိတ်ဖြုန်းတီးခြင်းကိုရှောင်ရှားရန်နည်းလမ်း ၄ခု]
1. အလုပ် (သို့) အရာများရဲ့ ရည်ရွယ်ချက်ကိုနားလည်ရန်
2. သင့်ရဲ့ကိုယ်ပိုင်အခန်းကဏ္ဍကိုရှင်းလင်းစွာနားလည်ရန်
3. နည်းလမ်းများ (သို့) အစီအစဉ်များပြုလုပ်ရန်
4. ပြဿနာကြုံတွေ့ရတဲ့အခါအခြားသူတွေရဲ့အကူအညီဖို့ ဝန်မလေးရန်
[စုဆောင်းခြင်း၏အကျိုးကျေးဇူးများ]
သင့်အတွက်အရေးကြီးသောအရာတစ်ခုအတွက် (သို့မဟုတ်) သင့်ရဲ့တိုးတက်မှုအတွက်ငွေပိုသုံးနိုင်ခြင်း
ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်အတွက် သင့်စိတ်ကို ရှင်းလင်းနိုင်ခြင်း
အချိန်နှင့်အမျှသင်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်စေရန်