အလုပ်ခွင်တွင်ဘေးကင်းရန်အတွက်အခြေခံကျပေမယ့် မရှိမဖြစ်လိုအပ်သောသဘောထား
1 December 2020
ဒီ post မှာတော့ စီးပွားရေးလုပ်ငန်းရှင်များအားလုံးသတိထားရမယ့်အပြုအမူစည်းမျဉ်းများဖြစ်တဲ့ Safety Awareness အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။
အလုပ်ခွင်ဖြစ်နိုင်ခြေရှိတဲ့ မတော်တဆမှုများကို သင်ဘယ်လောက်အလေးထားသလဲ?? သင်ဟာလူ့ဘေးအန္တရာယ်အပြင် သဘာဝဘေးအန္တရာယ်အတွက်ရောကြိုတင်ပြင်ဆင်ထားတတ်ပါသလား ?? သင်ရဲ့ ပေါ့ဆမှုလေးတစ်ခုကြောင့်လည်း ပြဿနာအကြီးကြီးဖြစ်သွားနိုင်ပါတယ်။

[Safety Awareness ရဲ့ အဓိပ္ပါယ်]
Safety Awareness ဆိုတာကတော့ ဖြစ်နိုင်ချေရှိတဲ့မတော်တဆမှုများအတွက် သတိရှိခြင်းနှင့်အတူအလုပ်လုပ်သောသဘောထားဖြစ်ပါတယ်။
၎င်းတို့ကိုအဓိကအားဖြင့်အမျိုးအစားနှစ်မျိုးခွဲခြားထားပါတယ် – တစ်ခုမှာသဘာဝဘေးအန္တရာယ်ဖြစ်ပြီး၊ နောက်တစ်ခုမှာလူ့ဘေးအန္တရာယ်ဖြစ်ပါတယ်။

[မတော်တဆမှုများအတွက် ဥပမာများ]
သဘာဝဘေးအန္တရာယ်တွေဆိုတာကတော့ ဆိုင်ကလုန်း၊ ဟာရီကိန်း၊ တိုင်ဖွန်း၊ ရေကြီးမှု၊ ငလျင်လှုပ်ခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်မားခြင်း တို့ဖြစ်ပြီး၊ လူ့ဘေးအန္တရာယ်များမှာ ယာဉ်တိုက်မှု၊ စစ်၊ အကြမ်းဖက်မှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊
အလုပ်သမားမတော်တဆမှုများစသည်တို့ဖြစ်ပါတယ်။ သို့သော် သင်လုံလောက်စွာမပြင်ဆင်နိုင်လျှင်ထိုမတော်တဆမှုများကြောင့်ဖြစ်လာတဲ့ ပြဿနာတွေဟာ သင်စိတ်ကူးထားတာထက် ပိုပြီးလေးနက်လာပါလိမ့်မယ်။

[Safety Awareness ထားရှိသင့်သည့်အကြောင်းရင်းများ]
ယခုသင်ဟာ Safety Awareness ကိုသတိမပြုမိခြင်းရဲ့ အန္တရာယ်တွေကို သိရှိပြီးဖြစ်ပါက Safety Awareness ရဲ့ အကျိုးကျေးဇူးများကိုအောက်တွင်ဖော်ပြပေးထားပါတယ်။
လုပ်ငန်းခွင်အတွင်းမတော်တဆမှုများကိုလျှော့ချပါ
သင်အဖွဲ့ရဲ့ကုန်ထုတ်စွမ်းအားကိုတိုးမြှင့်ပါ
သင့်ကျန်းမာရေးကိုပိုမိုဂရုစိုက်ပါ
ရေရှည်အတွက်ကုန်ကျစရိတ်သက်သာအောင်ပြုလုပ်ပါ
Reference:
(1) EHSInsight (https://www.ehsinsight.com/blog/is-safety-awareness-really-that-important)
(2) CareerMetis.com (https://careermetis.com/10-key-benefits-of-providing-health-and-safety-training-for-employees/)