အားလပ်ချိန်ပိုယူခြင်းဖြင့်ပျော်ရွှင်အောင်နေပါ

4 February 2021

ဒီ Post မှာတော့ ကျွန်ုပ်တို့ရဲ့အချိန်ကိုစီမံခန့်ခွဲခြင်းနဲ့ အားလပ်ချိန်ပြုလုပ်ခြင်းဖြင့် ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတဲ့နည်းလမ်းတွေကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ စီးပွား‌ရေးသမားတစ်ဦးအနေနဲ့ နေ့စဉ်နေတိုင်းအလုပ်တွေအများကြီးရှိကြပြီး တချို့ကတော့သူတို့ရဲ့နေ့စဉ်ဘဝကိုအလုပ်လုပ်တာနဲ့ပဲကုန်ဆုံးကြပါတယ်။ သို့သော်လည်း ဟားဗတ်စီးပွားရေးကျောင်းမှ ပါမောက္ခ Ashley Whillans ရဲ့သုတေသနအရ ကျွန်ုပ်တို့တွေဟာအားလပ်ချိန်မပြုလုပ်ဘူးဆိုရင်တော့ ပိုပြီးပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အောက်ပါအချက်များကို ကိုးကားပြီး သင့်ရဲ့ပျော်ရွှင်မှုကိုအချိန်ပိုပေးနိုင်ရန်ကြိုးစားပါ။ သင်ပိုမိုလေ့လာလိုတယ်ဆိုရင်တာ့ အောက်ပါ References တွေကနေလေ့လာနိုင်ပါတယ်။

[အရေးကြီးသောအလုပ်ကိုဦစားပေးပြီး အနှောက်အယှက်တွေကိုဘေးဖယ်ထားပါ]

စစ်တမ်းများအရ ကျွန်ုပ်တို့ဟာ အစည်းအဝေးတွေအတွက် တစ်ပါတ်ကို ၂၃နာရီလောက်အချိန်ဖြုန်းရတတ်ကြပါတယ်။ နောက်ထပ်သုတေသနတစ်ခုအနေဖြင့် ကျွန်ုပ်တို့ပြန်လည်စတင်ပြီးနောက် အလုပ်ကိုပြန်လည်အာရုံစိုက်ရန်အနည်းဆုံး ၁၉ မိနစ်လိုအပ်ကြောင်းဖော်ပြခဲ့ပါတယ်။ ထို့ကြောင့်ကျွန်ုပ်တို့သည်စိန်ခေါ်မှုအရှိဆုံးသို့မဟုတ်ခက်ခဲသောအလုပ်တစ်ခုကို တစ်ရက်အတွင်းအပြီးသတ်နိုင်ရန် ကျွန်ုပ်တို့ရဲ့လုပ်ငန်းအရေးပါမှုကို အခြေခံပြီးဦးစားပေးသင့်ပါတယ်။ Whillans က ခိုင်လုံတဲ့ဆုံးဖြတ်ချက်နှစ်ခုကိုအကြံပြုပါတယ်။ တစ်ခုမှာ နံနက်ခင်းကဲ့သို့ကျွန်ုပ်တို့ရဲ့စွမ်းအင် မြင့်တက်နေတဲ့အခါ Appointment ပြုလုပ်ခြင်းကိုရှောင်ကြဉ်ရန်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျန်ုပ်တို့ရဲ့အလုပ်ချိန်မှာ ဖိအားများစေနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့တောင်းဆိုမှုတွေကို ငြင်းပယ်ရန်ဖြစ်ပါတယ်။ သင်ရဲ့နေ့စဉ်အလုပ်သို့ချဉ်းကပ်နည်းကိုပြန်လည်စဉ်းစားရန်ကြိုးစားပါ။

[လိုအပ်ပါက Deadline ကိုတိုးပေးရန်တောင်းဆိုပါ]

ဒါဟာနည်းနည်းထူးဆန်းနိုင်ပေမယ့် တချို့သူတွေအတွက် အလုပ်ကိုအချိန်မီပြီးအောင်လုပ်နိုင်မယ်လို့မထင်တဲ့အခါ Supervisor တွေကို Deadline အတွက်အချိန်ထပ်တိုးပေးဖို့တောင်းဆိုသင့်ပါတယ်။ ကံကောင်းစွာနဲ့ လေ့လာမှုတစ်ခုအရ Supervisor တွေဟာ ကျွန်ုပ်တို့ရဲ့ Deadline တိုးချဲ့တောင်းဆိုမှုကိုလက်ခံလေ့ရှိကြပါတယ်။ ထို့အပြင်ကျွန်ုပ်တို့ဟာ ပိုမိုမြင့်မားတဲ့ရလဒ်တွေကိုထုတ်လုပ်ရန်ဆန္ဒရှိတယ်လို့ သူတို့ထင်တဲ့အတွက် ကျွန်ုပ်တို့အား Motivated Worker များအဖြစ်သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် Deadline ရက်ကိုတိုးမြှင့်ဖို့တောင်းဆိုခြင်းဖြင့် ကျွန်ုပ်တို့အတွက်ကောင်းကျိုးနှစ်ခုရရှိနိုင်မှာဖြစ်ပါတယ်။

[ပြဿနာများကိုဖြေရှင်းဖို့ငွေရင်းနှီးမြှုပ်နှံပါ]

လူတိုင်းဟာ အလုပ် ဒါမှမဟုတ် အိမ်မှုကိစ္စတစ်ခုခုမှာချို့တဲ့သူတွေရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်ကျိုးစီးပွားဖြစ်ထွန်းဖို့အတွက်ကိုပိုက်ဆံသုံးသင့်ပါတယ်။ ဥပမာ – ကျွန်ုပ်တို့ဟာ အလွယ်တကူမပြီးနိုင်တဲ့အလုပ်တွေကို outsource လုပ်နိုင်ပါတယ် မဟုတ်ရင်တော့ပြီးစီးရန်အချိန်များစွာလိုအပ်ပါတယ်။ အကျိုးကျေးဇူးများမရရှိနိုင်သောအိမ်မှုကိစ္စများကိုကျော်သွားနိုင်ရန်အတွက် ကျွန်ုပ်တို့အနေနဲ့ Housekeeping ၀ န်ဆောင်မှုကိုသုံးနိုင်ပါတယ်။ ဒါတွေဟာ ချမ်းသာတဲ့သူတွေအတွက်ပဲလို့သင်ထင်ကောင်ထင်နိုင်ပါတယ်။ ဒါပေမယ့် သင်ဟာအားလပ်ချိန်ပိုထွက်အောင်လုပ်နိုင်မယ်ဆိုရင်တော့ ဒီနည်းလမ်းက သင့်ကိုပျော်ရွှင်စေမှာပါ။

[သင်ရဲ့အားလပ်ချိန်များကိုခံစားပါ]

ကျွန်ုပ်တို့ဟာ အားလပ်ချိန်ပိုရသော်လည်း အခြားလုပ်ဆောင်မှုများကိုကျွန်ုပ်တို့စွဲကိုင်ထားရင်တော့ မလန်းဆန်းလာနိုင်ပါဘူး။ ကျွန်ုပ်တို့ဟာ အားလပ်ချိန်တွေကို တတ်နိုင်သလောက်ပျော်ရွှင်စွာအသုံးချရပါမယ်။ အချို့လူများက အားလပ်ချိန်မှာအနားယူနေမယ့်အစား လုပ်ဆောင်နိုင်လောက်မယ့်စီးပွားရေးတန်ဖိုးကို ကျွန်ုပ်တို့ရဲ့ ပျော်မွေ့မှုနှင့်နှိုင်းယှဉ်လေ့ရှိသော်လည်း စီးပွားရေးတန်ဖိုးဟာကျွန်ုပ်တို့ရရှိသွားမယ့် ပျော်ရွှင်မှုနဲ့ကိုတိုင်းတာလို့မရပါဘူး။ ဒါကြောင့် အားလပ်ချိန်ကိုအသိအမှတ်ပြုပြီးပျော်မွေ့စွာနေပါ။

Reference:
“Time Smart: How to Reclaim Your Time and Live a Happier Life”
(Amazon Link: https://www.amazon.co.jp/Time-Smart-Reclaim-Your-Happier/dp/1633698351)

Want to Be Happier? Make More Free Time – Harvard Business School Working Knowledge (hbs.edu)
(https://hbswk.hbs.edu/item/want-to-be-happier-make-more-free-time)