၂၀၂၁ကို သင်ဘယ်လိုဖြတ်သန်းချင်ပါသလဲ?

30 December 2020

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေတုန်းက ၂၀၂၀ ကို ပြန်ပြီးကြည့်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ အနာဂတ် “၂၀၂၁” ကိုတွေးကြည့်မှာဖြစ်ပါတယ်! နှစ်အစထဲက ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ထားခြင်းက နှစ်တစ်နှစ်လုံးကိုပြည့်စုံစေဖို့ထိ‌အထောက်အကူပြုစေပါတယ်။
 
“Try” ဆိုတဲ့ အချက်မှာပြောသွားခဲ့တဲ့အကြောင်းအရာတွေက သင့်ရဲ့ ၂၀၂၁ မှာထားရှိမယ့် ရည်မှန်းချက်ပန်းတိုင်အတွက် အခြေကောင်းကောင်းဖြစ်နိုင်ပါတယ်။ နောက်နှစ်အတွက် ပန်းတိုင်တွေကိုအောက်မှာဖော်ပြထားတဲ့အတိုင်း တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။

[၂၀၂၁ အတွက်ရည်မှန်းချက်ထားရှိခြင်း]
Step 1 – ဘယ်လိုရည်မှန်းချက်ပန်းတိုင်မျိုးသင်ထားရှိချင်ပါသလဲ?
ပထမဦးစွာ သင်ထားသတ်မှတ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကိုသင်ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာ – သင့်ရဲ့အလုပ်၊ လူတွေနဲ့ပြောဆိုဆက်ဆံခြင်း၊ သင့်ရဲ့ဝါသနာတွေ၊ မိသားစုနဲ့ပတ်သက်တာတွေ၊ သင့်ကိုယ်သင်တိုးတက်အောင်လုပ်ချင်တဲ့အရာတွေ စတာတွေပဲဖြစ်ပါတယ်။ သင့်ရဲ့ “Try” List ထဲကနေလည်းရွေးချယ်နိုင်ပါတယ်။

Step 2 – သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိရန်တိုးတက်အောင်လုပ်ပါ
သင်ရဲ့ရည်မှန်းချက်ကိုထိရောက်စွာသတ်မှတ်ရန် ရှုထောင့် ၄ ခုမှသင်စစ်ဆေးနိုင်ပါတယ်။
[တိကျသော] သင်ရည်မှန်းချက်ကိုကိန်းဂဏန်းများဖြင့်ပြသပါသလား?
[တိုင်းတာနိုင်သော] သင်ရဲ့ရည်မှန်းချက်ဟာတိကျတဲ့ရလဒ်ကိုဆုံးဖြတ်ပေးနိုင်သလား?
[လက်တွေ့ကျသော] သင်ရဲ့ရည်မှန်းချက်အောင်မြင်နိုင်ဖို့လက်တွေ့ကျသလား?
[အချိန်နှင့်ဆက်စပ်သော] သင်ရည်မှန်းချက်ကိုဘယ်တော့လောက်အောင်မြင်အောင်လုပ်နိုင်မှာလဲ?

Step 3 – သင်ရဲ့ရည်မှန်းချက်အောင်မြင်ရန်သင်လုပ်ဆောင်နိုင်သည့်လုပ်ဆောင်မှုကိုစဉ်းစားပါ
 
Tip 1: သင့်ရဲ့ Motivation ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်သူငယ်ချင်းများနှင့်မျှဝေပါ
Tip 2: ပြောင်းလွယ်ပြင်လွယ်အစီအစဉ်ကိုသတ်မှတ်ပါ