#1 ဒီနေ့ဘယ်သူအလုပ်မလုပ်ချင်ကြတာလဲ?

18 January 2021


ကျွန်ုပ်တို့အားလုံးသည်တစ်ခါတစ်ရံ Partners များနဲ့ စကားများရန်ဖြစ်ခြင်း၊ မတော်တဆအပျက်သဘောဆောင်သောအရာကဲ့သို့ ပြဿနာများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုပြဿနာတွေရင်ဆိုင်ရတဲ့အခါ နောက်တစ်နေ့မှာအလုပ်မသွားချင်တာ၊ အလုပ်မလုပ်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီအရာမျိုးဟာ ကျွန်တော်တို့အားလုံးဘဝမှာ တစ်ခါတစ်ရံကြုံတွေ့ရတတ်တဲ့အရာမျိုးတွေဖြစ်ပါတယ်။ အဲ့လိုအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်ပြီး အလုပ်ကိုလန်းလန်းဆန်းဆန်းဘယ်လိုပြန်လုပ်မလဲ? တနင်္လာနေ့ကနေဗုဒ္ဓဟူးနေ့ထိ သုံးရက်အတွင်းမှာ ဒီလိုပြဿနာတွေကိုဘယ်လိုကျော်ဖြတ်ရမယ်ဆိုတဲ့ အကြံပြုချက် ၅ ချက်ကိုကျွန်ုပ်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

(1) နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကိုအာရုံစိုက်ပါ
လစဉ်သတင်းလွှာလက်ရေးမူများရေးခြင်းကဲ့သို့ ကျွန်ုပ်တိုရဲ့ To-do list ထဲက လုပ်နေကြအရာတွေကိုရွေးချယ်ပြီးလုပ်နိုင်ပါတယ်။ လုပ်နေကြအလုပ်တွေကိုလုပ်ခြင်းကထိရောက်ရတဲ့အကြောင်းအရင်းကတော့ ကျွန်ုပ်တို့တွေဟာ အဲ့ဒီ့အလုပ်တွေကိုအလွတ်ရနေတဲ့အတွက် စိတ်ဖိစီးမှုမများစေပဲအာရုံစိုက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ အလုပ်တွေပြီးသွားတဲ့နောက်မှာတော့ သင်စိတ်ကျေနပ်မှုရရှိနိုင်မှာဖြစ်ပါတယ်။