#2 ဒီနှစ်မှာမျှော်မှန်းထားတဲ့ပန်းတိုင်တွေဘယ်လိုအောင်မြင်နိုင်မလဲ?

6 January 2021


ဒီနေ့ post ကမနေ့ကပြောပြသွားတဲ့ Post ရဲ့ အဆက်ဖြစ်ပါတယ်။ သင်ရဲ့ရည်မှန်းချက်အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ နောက်ထပ်အချက်သုံးချက်ကိုကျွန်ုပ်တို့မျှဝေထားပါတယ်။


Tip 4 – အကောင်းမြင်ခြင်းနှင့်လက်တွေ့ဆန်သောအပြုအမူ
ရည်မှန်းချက်အောင်မြင်ရန် အပြုသဘောဆောင်တဲ့စိတ်ရှိရန်လိုအပ်ပါတယ်။ သင့်ရဲ့အောင်မြင်မှုကိုရရှိသွားတဲ့မြင်ကွင်းကို သင်မြင်ယောင်ကြည့်နိုင်ပါတယ်။ အခြားတစ်ဖက်မှာ‌တော့ အကောင်းမြင်စိတ်ရှိရန်သာမက ကျိုးကြောင်းဆီလျော်တဲ့ကြိုးစားအားထုတ်မှုများ၊ အစီအစဉ်များနှင့်သည်းခံခြင်းတို့လိုအပ်ပါတယ်။


Tip 5 – အလွန်အကျွံမလုပ်ဆောင်ပါနဲ့
ကျွန်ုပ်တို့ရဲ့ အလုပ်လုပ်ချင်တဲ့စိတ်ဆိုတာဟာလည်း အကန့်အသတ်နဲ့ပဲရှိတာဖြစ်ပါတယ်။ ဒါကြောင့်လူတွေဟာ လုပ်ဆောင်ချက်အသစ်နှစ်ခုကို တစ်ချိန်တည်းမှာမစသင့်ပါဘူး။


Tip 6 – သင်ဘာလုပ်သင့်တယ်ဆိုတာကိုစဉ်းစားပါ
မလုပ်သင့်တဲ့အရာတွေကိုစဉ်းစားနေတာထက် ဘာလုပ်သင့်တယ်ဆိုတာကိုစဉ်းစားခြင်းက ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ဥပမာအားဖြင့်၊ သင့်ရဲ့ရည်မှန်းချက်က ကိုယ်အလေးချိန်ကျဖို့ဆိုရင် တစ်ခုခုကိုမစားသင့်ဘူးလို့တွေးနေတာထက် weight ကျအောင်လေ့ကျင့်ခန်းလုပ်ဖို့တွေးနေတာမျိုးဖြစ်ပါတယ်။
 
အခုပြောပြသွားတဲ့ Tips တွေထဲမှာမှ သင်လိုက်လုပ်နှင့်ပြီးသားအချက်တွေရှိပါသလား? မရှိသေးရင် အခုပြောပြသွားတဲ့ Tips လေးတွေအတိုင်းလိုက်လုပ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုဖြစ်လာအောင်ကြိုးစားလိုက်ပါနော်…