ဒီနှစ်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ပြီး Bullet List လုပ်ဖို့အတွက်ကို မနေ့က ပြောပြခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ၂၀၂၀ ကိုနားလည်စေဖို့အတွက်အချက်တွေကို စုစည်းပေးထားပါတယ်။
[နောက်ကြောင်းပြန်ကြည့်ခြင်း #2]
မနေ့ကတင်ထားတဲ့ Post အပေါ် အခြေခံပြီး ‘Keep’, Problem’, and ‘Try’ ဆိုတဲ့ရှုထောင့်သုံးခုကနေပြီး ၂၀၂၀ မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်စုစည်းနိုင်ပါတယ်။
[Keep]
၂၀၂၀ မှာဖြစ်ခဲ့တဲ့ ကောင်းသောအရာတွေကဘာတွေလဲ? ဥပမာအားဖြင့် သင်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့တဲ့အရာတွေ၊ ရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ ပျော်စရာတွေကို List လုပ်ပါ။ အဲ့ဒီ့ထဲကမှ အကောင်းဆုံး ၃ခုကိုရွေးပါ။
[Problem]
၂၀၂၀ မှာဖြစ်ခဲ့တဲ့ဆိုးတဲ့အရာတွေကဘာတွေလဲ? ဥပမာအားဖြင့် ကျရှုံးမှုများနဲ့နောင်တများ၊ သင်လက်လျှော့အရှုံးပေးလိုက်တဲ့အရာတွေကို List လုပ်ပါ။ အဲ့ဒီ့ထဲကမှ သင့်အတွက်အဆိုးဆုံး ၃ခုကိုရွေးပါ။
[Try]
“Problem” ဆိုတဲ့ထဲက သင်ဘယ်အရာကိုနောက်နှစ်မှာပြင်ဆင်ချင်သလဲ?
“Keep” ဆိုတဲ့ထဲက သင်ဘယ်အရာကိုနောက်နှစ်မှာ တိုးတက်အောက်ဆက်လုပ်သွားချင်သလဲ?
နောက်နှစ်ထဲမှာ သင်ဘယ်လိုအသစ်အသစ်သောအရာတွေကို စမ်းလုပ်ကြည့်သွားချင်သလဲ?
Tip: “Keep”, “Problem”နဲ့ “Try” ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး သင့်ရဲ့ လူမှုဆက်ဆံရေး၊ အလုပ် စတာတွေမှာ သင်လိုအပ်ရင်လိုအပ်သလို ခေါင်းစဉ်တွေခွဲပြီး ပြန်လည်သုံးသပ်နိုင်ပါတယ်။