LinkedIn ၏အစီရင်ခံစာအရ Digital Fluency သည် အနာဂတ်၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့် စွမ်းရည် နှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ MS office မှ အဆင့်မြင့် ဉာဏ်ရည်တုအထိ အရာ အားလုံး ပါဝင်သည့် တိုးများလာသော ဒစ်ဂျစ်တယ် လုပ်ငန်းခွင်အတွက် ထိထိရောက်ရောက် လည်ပတ်နိုင်ရန် လူတစ်ဦး ချင်းစီ၏ နည်းပညာကျွမ်းကျင်မှုကို ထင်ဟပ်စေသည်။ COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ လုပ်ငန်း အဖွဲ့ အစည်း များသည်မိမိတို၏ နေအိမ် လုပ်ငန်းတည်နေရာ၏ အဝေးမှတဆင့် အလုပ်လုပ်ဆောင်ရန် ပြောင်းလဲခဲ့ရပြီး ထိုပြောင်းလဲခဲ့ရသည့် အခြေအနေများအရ လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် လုပ်ငန်းအဖွဲ့အစည်း၏ တာဝန်ခွဲဝေလုပ်ဆောင်ရန်များကိုလည်း ဆိုးဝါးလာသည့် ကမ္ဘာကပ်ရောဂါ အခြေအနေများက ချင်းချင်းဆိုသလို ပြင်ဆင်ဖွဲ့စည်းရမည့် အခြေအနေထိသို့ တွန်းအားပေ ရောက်ရှိစေခဲ့သည်။ ထိုကြောင့် Digital နှင့် electronic ကိုအခြေခံသည့် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်များ များပြားလာခဲ့ပြီး၊ Java၊ JavaScript၊ Python၊ PHP နှင့် C++ ကဲ့သို့သော နာမည်ကြီး coding language များကို သင်ယူခြင်းသည် သင်၏အရည်အချင်းကို မြှင့်တင်ပေးပြီး လုပ်ငန်းအတွေ့အကြုံဆိုင်ရာ အရည်အချင်းကိုပါ ထပ်တိုး ဖြည့်စွက်ရာ ရောက်ပါသည်။
ယနေ့ခေတ်လုပ်ငန်းများတွင် ရေပန်းစားနေသော လမ်းကြောင်းတစ်ခုမှာ ဟိုက်ပါ-အော်တိုမက်တစ် စနစ်ဖြစ်သည်။ ထိုစနစ်မှာ AI ၊ low-code application platforms (LCAP)၊ robotic process automation (RPA) နှင့် virtual assistants တို့၏ အလိုအလျောက်လုပ်ဆောင်သွားသော နည်းပညာများကို အသုံးပြုကာ လုပ်ငန်းများ ၏ ရှုပ်ထွေးသော စီးပွားရေးလုပ်ငန်းစဉ်များနှင့် လည်ပတ်မှုများအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုနည်းပညာ များသည် မည်သည့် လုပ်ငန်းနယ်ပယ် တွင်မဆို IT နှင့် လုပ်ငန်းများ အသုံးပြုမှုဆိုင်ရာ ကိစ္စများ တွင် အသုံးဝင် စေမည့် လုပ်ငန်းစဉ်-မရှိသော ဆော့ဖ်ဝဲများဖြစ်သည်။ Hyper-automation အကြောင်း ပိုမို လေ့လာရန် RPA၊ LCAP နှင့် AI တွင် အွန်လိုင်းသင်တန်းများလည်း များစွာရှိနှင့်ပြီးဖြစ်ပါသည်။ Gartner Inc. ၏ အစီရင်ခံစာအရ၊ hyper-automation နည်းပညာများအတွက် စျေးကွက်သည် 2022 ခုနှစ်၏ နည်းပညာဈေးကွက် အကဲဖြတ်မှုတွင် $600 ဘီလီယံအထိ ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင်၊ နည်းပညာကျွမ်းကျင်သူများနှင့် အလိုအလျောက် စနစ်ဆိုင်ရာ စမ်းသပ်ကျွမ်းကျင်သူများသည် LinkedIn ၏ အစီရင်ခံစာအရ ထိပ်တန်းအလုပ်အကိုင် ၁၀ ခုတွင် နံပါတ် ၂ ဖြင့် ထိတန်းရောက်နေကြောင်း တွေ့ရှိရသည်။