အလုပ်ခေါ်စာများတွင် အလုပ်ရှင်များသည် Hard Skills နှင့် Soft Skills အရည်အချင်းများကို ပေါင်းစပ်ပြီး တောင်းဆိုလေ့ရှိသည်။ Hard Skill သည် သီးခြားနည်းပညာဆိုင်ရာ အသိပညာ လေ့ကျင့်မှုများနှင့် ဆက်စပ်နေ သော်လည်း Soft Skills မှာ အများအားဖြင့် ခေါင်းဆောင်မှု၊ ဆက်သွယ်မှု သို့မဟုတ် အချိန်စီမံခန့်ခွဲမှုကဲ့သို့သော ကိုယ်ပိုင်အရည်အချင်းများ ဖြစ်သည်။ ထိုကျွမ်းကျင်မှု နှစ်မျိုးစလုံးမှာ အလုပ်အများစုတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရည်အချင်းများ ပိုမိုတိုးတက်မြင့်မား လာစေရန်ဖြစ်ပါသည်။
Hard Skill နှင့် Soft Skill တို့၏ အဓိက ကွာခြားချက်များမှာ ၎င်းတို့ကို လုပ်ငန်းခွင်တွင် မည်သို့သင်ယူ အသုံးချနိုင်မည်နည်း။ Hard Skills ကျွမ်းကျင်မှုများကို ပညာရေး သို့မဟုတ် သီးသန့်လေ့ကျင့်မှုမှတဆင့် ရရှိလေ့ရှိသည်။ ၎င်းတို့တွင် အချို့သောစက်၊ ဆော့ဖ်ဝဲ သို့မဟုတ် အခြားကိရိယာကို အသုံးပြုနည်း ကဲ့သို့သော အရည်အချင်းများ ပါဝင်သည်။ Soft Skills စွမ်းရည်ကို သင့်ဘဝတစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်အောင် သင်ယူ လေ့ကျင့်လုပ်ဆောင်ခဲ့သည့် ပင်ကိုယ်စရိုက်လက္ခဏာများကို ဆန်းစစ်လေ့လာခြင်းဖြင့် ပို၍မြင်တွေ့ရတတ်သည်။ သင့်အချိန်ကို စီမံခန့်ခွဲခြင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်း သို့မဟုတ် ခက်ခဲသောအခြေအနေတစ်ခုကို ပထမဆုံးအကြိမ် ရင်ဆိုင် ရသည့်အခါများ အသုံးချနိုင်ရန်လိုပါသည်။
အောက်တွင်၊ hard နှင့် soft skills တစ်ခုစီ၏နမူနာများနှင့် သင်၏ resume နှင့် interview များတွင် သင့်အရည်အချင်းများကို မည်သို့ပေါ်လွင်အောင်ဖော်ပြရမည်ကို ရှင်းလင်းထားပါသည်။👇