သင်၏ CV သည် သင်၏ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို သင်အလုပ်လျှောက်မည့် အလုပ်ရှင်အား ရှင်းရှင်းလင်းလင်းပြသသင့်သည်။ အလုပ်ရှင်များတွင် အလုပ်လျှောက်ထားလာသော CV အများအပြား ရှိနိုင်သောကြောင့် သင်၏ အချက်အလက်များကို ထင်ရှားပေါ်လွင်စေရန် အရေးကြီးပါသည်။
သင်၏ယခင်ရာထူးများနှင့် သင်တာဝန်ယူထားသည့်တာဝန်များကို ရိုးရိုးရှင်းရှင်းဖော်ပြမည့်အစား အခန်းကဏ္ဍတစ်ခုစီတွင် သင့်အလုပ်ရှင်ဟောင်းအတွက် သင်အောင်မြင်ခဲ့သည့် ခိုင်မာသည့်အချက် 2-3 ချက်ကို သေချာစွာဖော်ပြသင့်သည်။ ဥပမာအားဖြင့် သင် ထိခဲ့သော Target များ သို့မဟုတ် သင်လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်အသစ်များကို ဖော်ပြနိုင်သည်။ ၎င်းသည် သင့်အလုပ်ရှင်ကို ၎င်းတို့၏ကုမ္ပဏီသို့ သင်ယူဆောင်လာမည့် သင်၏အရည်အချင်းကို ပြသသည်။
သင်၏ CV တွင် အရေးကြီးဆုံး အချက်အလက်သည် စာမျက်နှာ၏ ထိပ်ဘက်သို့ ပေါ်လာသင့်သည်။ ၎င်းတွင် သင့်လုပ်ငန်းခွင်၊ သက်ဆိုင်ရာ အရည်အချင်းများ သို့မဟုတ် အဘယ်ကြောင့် သင်သည် ဒီအလုပ်အတွက် အလွန်သင့်လျော်ကြောင်း တိုတိုတုတ်တုတ်ပြောပြသော ကိုယ်ရေးကိုယ်တာဖော်ပြချက်များ ထည့်ရေးနိုင်သည်။
သင့်အား အလုပ်အတွက် သင့်တော်သောလူအဖြစ် သတ်မှတ်ပါ။
သင် စိတ်ကြိုက်ပြင်ထားသော cover letter နှင့် CV ကို သင်စိတ်၀င်စားသော အလုပ်တိုင်းဆီသို့ ပို့ပြီး လျှောက်ထားရုံနှင့် အဆင်ပြေလိမ့်မည်ဟု သင်ထင်ကောင်းထင်နိုင်ပါသည်။ သို့သော်လည်း သင်လျှောက်မည့် အလုပ်တစ်ခုဆီတိုင်းအတွက် CV ကို ကိုက်ညီအောင် ပြင်ဆင်ပြီးမှ လျှောက်ထားသင့်သည်။
CV သည် ၀န်ထမ်းခန့်အပ်ခြင်းလုပ်ငန်းစဉ်၏ ပထမခြေလှမ်းသာဖြစ်သည်။ သို့သော် ၎င်းသည် ပရော်ဖက်ရှင်နယ်ဆန်စွာ ကောင်းမွန်စွာရေးထားသော CV မဟုတ်ပါက သင်သည် အင်တာဗျူးရနိုင်မည်မဟုတ်ပါ။ သင်မှန်ကန်စွာပြင်ဆင်ထားပါက အင်တာဗျူးရနိုင်မည့် အခွင့်အလမ်းကောင်းရှိပါသည်။