လုပ်ငန်းခွင်အတွင်း သေသပ်ကျနစွာ ဝတ်စားနေထိုင်ခြင်း၏ အရေးပါမှု (၁)

19 December 2022

ယနေ့ခေတ်ပြိုင်ဆိုင်မှု နှင့် ခေတ်မီစီးပွားရေးလောကတွင်၊ လုပ်ငန်းခွင် အတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန် သေသပ်ကျနသော အသွင်အပြင်နှင့် မိမိကိုယ်ကို ရင့်ကျက်တည်ငြိမ်သည့် အနေအထိုင်တို့ကို လေ့ကျင့်မွေးမြူထား နိုင်ရန် အလွန်အရေးကြီးပါသည်။ လူမှုဆက်ဆံရေးနှင့် ပရော်ဖက်ရှင်နယ် နယ်ပယ်များတွင် အချိန်တိုင်း သင့်ကိုအကဲဖြတ် ကြည့်ရှုသုံးသပ်ကြမည်ဖြစ်ပြီး ၊ လုပ်ငန်းခွင်တွင် ကောင်းမွန်စွာပြုစုပျိုးထောင်ရန် အတွက် အောက်ပါ အခြေခံလမ်းညွှန်ချက်များကို မှတ်သားထားရန်လိုသည်-

၁။စမတ်ကျ၍ ရင့်ကျက်တည်ငြိမ် နူးညံ့သောအရောင်ရှိသည့် အနောတိုင်းဝတ်စုံများကို ဝတ်ဆင်ပါ
၂။သင့်သွားနှင့် ခံတွင်း များ၊ လက်သည်းများ၊ မျက်နှာ၊ ဆံပင်နှင့် ဖိနပ်များအပါအဝင် သင့်တကိုယ်ရည်အသုံးပြုသည့် အသုံးအဆောင်များကို အမြဲသပ်ရပ်သန့်ရှင်းနေပါစေ
၃။သင့်အိတ်ကပ်များကို ဗလာနှင့် အတတ်နိုင်ဆုံး ထားပါက အကြွေစေ့များ သို့မဟုတ် သော့များနှင့် အခြား ဖောင်းပွစေနိုင်သည့် ပစ္စည်းများသိမ်းဆည်းခြင်းမှ ရှောင်ကြဉ်ပါ
၄။ရုံးတွင်းအလုပ်လုပ်နေစဉ် သကြားလုံးစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ပီကေဝါးခြင်းတို့ကို ရှောင်ကြဉ်ပါ
၅။အရေးကြီးစာရွက်စာတမ်းများ ဖိုင်တွဲများကို စုစည်းပြီး သင့်လက်မောင်းကြားတွင် သယ်ဆောင်သွားမည့် အစား ထိုအရာများ သင်နှင့်အတူ တပါတည်းသယ်ဆောင်သွားရန်လိုအပ်သည့်အခါ အကန့်များစွာပါသောအိတ် သို့မဟုတ် အပေါ့စား လက်ဆွဲအိတ် ကို အသုံးပြုပါ။
၆။ တက်တူးများနှင့် ခန္ဓာကိုယ်ဖောက်ခြင်းများကို တတ်နိုင်သမျှ ဖယ်ရှားလိုက်ပါက သင့်အား သပ်ရပ်ပြီး ပရော်ဖက်ရှင်နယ် ဆန်သော အသွင်အပြင်ပေါက်စေမည်ဖြစ်သည်
၇။ ပေါ့ပါးသောရေမွှေး နှင့် cologne တို့ကို ၀တ်ဆင်ပြီး လက်ဝတ်ရတနာများစွာကို အသုံးပြခြင်းမှ လျှော့ပါ။