လုပ်ငန်းခွင်အတွင်း သေသပ်ကျနစွာ ဝတ်စားနေထိုင်ခြင်း၏ အရေးပါမှု (၂)

20 December 2022


ကောင်းစွာဝတ်စားခြင်းက သင့်ကိုယ်သင် ယုံကြည်မှုကို တိုးလာစေရုံသာမက အခြားသူများကိုပါ အထင်ကြီး စေကာ ဆွဲဆောင်မှုလည်း ရှိလာမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် ရင့်ကျက်တည်ငြိမ်သော အသွင်အပြင်နှင့် ပရော်ဖက်ရှင်နယ် အသွင်အပြင် သည် အရေးကြီးသည်။ အမျိုးသားရော အမျိုးသမီးပါ ဂရုစိုက်ပြီး နေထိုင် လုပ်ကိုင်တတ်ကြရန် အရေးကြီးပါတယ်။ အောက်တွင် လုပ်ငန်းခွင်အတွင်း ဝတ်စားဆင်ယူအသုံးပြုမှုဆိုင်ရာ နည်းလမ်းအချို့ကို ဖော်ပြထားပါသည်။

သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို သေချာဝတ်ဆင်ပါ

ရုံးတက်အဝတ်အစားများနှင့် ရုံးပြင်နေ့စဥ်ဘဝတွင် ဝတ်ဆင့်အဝတ်အစားများကို သီးသန့်ထား၍ လုပ်ငန်းခွင်မှာ အစွန်းအထင်းများရှိပြီး အဝတ်အစားများကို ဖယ်ထုတ်ထားခြင်းကို သင့်၏ လုပ်ငန်းခွင် သို့သွားရမည့် အချိန် တွင် ဝတ်စား ဆင်ယင်ခြင်းအတွက် အချိန်ယူရ လျော့နည်းစေပြီး သတ်မှတ်ထားသော ရုံးချိန်အတွင်း အချိန်မီ ရောက်ရှိနိုင်စရေန် အထောက်အကူဖြစ်စေပါသည်။

Iron နှင့် Dry Cleaner များကိုအဆင့်သင့်ပါ

အထူးဂရုစိုက်ရန် လိုအပ်သောဝတ်စုံနှင့် အခြား အဝတ်အစား များကို အခြောက်ခံစက်နှင့် မီးပူများကို အသုံးပြ၍ စနစ်ကျသေချာစွားထားသိုခြင်းက သင်အချိန်နှင့်တပြေးညီလုပ်ဆောင်ရမည့် ကိစ္စများရှိလာပါက အဆင်သင့် အသုံးပြု နိုင်ရန် အ‌ထောက်အကူဖြစ်စေပါသည်။

မိမိအလုပ်ခွင်နှင့် သင့်လျော်သော ဝတ်စားဆင်ယင်မှု

ယုံကြည်စိတ်ချရပြီး လုပ်ဖော်ကိုင်ဖက်များနှင့် အများအမြင်တွင့် ပရော်ဖက်ရှင်နယ်ဆန်၍ ရင့်ကျက်တည်ငြိမ်သော ပုံရိပ်ကို ရယူချင်ပါက ရုံးတွင် ဝတ်စားဆင်ယင်ရာတွင် သင့်လျော်သော အဝတ်အစားကို ရွေးချယ်၀တ်ဆင်တတ်ရန် လိုအပ်ပြီး အမျိုးသမီးများ အတွက်မှု ထင်ရှားပေါ်လွင်သောအ၀တ်အစားများကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ ဝတ်စားဆင်ရာတွင် ယုံကြည်မှုနှင့် သက်တောင့်သက်သာရှိစေရန်အတွက် အဝတ် အစားများသည် လုပ်ဖော် ကိုင်ဖက် အများအမြင်တွင် သင့်လျော်မှုရှိရပါမည်။ ဤအရာများသည် လုပ်ငန်းခွင် အတွက် ရင့်ကျက် တည်ငြိမ် သောအသွင်အပြင်နှင့် လုပ်ဖော်ကိုင်ဖက် အများစုတို့၏ လေစားချီးကျူးမှုကို ရရှိရန် နည်းလမ်းများစွာထဲမှ အနည်းငယ်မျှသာဖြစ်သည်။ သတ်မှတ်ရက်မတိုင်မီ လုပ်ငန်းပြီးမြောက်မှုများကို သတင်းပို့ တင်ပြခြင်း၊ အကောင်း ဆုံး အပြုံးများနှင့် အကောင်းမြင်စိတ် ထားရှိတို့က သင်၏ ပရော်ဖက်ရှင်နယ် ရင့်ကျက် တည်ငြိမ်သော ပုံရိပ်ကို ပိုမို မြှင့်တင်ပေးနိုင်ပါသည်။

ရင့်ကျက်တည်ငြိမ်သော အနေအထိုင်များကိုမွေးမြူခြင်း

သင်အိပ်ယာမှ အချိန်မီမထနိုင်သည့်အတွက်ကြောင့် ဆံပင်ပုံစံဖရိုဖရဲဖြင့် အလုပ်သို့ရောက်ရှိလာခြင်းသည် ကုမ္ပဏီမူဝါဒကို ချိုးဖောက်ခြင်း မဟုတ်သော်လည်း လုပ်ဖော်ကိုင်ဖက်များက သင့်အကြောင်းကို နောက်ကွယ်တွင် ပြစ်တင်ကဲ့ရဲ့ ပြောဆိုခံရခြင်း ကောင်းသောလက္ခဏာ မဟုတ်ပေ။ အနည်းဆုံးအားဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ရှု့ထောင့်မှ လည်းကောင်း မိမိကိုကိုယ်နဲ့ မိမိအလုပ် အပေါ် မလေးစားရာရောက်သည့် လက္ခဏာတခုဖြစ်ပါသည်။ သန့်ရှင်းသော သွားများ၊ လက်သည်းများနှင့် လိုက်ဖက်သင့်သော ဆံပင်ပုံတို့မှာ အရေးကြီးပါသည်။ ညစ်ပတ်သော အဝတ်များ၊ ချောင်လွန်းသော သို့မဟုတ် တင်းကျပ်လွန်းသောအဝတ်အစားများ၊ ဟောင်းနွမ်း ၍ အရောင် လွင့်ပျယ်နေသော အပေါ်ဝတ်အင်္ကျီများနှင့် ညစ်ပတ်သောဖိနပ်များကို ဝတ်ဆင် အသုံးပြုခြင်းမှ ရှောင်ကြဥ် သင့်ပါသည်။ ဤအရာများသည် လူများစွာက လျစ်လျူရှုထားလေ့ရှိသည့် သေးငယ်သော ကိစ္စရပ်များ ဖြစ်နိုင်သော် လည်း ၎င်းတို့မှာ သတိထားဆင်ခြင်ရမည့်အရာများဖြစ်သည်။ အကယ်၍သင်သည် ကော်ပိုရိတ် လုပ်ရသော လုပ်ငန်း များတွင် လုပ်ကိုင်နေခြင်းဖြစ်ပါက သပ်ရပ်သန့်ရှင်းသည့်ဆံပင်ပုံစံမျိုးကို မကြာခဏ ပြုပြင် ထိန်းသိမ်း ထားရန် လိုအပ်ပါသည်။ ရှပ်အင်္ကျီ ဘောင်းဘီတိုနှင့် အရောင်လွင့်နေသောဖိနပ် များကို ရုံးသို့တက်ရောက် ဝတ်ဆင်ခြင်း မပြုလုပ်သင့် အစဥ်အမြဲ ရိုးရှင်း၍ စမတ်ကျသော အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင် သင့်ပါသည်။ အကယ်၍ တီထွင်ဖန်တီးမှုနယ်ပယ်မှဖြစ်ပါက လုပ်ငန်းစည်းကမ်းများနှင့်အညီ လွတ်လပ်၍ သက်တောင့်သက်သာ ရှိသော၀တ်စားဆင်ယင်မှု ရွေးချယ် ဝတ်ဆင်ရန် အကြံပြုလိုပါသည်။ ပုံပန်းအသွင် အပြင်စတိုင်ရှိစွာ ပြုမှုနေထိုင်ခြင်း၏ အဓိက အချက်မှာ မိမိ၏ ပင်ကိုယ်စရိုက်ကို ဖော်ထုတ်နိုင်ရန်ဖြစ်ပါသည်။ အမျိုးသမီးများအတွက်မှု ပိုမိုရင့်ကျက်သိမ်မွေ့သော အပြင်အဆင် ယေဘူယျအားဖြင့် ရင့်ကျက်သော မြန်မာရိုးရာဝတ်စုံ သို့မဟုတ် စကတ်နဲ့ ဘလာဇာကို ဝတ်ဆင်သင့်ပြီး၊ မီးခိုးရောင်၊ အနက်ရောင်၊ အဖြူ သို့မဟုတ် အညိုရောင်များကို ဝတ်ဆင်သင့်ပြီး အရောင်မှိန်မှိန်များကို ဝတ်ဆင်ခြင်းမှ ဆင်ခြင်သင့်ပါသည်။