ဦးနှောက်မုန်တိုင်းဆင်ခြင်းသည် Brainstorming သည် လူအများထံမှ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများကို ရရှိစေရန် အတွက် မကြာခဏ အဖွဲ့လိုက် ပြုလုပ်သင့်သော နည်းလမ်တစ်ခုဖြစ်ပြီး ကျောင်းနေကလေးများမှသည် ကုမ္ပဏီ အဖွဲ့အစည်းများ၏ အမှုဆောင်များအထိ မကြာခဏအသုံးပြုသည့် နည်းလမ်း တစ်ခုလဲဖြစ်သည်။ ၎င်းသည် ပြဿနာဖြေရှင်းခြင်းလုပ်ငန်းစဉ်တွင် လှုံ့ဆော်မှုနှင့် စိတ်ကူးစိတ်သန်းများကို ထွက်ပေါ်လာစေသည်။ အကြံဉာဏ်ပေးသည့် အပိုင်းတစ်ခုအတွင်း၊ Brain Storming လုပ်ခြင်း တစ်ဖွဲချင်း သို့မဟုတ် သင်တန်းနည်းပြ တစ်ဦးဉီး၏ ကြီးကြပ်မှုအောက်တွင် အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ကြပါသည်။
အမျိုးမျိုးသော Brian Storming နည်းလမ်းများ၏ နောက်ကွယ် အခြေခံနိယာမမှာ စိတ်ကူးယဉ်လွန်းခြင်းများ သို့မဟုတ် လက်တွေ့မကျလွန်းခြင်းများကို ထည့်သွင်းဆွေးနွေကြပြီး ပါဝင်ဆွေးနွေးသူများအား လုပ်ငန်းခွင်၏ စည်းမျဥ်းစည်းများကို ကျော်လွန်၍ တွေးခေါ်နိုင်စေပြီး ထူးခြားသော ဖန်တီးနိုင်စွမ်းကို အမှန်တကယ် ထိထိရောက်ရောက် အသုံးချနိုင်စေပါသည်။ အဆင်သင့်ချမှတ်ထားသော လုပ်ငန်းရပ်များကို လုပ်ဆောင် အကောင်အထည် ဖော်ထုတ်မည့်အစား၊ ပါဝင်သူများမှ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် လက်ရှိရင်ဆိုင်နေရသည့် အကြပ်အတည်းများအားလုံး အပေါ်တွင် ဆက်စပ်သူအားလုံးမှ ဉီးနှောက်မုန်တိုင်း ဆင်ခြင်းနည်းလမ်းဖြင့် အချိန်မှီဖြေရှင်းနိုင်ပါသည်။ သဘောတရားဆိုင်ရာ နယ်နိမိတ်များကို ဖယ်ရှားခြင်းသည် အဖွဲ့အား ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွင်း ရဲရင့်ပြီး ဆန်းသစ်တီထွင်နိုင်စေရန် အလားအလာကို ပွင့်စေသည်။