ဆိုသော မေးခွန်းမှာ သင့်ဘဝတိုးတက်ရေးအတွက် မည်သည့် အလုပ်အကိုင် လမ်းကြောင်း ရွေးချယ်ပြီး စိတ်ကျေနပ်မှုနှင့် အောင်မြင်မှုရရှိရန် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ အစီအစဉ်များဆွဲ၍ လုပ်ဆောင်ရန် တိုက်တွန်းလိုပါသည် ။ ဥပမာ- ဆောက်လုပ်ရေးလုပ်ငန်းငယ်တစ်ခု၏ ကန်ထရိုက်စီမံခန့်ခွဲသူဖြစ်ရန် ရည်မှန်းသည်ဖြစ်စေ နိုင်ငံစုံကော်ပိုရေးရှင်းတစ်ခု၏ ဘဏ္ဍာရေးဒါရိုက်တာဖြစ်ရန် ရည်မှန်းသည်ဖြစ်စေ နောက်ဆုံးရည်မှန်းသည့် ပန်းတိုင်ကို သတ်မှတ်ထားပြီး ထိုပန်းတိုင်သို့ ရောက်ရှိရန် လိုအပ်သည်များကို ဆန်းစစ် လုပ်ဆောင်ခြင်းဖြင့် Career Planning သည် စီးပွားရေးနယ်ပယ်တွင် လတ်တလောအောင်မြင်နေသည့် သူများအသုံးပြုသည့် အခြေခံ နိယာမဖြစ်သည်။ ထို့ကြောင့် မိမိတို့ ပန်းတိုင်သို့ ဦးတည်ရာ လမ်းကြောင်းကို ဖြောင့်တန်းတည့်မတ် စေရေးအတွက် အောက်ပါ အစီအစဥ်ကောင်းများကို သင့်နှင့်အတူ မျှဝလိုပါသည်။
သင်အလိုရှိသော အဆုံးစွန်သောဘဝအဆင့်အတန်းကို ရည်မှန်းလုပ်ကိုင်နေခြင်းဟူ၍ ရှင်းလင်းသော အသက်မွေး ဝမ်းကြောင်း ပန်းတိုင်ကို လုပ်ငန်း ခွင်ဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် ဦးတည် လုပ်ဆောင် သင့်ပြီး မည်သို့ရောက်အောင်သွားမည်ဆိုသည့် အစီအစဉ် သို့မဟုတ် တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်ကို သတ်မှတ်ထားနိုင်ရမည်ဖြစ်သည်။
အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်များအောင်မြင်စေရေးအတွက် မြောက်များစွာသော နည်းလမ်းများ ကိုတွေးတောစဥ်းစားနေရန်မလိုအပ်ဘဲ ရည်ရွယ်ရာနောက်ဆုံးပန်းတိုင်ကို ချမှတ် ဦးစွာချမှတ်စဥ်းစားသင့်ပြီး ဆုံးဖြတ်လုပ်ကိုင်သည့် အခြေအနေထိ တဆင့်ချင်းဆီကို ရောက်ရှိစေမည့် အသေးစိတ် အစီစဥ် လုပ်ငန်းစဥ်များ တွင် စနစ်တကျနှင့် ဂရုတစိုက်စီမံ အကောင်အထည်ဖော်သင့်ပါသည်။
အချိန်ကာလ အတန်ကြာ ရည်မှန်းခဲ့သည့် အလုပ်အကိုင်ပန်းတိုင်များစွာ ရှိကောင်းရှိနိုင်ပါသည် သို့မဟုတ် စိတ်ကူးထဲတွင် အချိန်အတန်ကြာ မည့်သည့်အလုပ်အကိုင် လမ်းကြောင်းများက အကိုက်ညီဆုံး ဖြစ်မည်ကို ရှင်းလင်းစွာ နားလည်သဘော မပေါက်သည်များလည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အသက် မွေးဝမ်းကြောင်း အစီအစဥ်တစ်ခု ရေးဆွဲခြင်း၏ ကနဦးအဆင့်တွင် စိတ်ဝင်စားသော အလုပ် အကိုင်/များ ကို အသေးစိတ် စူးစမ်းလေ့လာပြီး လက်တွေ့ဘဝနှင့် အဆင်ပြေနိုင်ခြင်းရှိမရှိကိုပါ ထည့်သွင်းစဥ်းစား ရမည် ဖြစ်သည် ။
အထက်တွက် ဖော်ပြခဲ့ပြီးသည့် အကြံပေးချက်များကို လုပ်ဆောင်ရန်၊ အရည်အချင်းများ၊ ပုံမှန် အသက်မွေး ဝမ်းကြောင်း လမ်းကြောင်းများတွင် အသုံးချရန် လိုအပ်သည့် ပညာရပ်များကို အချိန်ပေး၍ လေ့လာထားရန် လည်းလိုအပ်ပါသည်။
ရွေးချယ်ထားသည့် အလုပ်ကိုင်အတွက် လုပ်ငန်းခွင်ဝင်ရန် မည်သည့်သင်တန်းနှင့် အရည်အချင်းများ လိုအပ် သနည်း။ ရွေးချယ်ပြီးဖြစ်သည့် လုပ်ငန်းခွင်တွင် အောင်မြစွာ လုပ်ကိုင်နိုင်စေရန် မည်သို့သော အရည်အချင်းနှင့် စိတ်ပါဝင်စားစွာ လုပ်ဆောင်နိုင်ရန်လိုအပ်ပါသနည်း။ ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုများ မည်သို့ ကိုက်ညီသနည်း။ မည့်သည့် ကွာဟချက် ရှိသနည်း။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အထူးစိတ်အား ထက်သန်စရာ ဘာကိုတွေ့လဲ။ မည်သည့်သင်တန်း၊ ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များကို ရရှိရန် မျှော်လင့် နိုင်မည်နည်း ထိုအရင်းအမြစ်များက လုပ်ငန်းတာဝန် အောင်မြင်မှုကို အလျင်အမြန် ကူညီနိုင်ခြင်းရှိမရှိ ။ မည်သို့သော လုပ်ငန်းတာဝန်များ ရှိနေပါသည်း ။ အဓိကတာဝန်များကား အဘယ်နည်း။ မည်သည် တိုးတက်မှု အခွင့်အလမ်းများရရှိနိုင်မည်နည်း။ အလုပ်တည်နေရာ ။ ပုံမှန်လစာနှင့်၊ အလုပ်-ဘဝ ဟန်ချက်ညီမှု အတိုင်းတာ တို့ဖြစ်သည်။
ဤအဆင့်၏အဆုံးတွင် ရွေးချယ်သတ်မှတ်ထားသော အလုပ်အကိုင်နှင့် ပက်သက်၍ ထဲထဲဝင်ဝင် သိရှိရမည် ဖြစ်သည်။