စိတ်ပိုင်းဆိုင်းရာ ကျဆင်းမှုကြုံတွေ့ရချိန် လုပ်ဆောင်သင့်သည့် အချက်များ (၁၀)
1 November 2022

အသိမိတ်ဆွေများကို ဆိုရှယ်မီဒီယာများမှတဆင့် ဘာတွေလုပ်ပါမယ် ဘာတွေ လုပ်ဖို့ရှိပါတယ် စသည့်ဖြင့် အသိပေးနိုင်သကဲ့သို့ ယုံကြည်အားထားရသည့် သူငယ်ချင်းများကို ဖုန်းမှတဆင့် ဆွေးနွေးပြောကြားပေး နိုင်ပါသည်။ တပတ်တာကုန်ဆုံးသည့် အားလပ်ရက်များတွင် မိသားစု မိတ်ဆွေသူငယ်များနှင့် အချိန်ပေး၊ တွေ့ဆုံး၍ စကားစမြည်ပြောဆိုတိုင်ပင်ခြင်းနှင့် စိတ်ခွန်များမြင့်တက်စေပါသည်။ ထို့ပြင်နေ့စဥ် ကိုယ်ပိုင်အချိန်တခု ချန်ထားပြီး ဝါသနာပါသည့် အလုပ်တခုကို စိတ်အေးလက်အေး ခံစားလုပ်ပေးရန်လည်း လိုအပ်ပါသေးသည်။ သူငယ်ချင်းကျောင်းနေဖက်များနှင့် ဆုံသည့်အခါတွင်လည်း အားလုံးဝါသနာ ပါရာ တခုခုကို ယှဥ်ပြိုင်ကစားကြပြီး အနိုင်ရရှိသူကို သဘောတူညီထားသည့် ဆုပေးပြီး အဓိပ္ပယ်ရှိသော အား လပ်ရက်မျိုးကုန်ဆုံးစေ သင့်ပါသည်။
အနားယူအပန်းဖြေခြင်းဖြင့် အတွေးခေါ်သစ်စိတ်ကူးသစ်များကို ရရှိစေနိုင်ပြီး ကုန်ဆုံးသွားသည့် ခွန်အားကို လည်းပြန်လည်ဖြည့်တင်းရာရောက်ပါသည်။ ထို့ပြင်ထွေရောလေးပါးတွေးမနေဘဲ နီးစပ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရာ ပန်းခြံဆီသို့ လမ်းလျှောက်အားယူပေးပါကလည်း တနေ့တာသင့်ဖြတ်သန်းရင်ဆိုင်ရာ ရမည့် အလုပ်များကို အလယ်တူပင် ကျော်ဖြတ်နိုင် အားအင်သစ်များလည်း ရရှိစေပါသည်။