စိတ်ပိုင်းဆိုင်းရာ ကျဆင်းမှုကြုံတွေ့ရချိန် လုပ်ဆောင်နိုင်သည့် အချက်များ (၁၁)

2 November 2022


သဘာဝတရားနှင့်နီးစပ်အောင်လေ့ကျင့်ပါ။ မကြာခဏ ခရီးသွားပါ ခရီးသွားခြင်းဖြင့် ဘဘာဝတရားတွင် စိတ်လှုံဆော်မှုကိုပေးနိုင်သည် ခွန်အားအသစ်များ ရှိနေပြီး ပေါ့ပါးလန်းဆန်းစေပါသည်။ဒါကြောင့် အနီးအနားမှာရှိတဲ့ သစ်တောထဲ လမ်းလျှောက်ထွက်ပြီး အထူးအရာတစ်ခုခုကို မစဉ်းစားဘဲ ရှုခင်းများ၊ရနံ့များ ဖြင့် စိတ်လက်ပေါ့ပါးစေရန် လုပ်ဆောင်သင့်ပါသည်။
အကယ်၍ ရုံးလုပ်ငန်းများနှင့်သာ အပတ်ပေါင်းများစွာ လပေါင်းများစွာ အထိုင်များနေပါက ကိုယ်ကာယ ကျန်းမာမှု ယုတ်လျော့အားနည်းလာနိုင်ပြီး နှစ်ကာလကြာရှည်လာပါက ကျန်းမာ‌ရေးပြဿာနာများနှင့် ဆိုးဆိုး ဝါးလည်းကြုံတွေ့ရနိုင်ပါသည်။ ခရီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ပျော်ရွှင်မှုကသာ ခန္ဓာကိုယ်အတွင်း အင်ဒိုဖင်နှင့် အခြားဓာတုပစ္စည်းများကို ထုတ်လွှတ်ပေးပြီး တင်းမာမှုတွေ လျော့နည်းလာကာ ကိုယ်ခန္ဓာကို ‌ပေါ့ပါလာစေပါသည်။