သင်ယူမှုတိုင်းအတွက် ကြိုတင် ပြင်ဆင်ပါ။ ဘာသာစကားတခုသာ အလုပ်ခွင်တွင် အတားအဆီးတခုအဖြစ်ရှိ နေသညမဟုတ် အင်္ဂလိပ် စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသည့် နိုင်ငံသားများသည်လည်း အခြားသော နိုင်ငံများနှင့်ယဥ်ကျေးမှု ကွာခြားချက်များရှိသည့် အတွက် ပြောဆိုဆက်ဆံရေးတွင် အတားအဆီးတခု အဖြစ်ရှိနေပါသည်။ အောက်တွင် မတူညီသော ကမ္ဘာ့နိုင်ငံ ၉ နိုင်ငံ၏ လုပ်ငန်းခွင် ယဥ်ကျေးမှုများကို လေ့လာ ကြည့်နိုင်ပါသည်။
ဂျပန်နိုင်ငံသည့် စည်းကမ်းသေဝပ်မှုကို အထူးဂရုပြုသောနိုင်ငံလည်း ဖြစ်သည်။ အခြားအာရှနိုင်ငံများတွင်လည်း တွေ့ရလေ့ရှိသည့် ဧည့်သည်များနှင့် အထက်လူကြီးများကို ဓာတ်လှေကားသို့ ဦးစွာဝင်ထွက်ခွင့်နှင့် အဆင့်အလိုက် အစည်းအဝေးခန်းထိုင်ခုံများ စီစဥ်ထားခြင်းများစသည့် စည်းကမ်းအချို့တွင် တူညီသည်တွေ့ရှိသည်။ ရုံးဝန်ထမ်း များစုသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ညစာမကြာခဏ တွေ့ဆုံစားသောက်တက်ကြပြီး စိတ်ဝင်စားဖွယ်ကောင်းသော ဂျပန်နိုင်ငံ၏ ဓလေ့ထုံးစံ တစ်ခုမှာ အလုပ်မစမီ နံနက်ပိုင်းအချိန်တွင် ကုမ္ပဏီဆောင်ပုဒ်နှင့် သီချင်းတစ်ပုဒ်ကို နေ့စဉ်ရွတ်ဆိုခြင်းဖြစ်သည်။ အချို့ လုပ်ဖော်ကိုင်ဖက် များမှာ ထိုမနက်ခင်းရွတ်ဆိုပြီးချိန်မှာပင် ကိုယ်လက်ကျင့်ခန်းများကို အတူတကွ ပြုလုပ်တတ်ကြသည်။ လုပ်ငန်းခွင် မစတင်မီ မနက်ခင်းပိုင်းတွင် ကုမ္ပဏီဆောင်ပုဒ်ကို ရွတ်ဆိုခြင်းအလေ့၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ၏ ရှည်လျားသည့် အလုပ်ချိန်အတွင်း တနေ့တာစိတ်ခွန်အားဖြစ်စေရန်ရည်ရွယ်ကြောင်း သိရသည်။ —ဂျပန် အလုပ်သမားများ၏ အလုပ်ချိန်မှာ ရံခါများတွင် နာရီပေါင်းများစွာ နာရီများစွာကြာမြင့်တတ်သည်။
ဘာသာစကားတူညီချက်ကြောင့် ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့၏ အလုပ်ခွင် ယဥ်ကျေးမှုမှာ အများစု တူညီချက်များရှိသော်လည်း အဓိက ကွဲပြားမှုများရှိ ရှိနေပါသည်။ အထူးသဖြင့် အခြားဥရောပနိုင်ငံသား များကဲ့သို့ပင် ဗြိတိန်နိုင်ငံသား များသည် သတ်မှတ်နာရီပေါင်းများစွာ အလုပ်လုပ်ရလေ့ရှိပြီး အမေရိကန် လူမျိုးများမှာ တစ်ပတ်လျှင် နာရီ ၄၀ ကျော်သာ လုပ်ရလေ့ရှိသည်။ ဗြိတိန်ရှိ ရုံးဝန်ထမ်းများသည်လည်း အပတ်စဉ် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အနီးနားရှိ အရက်ဆိုင်များတွင် အတူသောက်ကြပြီး အချင်းချင်း ပေါင်းသင်း ဆက်ဆံမှုကို မြှင့်တင်ပေးတတ်ကြသည်။