အကယ်၍ သင်သည် သေးငယ်သော သို့မဟုတ် အနည်းဆုံးသော မည်သို့ဖြစ်ရမည်ဆိုသည့် ပန်းတိုင်မျိုး ရှိနေပြီး ရည်းမှန်းချက်မပြည့်စုံဟုခံစားမိပါက အနည်းငယ်ပိုမိုကြီးမားကျယ်ပြန့်သည့် ပန်းတိုင်းမျိုးကို ပြောင်း လဲစဥ်းစားပြီး လျှောက်လှမ်း ရမည်ဖြစ်ပါသည်။သင့်အလုပ်စားပွဲတွင် ၁၅ မိနစ်ခန့် နေ့စဥ် ပန်းတိုင်နှင့်ဆက် စပ်သည့်လုပ်ငန်းတာဝန်ကို အနည်းဆုံးအချိန်ပေးလုပ်ဆောင်သင့်ခြင်း သို့မဟုတ် သင့်လုပ်ငန်း အင်တာနက် စာမျက်နှာတွင ၁၀ မိနစ်ခန့် အစီအစဥ်ချထားခြင်း သို့မဟုတ် ၇ မိနစ်ခန့်ဖြစ် ကျောင်းတွင် ထပ်ရမည့် အက်ဆေး ပြီးဆုံးရေးသားခြင်းစသည့် မည်မျှပင် သေးငယ်သည့်အလုပ်အမျိုးအစားဖြစ်ပါစေ နေ့စဥ်မပြတ် ပြုလုပ်သင့်ပါသည်။ ၁ မိနစ် သို့မဟုတ် ၂ မိနစ်ခန့် လုပ်ရုံဖြင့် ပြီးဆုံးနိုင်သည့် အလုပ်အသေးအမွှားကအစ မလိုအပ်ဘဲရွေ့ဆိုင်းခြင်းမျိုး မပြုလုပ်ရန် တိုက်တွန်းလိုပါသည်။
တစုံတခုကိုပြီးမြောက်အောင်မြင်စေရန်အတွက် စတင်လုပ်ဆောင်ပေးရန် သို့မဟုတ် အရှိန်အဟုန်ဖြင့်ပြီးဆုံး ဆောင်လုပ်ဆောင်ရမည့် အရာများကို အချိန်နှင့်တပြေးညီမလုပ်ဆောင်ဘဲ တနေရာတည်းမှ အထိုင်မပျက် ရပ်တန့်တွေးတောခြင်းများကို အဆုံးရန်အရေးကြီးပါသည်။ထို့ကြောင့် မည်မျှပင်သေးငယ်နေပါစေ အချိန်မဆွဲ နေဘဲ ပြီးပြတ်အောင် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ အချိန်ဆွဲ ဆုံးဖြတ်ခြင်းကြောင့် မလိုဘဲ သင့်စိတ်ကို ရှုပ်ထွေးသေနိုင်ပြီး သင့်ရည်မှန်းချက်ကို ဝေဝါးသွားခြင်းမျိုးဖြစ်စေနိုင်ပါသည်။