ကော်လာပြာလုပ်သားများမှာ အများအားဖြင့် ကာယအားဖြင့် အဓိကမှီခိုအားကိုးအားလုပ်ကိုင်ကြသော လုပ်သားအများအပြားကို ဆိုလိုကြခြင်းဖြစ်သည်။ ၂၀ ရာစုနှစ်အစောပိုင်းကာလများတွင် ချည်သား သို့မဟုတ် အရောင်ရင်ရင့် ဝတ်ဆင်တတ်ကြသည့် အလုပ်သမားအများစုကို အစွဲပြုခေါ်ခြင်းလည်းဖြစ်ပါသည်။ အဆိုပါ အလုပ်သမားအများစုမှာ လုပ်ခလစာနည်းပါးစွာ ရရှိကြပြီး လုပ်ငန်းခွင်မှာလည်းအများအားဖြင့် နိမ့်ပါးသည့် အလုပ်အကိုင်များကြောင့် ကောင်းမွန် ဝတ်စားဆင်ယင်ခြင်းမရှိနိုင်သည်ကို အစွဲပြုခေါ်ဝေါ်ခြင်းလည်း ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်သားများ၊ စက်ရုံလုပ်သားများ၊ စက်ပစ္စည်းတင်သွင်းသူများ စသည့် အလုပ်များပါဝင်ကြပါသည်။
ရုံးလုပ်ငန်းများနှင့် စီမံခန့်ခွဲရေး အုပ်ချုပ်ရေးစသည့် အလုပ်အကိုင်များကို လုပ်ကိုင်ကြသည့် လုပ်သားများကို အစွဲပြု၍ ကော်လာဖြူအလုပ်သမားဟုခေါ်ဆိုကြသည်။ ဘဏ်ဝန်ထမ်းများ၊ ဝန်ဆောင်မှုလုပ်သားဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအထောက်အကူပြု ဝန်ထမ်းများလည်းပါဝင်သည်။