၁။ မိမိကိုယ်ကို သတိထားဆန်းစစ် လေ့လာခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းကြောင့် သင့်ခေါင်းဆောင်မှုကို ဘယ်လိုသက် ရောက်စေပါသလဲ၊ အမေရိကန် စိတ္တဗေဒပညာရှင် ဒန်နီရယ်ဂိုလ်းမန်း မှ အင်အားစု (၅) မျိုးရှိကြောင်း ဖော်ထုတ်တင်ပြထားပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင် သတိထားဆန်းစစ်လေ့လာ ခြင်းဖြင့်ကိုယ်ပိုင်ခံစားချက်များကို သုံးသပ်တတ်ခြင်းကသာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို ထိန်းချုပ်ရာ တွင် အရေးပါသော အရေးကြီးဆုံးအပိုင်းဖြစ်ပါသည်။ အခြားသူများအပေါ်တွင် ပြုမှုပြောဆိုဆက်ဆံမှုများက မိမိခံစား ချက်များက တိုက်ရိုက် သက်ရောက်နေခြင်းကိုလည်း နားလည်ထားရန် လိုအပ်ပါသည်။
၂။ ကိုယ်ပိုင်စည်းမျဥ်းများထားခြင်း စိတ်ခံစားချက်များကို စီမံခန့်ခွဲနိုင်ရန် ကိုင်တွယ်နိုင်စွမ်းရည်မှာ အရေးကြီးပြီး အခြားသောသူများနှင့် ဆက်သွယ်ပြောဆို ဆက်ဆံရာတွင် ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ထိန်းချုပ်ထား ခြင်းဖြင့် ကိုယ်ပိုင်စည်းကမ်းသတ်မှတ်ချက်များကို ချမှတ်ပြီး လိုက်နာလုပ်ဆောင်ရန်လိုအပ်ပါသည်။
၃။ စေ့ဆော်တွန်းလှန်ခြင်း ကိုယ်ပိုင်စိတ်ခံစားချက်များ ပေါ်လာဖြစ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ နာကျင်ရမှုများ နှင့် ကြုံတွေ့ရမှုများကို ယုတ္တတန်စွာ ဝေဖန်သုံးသပ်ထားရန်လိုအပ်ပြီး ထိန်းချုပ်နိုင်စွမ်းအားကို လျော့နည်း လာစေနိုင်သည့် စေ့ဆော်ချက်များအားလုံးကို ချက်ချင်းပင် ဖျောက်ဖျက်တတ်ရန် လိုအပ်ပါသည်။