ကိုဗစ်ကာလအတွင်း ကုမ္ပဏီများ ရင်ဆိုင်ခဲ့ရသည့် အခြေနေများကြောင့် ဝန်ထမ်းအများစုမှာ အလုပ်ခွင်မှ ကင်းကွာခဲ့ပြီး လူမှုဆိုင်ရာ အထီးကျန်ဆန်မှုနှင့် အခြားသောပြဿာနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ အဖွဲ့အစည်းများ သည် ဝန်ထမ်းများနှင့် ကုမ္ပဏီ၏ ရေရှည်အကျိုးစီးပွားများအပေါ်တွင် စဉ်ဆက်မပြတ် စောင့်ကြည့် အကဲဖြတ်ရန် လိုအပ်သည်။ ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာနိုင်မှုနှင့် ဘေးကင်းလုံခြုံရေးကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ကိုဗစ်ကာလများအတွင်း ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများက သင်ခန်းစာများအဖြစ် ရရှိခဲ့သည်။ HR အဖွဲ့အစည်းများ နှင့် ဉီးဆောင်သူမန်နေဂျာများအနေဖြင့် virtual high-touch အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးရန်၊ Operation မန်နေဂျာများအား ၎င်းတို့၏ဝန်ထမ်းများနှင့် အဝေးမှ ထိတွေ့ဆက်ဆံနိုင်စေရန်၊ ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းများအားကူညီဖြေရှင်းပြီး ၎င်းတို့၏ အားလပ်ချိန်များကို စိတ်အပန်းပြေစေမည့် နည်းလမ်းများဖြင့်လည်း အကြံပေးနှစ်သိမ့်ဆွေးနွေးနိုင်ပါသည်။ ဝန်ထမ်းများ၏ မိသားစုများအတွက် ရုပ်ပိုင်းနှင့် စိတ်ကျန်းမာရေးလိုအပ်ချက်များအတွက် အစီအစဉ်ဆွဲပြီး အာမခံကဲ့သို့သော ငွေကြေးဆိုင်ရာ အစီအစဥ်များတွင် ရင်းနှီးမြုပ်နှံပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။
လူတစ်ဦးစီနှင့် ၎င်းတို့၏ အခြေအနေသည် ကွဲပြားချက်များရှိနေနိုင်ပြီး၊ ကုမ္ပဏီများ၏ အနေဖြင့် ၎င်းတို့၏ မန်နေဂျာများထံမှ ဝန်ထမ်းများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို နားလည် သိရှိရန် အကူ အညီပေးနိုင်သော နည်းလမ်းတစ်ရပ်ကိုရှာဖွေရန် လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ပြောင်းလဲ ပြင်လွယ် ဖြစ်နိုင်သောချဉ်းကပ်မှုတစ်ရပ်ဖြစ်ပြီး အချိန် – ရွေးချယ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအခြေအနေ လိုအပ်ချက်များအတွက် ၎င်းတို့လိုအပ်သည်များကို ရိုးသားစွာဖြင့် မလိုမုန်းထားမှုများမပါဘဲ လုပ်ဆောင်နိုင်စေရန် အရေးကြီးပါသည်။ Hyper customization ၏ခေတ်သို့ဝင်ရောက်နေပြီဖြစ်ပြီး HR သည် အဖွဲ့အစည်းများနှင့်ဝန်ထမ်းများအတွက် win-win ဖန်တီးရန် လုပ်ငန်းအစီအစဉ်များကို လိုက်လျောညီထွေဖြစ်စေရန် ပြန်လည် စစ်ဆေးပြီး ၊ သင်ယူမှုနှင့် ဝန်ထမ်းများ၏ အသက်မွေးလမ်းကြောင်းများကို မြှင့်တင်ပေးသင့်ပါသည်။