အရည်အချင်းစီမံခန့်ခွဲမှုဆိုတာဘာလဲ
4 April 2023

Talent Management သည် အလုပ်ရှင်များအနေဖြင့် တတ်နိုင်သမျှ ၎င်း၏ လုပ်ငန်း အဖွဲ့အစည်းအတွင်းရှိ လုပ်သားအင်အားကို ကောင်းစွာနားလည်သဘောပေါက်ပြီး ဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်သည်။ လုပ်ငန်းများအား မဟာဗျူဟာကျကျ အကောင်အထည်ဖော်သည့်အခါ လုပ်သားဝန်ထမ်းများ၏ အလုံးစုံစွမ်းဆောင်ရည်ကို မြှင့်တင် စေပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိစေခြင်းဖြစ်သည်။
အရည်အချင်းစီမံခန့်ခွဲမှု၏ ဥပမာတစ်ခုအဖြစ် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများ၏ အရည်အချင်းကို အခြေခံပြီး သုံးစွဲများကို ဝန်ဆောင်မှုကောင်းများရရှိစေရန် ဉီးတည်စေခြင်းဖြစ်သည်။ ဤပန်းတိုင်ကိုဉီးတည်ပြီး ၊ အဖွဲ့ အစည်း ၏ခေါင်းဆောင်များသည် ၎င်းတို့လက်အောက်ရှိဝန်ထမ်းများ၏အရည်အချင်းများနှင့် မန်နေဂျာအသစ်များကို ရှာဖွေသင့်ပါသည်။ ထို့ကြောင့် ၎င်းတို့သည် မှန်ကန်သော ဝန်ထမ်းလောင်းများကို ငှားရမ်းကြီးကြပ်ပြီး ထက်မြက် သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အကူအညီ အထောက်အပံ့ ပေးနိုင်အောင်ပံ့ပိုးပေးခြင်းများ ဖြစ်သည်။
ဝန်ထမ်းများပြုစု ပျိုးထောင်ရန်နှင့် စေ့စပ်ညှိနှိုင်းရန် အချိန်ယူရလေ့ရှိပြီး လုပ်ငန်းများ ဆန်းသစ်စေပြီး အကျိုးအမြတ်များစေပါသည်။ အပြန်အလှန်အားဖြင့်၊ အရည်အချင်းရှိသူများကို ထိန်းသိမ်းနိုင်ခြင်းသည် ယေဘုယျအားဖြင့် ဖောက်သည်များ၏ စိတ်ကျေနပ်မှုကို တိုးတက်စေပါသည်။
အဖွဲ့အစည်းတစ်ခုအား ရှေ့သို့တွန်းပို့သောရန်မှာ အရည်အချင်းရှိသူများ နည်းဗျူဟာကျကျ စနစ်တကျ စီမံခန့်ခွဲ တည်ဆောက်ခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် အလုပ်ရှင်များသည်- လုပ်ငန်းပြီးမြောက်မှု ပန်းတိုင်များနှင့် ရည်မှန်းချက်များကို ချိန်ညှိသင့်ပါသည်။ ထို့ပြင် ဝန်ထမ်းများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးပြီး ပိုကောင်းမွန်သော အလုပ်များကို ဖန်တီးပေးသင့်ပါသည်။ အလုပ်သမားရေးရာ ဆုံးဖြတ်ချက်များချရန် ဝန်ထမ်းများ၏ အရည်အချင်းများကို စဉ်ဆက်မပြတ်ဆန်းစစ်အကဲ ဖြတ်ကြရမည်ဖြစ်ပါသည်။ ကုန်ထုတ် စွမ်းအားနှင့် တိုးတက်မှုကို အကောင်းဆုံးဖြစ်အောင် ဌားရမ်းခြင်းနှင့် ဆွဲဆောင်မှုရှိသော အရည်အချင်းများ ဖွံဖြိုးစေခြင်းသည် အရည်အချင်းစီမံခန့်ခွဲမှုမှာ အရေးပါသော အရည်အချင်းတစ်ရပ်လည်းဖြစ်ပါသည်။