အောင်မြင်သော အသက်မွေးဝမ်းကြောင်း အဖြစ်ရပ်တည် လိုအပ်သော ကျွမ်းကျင်တတ်မြောက်မှု

25 April 2023


လူအများလေးစားအားကျရသည့် အောင်မြင်သော မန်နေဂျာတစ်ယောက် ဖြစ်လာစေရန် စည်းစနစ်ကျသော စီမံခန့်ခွဲနိုင်မည့် အရည်အချင်းများလိုအပ်လိမ့်မည်ဖြစ်သည်။ ဒီနေ့မှာတော့ မန်နေဂျာကောင်းတစ်ဦး၏ ရှိသင့်ရှိထိုက်သော အရည်အသွေးများနှင့် အရည်အချင်းများနှင့် လေ့လာမြင့်တင်ရမည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

Interpersonal skills (ပူးပေါင်းလုပ်ကိုင်နိုင်စွမ်း)

လူများနှင့်ပူးပေါင်းလုပ်ဆောင်ရသော လုပ်ငန်းများတွင် စနစ်ကျသော ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှုမှာ အောင်မြင် သောဆက်ဆံရေး တခုတည်ထောင်နိုင်ရန်အတွက် အဓိကကျပြီး၊ လုပ်ငန်းအဖွဲ့များကို ဦးဆောင်ရန် ကျွမ်းကျင် သော အရည်အချင်းများကသာ လုပ်ဖော်ကိုင်ဖက်များလက်ခံယုံကြည်မှုကို ရရှိစေနိုင်သည်။
ကုမ္ပဏီ၏ လှုပ်ရှားမှုအစီအစဥ်များတွင် လုပ်ဖော်ကိုင်ဖက်အဖွဲ့၀င်များနှင့် ရင်းနှီး ကျွမ်းဝင်ရန် အချိန်ပေးခြင်း ဖြင့်မိမိလက်အောက်ရှိ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုနားလည်နိုင်ပြီး ဦးဆောင်သူနှင့် အဖွဲ့ဝင်များကြား ရင်းနှီးမှုများကို ပိုမိုအားကောင်းစေနိုင်ပါသည်။

ဆက်သွယ်ရေးနှင့်လှုံ့ဆော်နိုင်မှု

ကျွမ်းကျင်လိမ္မာစွာ ခေါင်းဆောင်နိုင်စွမ်းရှိသော ခေါင်းဆောင်များသည် နှုတ်အားဖြင့်လည်းကောင်း၊ စာအား ဖြင့်လည်းကောင်း၊ ဝန်ထမ်းအချင်းချင်းကြား တင်ပြဆွေး‌နွေးချက်များကို လေးစားစွာနားထောင်တတ်လေ့ရှိပြီး ဆက်သွယ်ရေး ဆက်ဆံမည့်နည်းလမ်းများကို ကျွမ်းကျင်စွာဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ရှိကြသည်။ အဖွဲ့ မန်နေဂျာ တစ်ဦး အနေဖြင့် ဝန်ထမ်းများနှင့် အကြီးတန်းစီမံခန့်ခွဲသူများကြားတွင်လည်း ထိုကဲ့သို့ လမ်းကြောင်း တခုအနေဖြင့် လုပ်ဆောင်သင့်ပါသည်။ ရာထူးနိမ့်ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် CEO များအထိ၊ အီးမေးလ်နှင့် လူမှုမီဒီယာမှတစ်ဆင့်၊သော်လည်ကောင်း ဖုန်းနှင့် မိတ်ဆက်ပွဲများ၊ အစည်းအ‌ဝး များမှသော် လည်ကောင်းချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။
ဝန်ထမ်းများနှင့် ယုံကြည်စိတ်ချရသော ဆက်ဆံရေးတစ်ခုကို ထူထောင်ရန် လိုအပ်မည်ဖြစ်ရာ ၎င်းတို့သည် အကြီး အကဲများ နှင့် အချက်အလက်များ မျှဝေရာတွင် အဆင်ပြေချောမွေ့သည်းဟု ထင်မြင်ယူဆလာပါက အပြန် အလှန် အားဖြင့်လည်း ထိုဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာများပါ အဆင်ပြေမည်ဖြစ်သည်။ ဝန်ထမ်းငယ်များနှင့် ရာထူးမြင့် အကြီးကဲများကြားဆက်ဆံဆက်သွယ်ရမည့် လမ်းကြောင်းများ ပွင့်လင်းစေခြင်းဖြင့် ဝန်းထမ်းများ ရင်ဆိုင် နေရသည့် ဖြစ်ပေါ်လာသည့် ပြဿနာများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ဆွေးနွေးရန် အလွယ်တကူ လက်လှမ်း မီနိုင်စေရန် လိုအပ်မည်ဖြစ်သည်။ အပတ်စဉ် သို့မဟုတ် လစဉ် အဖွဲ့အစည်းအဝေးများ ရှိခြင်းက လွယ်ကူ ချောမွေ့စေပြီး မျက်လုံးချင်းဆုံအောင်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ဂရုတစိုက်နားထောင်ခြင်းဖြင့် သူတို့အရေးကြီးကြောင်း သင့်ဝန်ထမ်းများကို ပြသပေးရမည်ဖြစ်သည်။
အပြုသဘောဆောင်သောသဘောထားသည် ကျန်းမာသောအလုပ်ပတ်ဝန်းကျင်ကိုဖန်တီးရန် ရှည်လျားသော လမ်းကြောင်းတစ်ခုဖြစ်သည်။ ကိုယ့်ကိုကိုယ် ပိတ်မထားပါနှင့်၊ တက်ကြွအားပေးမှု၊ အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းနှင့် သင့်ဝန်ထမ်းများ၏ဘ၀ကို စိတ်ဝင်စားမှုရယူခြင်းကဲ့သို့သော ရိုးရှင်းသော အမူအရာများ သည် ဝန်ထမ်းများကို တန်ဖိုးထားကြောင်း သေချာစေသည်။ အပြုသဘောဆောင်သော လုပ်ငန်းခွင်တစ်ခုသည် ပျော်ရွှင်သော၊ စိတ်အားထက်သန်သော ဝန်ထမ်းများကို ဖန်တီးပေးသည်။

အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်အဖွဲ့

မန်နေဂျာတစ်ဦးအနေဖြင့် သင်သည် များစွာသောတာဝန်များကို စိစစ်အကဲဖြတ်ရမည်ဖြစ်ပြီး၊ ကောင်းမွန်သော အဖွဲ့အစည်း၏ လုပ်ကိုင်ပုံဆိုင်ရာ နည်းစနစ်များအတိုင်း နားလည်စွာ လက်ခံလုပ်ကိုင်စေရန် ညွှန်ကြားမှုမှာ အရေးကြီးပါသည်။ သင့်ကိုယ်ပိုင်အလုပ်တာဝန်ကို စီမံခန့်ခွဲရန်၊ အခြား ဝန်ထမ်းများ၏အလုပ်ကို ကြီးကြပ်ရန်၊ အစည်းအဝေးများနှင့် လေ့ကျင့်ရေးအစည်းအဝေးများကို တက်ရောက်ရန်၊ အကဲဖြတ်မှုများ လုပ်ဆောင်ရန်နှင့် ကုမ္ပဏီမူဝါဒများကို ပြန်လည်သုံးသပ်ရန် လိုအပ်မည် ဖြစ်သည်။ ရိုးသားမှုမရှိသောနည်းလမ်းများ လုပ်ဆောင် နေခြင်း၊ အလုပ်အလေ့အကျင့်များ၊ နောက်ကျခြင်းနှင့် အဖွဲ့အစည်း၏ တန်းဖိုးများလိုက်နာမှု မရှိခြင်းတို့ မရှိရလေအောင် ဝန်ထမ်းများအတွက် စံနမူနာကောင်းတခု ဦးဆောင်လမ်းပြ လုပ်ရမည်ဖြစ်သည်။ ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုများသည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး၊ အချိန်ကုန်သက်သာစေကာ သတ်မှတ်ကာလအတိုင်းအတာအတွင်း အလုပ်ရည်မှန်းချက်များအောင်မြင်ပြီးမြောက်စေမည်ဖြစ်သည်။
မန်နေဂျာများစွာသည် လုပ်ဖော်ကိုင်ဖက်များထံသို့ တာဝန်လွှဲအပ်ခြင်းဖြင့် ၎င်းတို့၏ များပြားသောလုပ်ငန်းတာဝန် များကို သက်သာစေနိုင်ပါသည်။ ထို့ပြင်အဖွဲ့အစည်း၏ တန်ဖိုးနှင့်ရည်မှန်းချက်ပန်းတိုင်များ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန်၊ ဝန်ထမ်းများ၏ အရည်အချင်းကို ခွဲခြမ်းစိတ်ဖြာပြီး ခွဲခြားသတ်မှတ်ပြီး ကျွမ်းကျင်မှုပေါ် မူတည်၍ တစ်ခုချင်းစီကို တာဝန်ပေးအပ်ဖို့ လိုပါသည်။ ကိုယ်စား တာဝန်များလွှဲပေးခြင်းသည် အားနည်းခြင်း လက္ခဏာမဟုတ်ဘဲ၊ အမှန်တကယ်အားဖြင့် မန်နေဂျာတစ်ဦး ပြီးမြောက်အောင်မြင်နိုင်သည့် အလုပ်ပမာဏကို တိုးမြင့်စေခြင်းဖြစ်ပြီး အခြားဝန်ထမ်းများ၏ ယုံကြည်မှုနှင့် အရည်အချင်းများကို ပြုစုပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။