လုပ်ငန်းတစ်ခုစတင်ရန် သင်သည် ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ရန် သို့မဟုတ် ဘွဲ့တစ်ခုရရန် မလိုအပ်ပါ။ သင့်ပညာရေး သို့မဟုတ် သင့်လက်ရှိအလုပ်အပြင် တစ်ဖက်တစ်လမ်းမှ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်လို့ရပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ မဆောင်ရွက်ခင် ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်ပုံနှင့် ပက်သက်ပြီး တချို့ကိုသိထားဖို့တော့ လိုပါတယ်။
ပထမဆုံးအနေနဲ့ မိမိကိုမိမိပြန်မေးပါ။ သင့်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန် သင့်တော်ပါသလား?
တခြားစီမှာ အလုပ်လုပ်ခြင်းထက် မိမိကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ပြုလုပ်ခြင်းက အများကြီးသာပါတယ်။ သို့သော်လည်း သင့်ကိုယ်ပိုင် အလုပ်လုပ်သောအခါတွင် သင်သည် အောက်ပါတို့အတွက် တာဝန်ရှိပါသည်။
▪ ပြဿနာများအတွက် အကြံဥာဏ်များ နှင့် ဖြေရှင်းနည်းများ ထုတ်ရပါမယ်။
▪ လုပ်ရမယ့် အလုပ်အားလုံးကို စီစဉ်ရပါမယ်။
▪ အလုပ်သမားတွေ ငှားရမ်းကာ စီမံခံခွဲ ရပါမယ်။
▪ ထုတ်ကုန်များ ဖန်တီးခြင်း သို့မဟုတ် ဝန်ဆောင်မှုများ ပေးအပ်ခြင်း။
▪ ဖောက်သည်များရှာဖွေခြင်း။
▪ စာရင်းအင်းများ ပြုလုပ်ခြင်း။
▪ ဘေလ်များပေးဆောင်ရန်နှင့် သင်ကိုယ်တိုင်နှင့် သင့်အလုပ်သမားများကို ပေးဆောင်ရန် ငွေများစီမံခန့်ခွဲရခြင်း။
အဆိုပါတာဝန်များအတွက် အဆင်သင့်ဖြစ်မဖြစ် သိရှိရန် သင့်ကိုယ်သင် အောက်ပါမေးခွန်းများကို မေးပါ။
👉 သင့်အား လှုံ့ဆော်ရန် သင့်ပတ်ဝန်းကျင်ရှိ အခြားလူများ လိုအပ်ပါသလား သို့မဟုတ် သင်ကိုယ်တိုင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါသလား။
👉 မမျှော်လင့်ထားတဲ့အရာတွေ ကြုံလာတဲ့အခါ ရှင်းရှင်းလင်းလင်းတွေးပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မလား။
👉 တာဝန်နှင့် သတ်မှတ်ရက်များနှင့်အတူ ပါ၀င်သော ဖိစီးမှုများကို သင် ရင်ဆိုင်နိုင်ပါသလား။
ကိုယ်ပိုင်အလုပ်ပိုင်ဆိုင်ခြင်းသည် လူများစွာအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ မည်သည့်အကြောင်းကြောင့်ပင် ကိုယ်ပိုင်အလုပ်ဖြစ်လာပါစေ၊ မှန်ကန်ကြောင်း သေချာပါစေ။ ဒါပေမယ့် သင့်ရဲ့အကြောင်းပြချက်က ကိုယ်ပိုင်သူဌေးဖြစ်လာဖို့ဆိုရင် ပြုလုပ်ရမဲ့ အလုပ်တာဝန်များ ပိုများပြားလာကြောင်း သင်သိရှိထားပါ။ ဒါ့အပြင် လူတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းမှာ မိမိလုပ်ချင်သောအချိန် ထလုပ်နိုင်သည်ဟု ထင်ကြပါတယ်။ ဒါက ခဲယဉ်းပါတယ်။ ပုံမှန်လုပ်ငန်းပိုင်ရှင်-များသည် တစ်ပတ်လျှင် အနည်းဆုံး နာရီ ၅၀ အလုပ်လုပ်ကြပါသည်။
ငွေကြေးကို စီမံခန့်ခွဲခြင်းသည် လုပ်ငန်းတစ်ခုလည်ပတ်ရန် အရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သည်။ သင်၏ဘဏ္ဍာရေးအသေးစိတ်အချက်အလက်များကို နောက်ဆုံးပေါ်မသိရှိရပါက၊ သင်မသိလိုက်မီ အကြွေးတင်ရန် လွယ်ကူပါသည်။ စာရင်းရေးသွင်းခြင်းဆိုင်ရာ အလေ့အကျင့်များကို လိုက်နာကျင့်သုံးပါ။ ပြီးတော့ သင်က ငွေကြေးဆိုင်ရာ အကြံဉာဏ်အချို့ကို ကြားနားသင်ယူပါ။ သင့်လက်ရှိဘဏ္ဍာရေးအခြေအနေသည် သင့်ရဲ့လုပ်ငန်း အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း ဆုံးဖြတ်ရာတွင် အရေးကြီးသောအချက်တစ်ခုဖြစ်သည်။
အောင်မြင်တဲ့ လုပ်ငန်းတိုင်းအတွက် ရေရှည်စီမံကိန်းဆွဲဖို့ အရေးကြီးတယ်။ ၎င်းတွင် ရေရှည်ဘဝရည်မှန်းချက်များ ချမှတ်ခြင်းလည်း ပါဝင်သည်။ မတူညီသောလုပ်ငန်းကိုဝယ်ရန် သို့မဟုတ် အငြိမ်းစားယူရန် သင့်လုပ်ငန်းအကြံဉာဏ်ကို နှစ်အနည်းငယ်အတွင်း ရောင်းချမည်လား စဉ်းစားပါ။