သင့်လုပ်ငန်းတာဝန်များကို ဘယ်လိုစီစဉ်မလဲ

7 February 2023


တိကျသေချာသော လုပ်ငန်း အစီအစဉ်ဆွဲခြင်းက သေးငယ်သော လုပ်ငန်းများ တွင်လုပ်ကိုင်နေလင့်ကစား သင့်အား အောင်မြင်သော တယောက် ဖြစ်လာစေရန် သော့ချက်အဖြစ်ရှိနေသည်။ လုပ်ငန်းများ အစီအစဉ် ဆွဲခြင်းက သင့်အား လုပ်ငန်းခွင်စိတ်ဖိစီးမှုကို သက်သာစေပြီး သင့်အရည်အချင်းကို တိုးမြှင့်ပေးနိုင်သည်။ တခါတရံတွင် ဖြစ်မလာသေးသည့် အနာဂတ်ကာလ အစား နေ့စဉ် လုပ်စရာရှိသည့် အလုပ်များ လုပ်ဆောင်ပြီး မပြီးသေးသောလုပ်ငန်းကို ဦးစားပေးမှု အသစ် အဖြစ် နောက်တစ်နေ့အတွက် ဦးစားပေးအဖြစ် ထည့်သွင်းပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဥ် များကို နေ့စဥ်ပြောင်းလဲပေးခြင်းဖြင့် သင့်ရည်မှန်းချက်များကို ပိုမိုထိရောက်စွာ ပြီးမြောက်အောင် ကူညီပေးနိုင်သည်။

သင် တာဝန်ယူရမည့် အလုပ် သဘောသဘာဝကို ဦးစွားနားလည်အောင်လုပ်ဆောင်ပြီး ဦးစားပေးတာဝန်များနှင့် အခြားဆက်စပ်တာဝန်များကို အချိန်ဇယားဆွဲ လုပ်ဆောင်ပြီး ထိုအချိန်ဇယားအတိုင်း လုပ်ဆောင်ခြင်းဖြင့် သင့်အားတမှုထူးခြားစေပါသည်။ နေ့လယ်စာမစားမီ အလုပ်များကို ပိုမိုကောင်းမွန်စွာ အာရုံစိုက်တတ်ပါက၊ သင်၏ များပြားသော အလုပ်များအားလုံးကို နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီ ပြီးမြောက်စေသည်မှာ သေချာစေပြီး၊ အလုပ်ပိတ်ရက်တိုင်မီ ၊ သင်၏အရေးကြီးသောအလုပ်များကို ပြီးမြောက်ရန် အလုပ်ချိန်မပြီးဆုံးမီ နေ့စဥ် တနာရီခန့်ကို အသုံးပြုခြင်း သင့်၏ စနေ၊ တနင်္ဂနွေနေ့ရက်များကို ပေါ့ပါးစေနိုင်ပါသည်။

သင့်တစ်နေ့တာအတွင်း မပြီးပြတ်ခဲ့သော အလုပ်မှန်သမျှကို ချရေးပြီး သင်၏ နောက်နေ့အလုပ်များ စာရင်းတွင် ၎င်းအလုပ်များကို ဦးစားပေး ပြီးမြောက်စေရမည်ဖြစ်သည်။ တစ်နေ့တာအတွင်း ပြီးမြောက် ရမည့် အလုပ်များကို နေ့စဥ်အပြီးသတ်ချင်သော်လည်း အမြဲတမ်းမဖြစ်နိုင်ပါ။ နေ့သစ်တိုင်းတွင် စိန်ခေါ်မှုအသစ်များ ရှိလာနိုင်သောကြောင့် ယခင်နေ့၏ မပြီးပြတ်သော အလုပ်များကို ဦးစားပေး လုပ်ဆောင်ခြင်းဖြင့် ထိုအလုပ်များ၏ အရေးပါမှုကို နေ့စဥ် အမှတ်ရနေမည်ဖြစ်သည်။