သင့်အလုပ်စားပွဲကို ဘယ်လိုစီစဥ်မလဲ

8 February 2023

အိမ်မှဖြစ်စေ ရုံးမှ ဖြစ်စေ အလုပ်လုပ်ရသူအများစုအတွက် အလုပ်စားပွဲ အစီစဥ်တကျ ထားရှိခြင်းမှာ အများစု အတွက် ခက်ခဲတတ်ပါသည်။ ဥပမာအားဖြင့် သတင်းစာဆရာတယောက်၏ အလုပ်စားပွဲတွင် သတင်းစာဟောင်း များ၊ ပုံနှိပ်စာမျက်နှာများနှင့် ပုံနှိပ်ဒီဇိုင်းများက စားပွဲခုံတခုလုံးပေါ်တွင် နေရာယူတတ်လေ့ရှိပြီး ထိုသို့မဖြစ်စေရန် နမှုနာအားဖြင့် စာရွက်၊ ဘရိုရှာများနှင့် မှတ်စုဟောင်းများအားလုံးကို စားပွဲဘေးရှိ ဖိုင် သို့မဟုတ် ပုံးတစ်ခုတွင် စုပုံထားပြီး လိုအပ်သည့် အချိန်မှသာ ကောက်ယူ အသုံးပြုနိုင်ရန် ထားရှိခြင်းမျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် လုပ်လက်စ အလုပ်များ သို့မဟုတ် ဖိုင်တစ်ခုကို ခဏတာ သတိပြုမိလိုက်ခြင်းဖြင့် မပြီးပြတ်သေး အလုပ်များကို မကြာခဏ အမှတ်ရစေပါသည်။

သင်အသုံးအများဆုံးသော လုပ်ငန်းသုံးကရိယာ များကို သင့်လက်တကမ်းတွင် ထားရှိထားပြီး သင့်ရုံးလုပ်ငန်းသုံး ဖုန်းကို ကွန်ပျူတာ ဘယ်ဘက်ခြမ်းရှိ စားပွဲခုံတစ်ခု တပ်ဆင်ထားသင့်ပါတယ်။ အကယ်၍သင်သည် ညာသန် ဖြစ်ပါက သင့်ညာဖက်တွင်သာ ထားသင့်ပါသည်။ ထို့ပြင်အလုပ်စားပွဲကို နံရံကို ကျောပေးထားပြီး ရုံးခန်းနံရံ နေရာလွတ်များတွင် ဖိုင် သို့မဟုတ် လုပ်ငန်းမှတ်တမ်း‌ဟောင်းများထားရန် အသုံးပြုသင့်ပါသည်။

သက်ဆိုင်ရာ နှင့် အရေးတကြီးစာရွက်စာတမ်းများကိုသာ သင့်စားပွဲပေါ်တွင် ထားသင့်ပြီး စာရွက်စာတမ်း တစ်ခုကို အသုံးပြုပြီးသည်နှင့်၊ စွန့်ပစ်ခြင်း သို့မဟုတ် နောင်တွင် ထပ်မံကိုးကားရန် အတွက် သိမ်းဆည်းလိုပါက အမည် နှင့်တကွ မှတ်တမ်းရေး သိမ်းဆည်းသင့်ပါသည်။

ရုံးခန်းမှ မထွက်ခွာခင် အလုပ်စားပွဲကို နေ့စဥ် သန့်ရှင်းရေးလုပ်ခဲ့ခြင်းဖြင့် အလုပ်ဖွင့်ရက်တိုင်း၏ တနေ့တာအစ လန်းဆန်းမှုများ ရစေနိုင်သည်။ ရုံးခန်းဖြစ်စေ နေအိမ်ဖြစ် အပတ်စဥ် ပိတ်ရက်တိုင်း သို့မဟုတ် လစဥ် လတိုင်း သန့်ရှင်းသပ်ရပ်စွာ ထားခြင်း စိတ်အာရုံကြည်လင် လန်းဆန်းစေပါသည်။

ရှုပ်ပွနေသောစားပွဲနှင့် အလုပ်ပတ်ဝန်းကျင်က သင့်ပရောဂျက်များ၊ လုပ်ဆောင်စရာများနှင့် အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်မှုအပေါ် သိသိသာသာသက်ရောက်မှုရှိနေပြီး ရှင်းလင်း သပ်ရပ်စွာ ထားရှိခြင်းက စိတ်ကူးနှင့် ဖန်တီးနိုင်စွမ်းကို မြင့်မားစေပါသည်။ အလုပ်စားပွဲ သန့်ရှင်းသပ်ရပ်နေခြင်းက အာရုံထွေပြားမှုများကို ဖယ်ရှားပေးပြီး ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည့်အပြင်၊ နောက်ထပ် အကြံဉာဏ်ကောင်းတစ်ခု သို့မဟုတ် ဖန်တီးမှု အသစ်တစ်ခုကို တည်ဆောက်ရန် ကူညီပေးသည်။ ပုံမှန်ရုံးချိန်တစ်နေ့တာ၏ အားလပ်ချိန်များတွင် အလုပ်စားပွဲကို သန့်ရှင်းရေး ပြုလုပ်ပေးဖို့ တိုက်တွန်းလိုပါသည်။