အလုပ်မှာ ရာထူးတိုးအောင် ဘာတွေလုပ်မလဲ ?

13 February 2023

ကိုယ်ရုံးမှာ ကိုယ့်အထက်လူကြီးက ကိုယ့်ကိုမျက်စိကျ သတိထားမိပြီး အရည်အချင်းကို အသိမှတ်ပြု ရာထူး တိုးမြင့် ခံရဖို့ဆိုတာ အားလုံးဖြစ်ချင် လိုချင်ကြပါတယ်။ လက်ရှိလုပ်ငန်းခွင်မှာ ရာထူးတိုးခံရဖို့ ရာထူးတိုး လျာထားစာရင်းမှာပါဖို့ မှန်ကန်တဲ့ နည်းလမ်းကိုသာ စဥ်းစား ရွေးချယ်ကြဖို့ကိုလဲ အကြံပြုလိုပါတယ်။ အကယ်၍ ကြိုးစားအားထုတ်ပါလျက် ရာထူးတိုးမခံရလည်း စိတ်ပျက်စရာမဟုတ်ဘူးလို့ပြောပါရစေ၊ ဘာကြောင့်လဲ? အလုပ် ကြိုးစားသော်လည်း ရာထူးတို့ဖို့ ကုမ္ပဏီဘက်က ပျက်ကွက်ရင်လဲ စိတ်မပျက်ပါနဲ့ ကြိုးစားအားထုတ်မှုတိုင်း အတွက် မြင့်မားတဲ့ လစာနှင့် ပိုမိုကောင်းမွန်တဲ့ နေရာတိုင်းက သင့်အတွက် အမြဲရှိနေပါတယ်။

အောင်မြင်မှု ကိုယ်တိုင် အစမှ အဆုံး တာဝန်ယူ လုပ်ကိုင်ရတဲ့ အလုပ်တိုင်းအတွက် ပြီးမြောက် အောင်မြင်မှုတိုင်းကို မှတ်သားထားပြီး ပရိုမိုးရှင်း တိုးခံရဖို့ အခွင်းရေးရတိုင်း မျှဝေမိတ်ဆက်ပေးပါ။ ကိုယ်တိုင်လုပ်အောင်မြင်ခဲ့မှုတိုင်း အတွက် ကုမ္ပဏီကို အသိပေးခြင်းက ကိုယ်တိုင်အတွက်သာမက ကုမ္ပဏီ အဖွဲ့အစည်းအတွက်ပါ ကျေးဇူးတင် အမှတ်ရနိုင်ပြီး ယုံကြည်မှုခိုင်မာလာပြီး လုပ်ငန်းခွင်တွင် မျက်နှာပွင့် ရာထူးမြင့်စေနိုင်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုဖန်တီးမလဲ? လူတိုင်းမှာကိုယ်တိုင်ရပ်တည် လုပ်ကိုင်ကြသည့် အလုပ် အကိုင်တိုင်းအတွက် ရည်မှန်းချက် ရှိသင့်ပြီး ထိုအလုပ်ကိုင်တိုင်းအတွက်လည်း ဆက်စပ်သည့် ဘာသာရပ်များကို အမြဲလေ့လာ ဆည်းပူးခြင့်ဖြင့် သင့်အရည်အချင်းကို မြှင့်တင်နေသင့်ပါသည်။ အလုပ်တွင် ရာထူးတိုးခြင်းခံရဖို့မှာ အခြေနေနှင့် အချိန်အခါအလိုက် လိုအပ်နိုင်ပြီး၊ ရာထူးတိုးမခံရမီ သက်ဆိုင်အရည်အချင်းများ သင်ယူထားခြင်းက မိမိကိုယ်ကို ပြင်ဆင်ထားခြင်းလဲ့ ဖြစ်နိုင်ပါသည်။ ခေါင်းဆောင်မှုနှင့် ဆက်သွယ်ဆက်ဆံခြင်း စသော Soft Skills အွန်လိုင်းသင်ခန်းစာများ လေ့လာထားခြင်း၊နှင့် ကုမ္ပဏီတွင် လက်ရှိ အသုံးပြုလျက်ရှိသည့် နည်းပညာများကို သီးခြား လေ့လာလေ့ကျင့်ခြင်းဖြင့်လည်း အနာဂတ် အလုပ်အကိုင် အခွင့်လမ်းကို မြင့်တက် အောင်လုပ်ဆောင် နိုင်ပါသည်။