လိုအပ်ချက်များအားလုံးကို မပြည့်မီဘဲ အလုပ်လျှောက်ထားသင့်ပါသလား?

14 February 2023

အလုပ်ခေါ်စာပါ လိုအပ်ချက်အားလုံး မပြည့်မီသော်လည်း အလုပ်လျှောက်ထားခြင်းများ ပေးပို့လျှောက်ထား နေသင့်ပါတယ်။ အလုပ်ကြော်ငြာ တစ်ခုကိုတွေ့တိုင်း ပေးပို့နေခြင်းမျိုး မဟုတ်ဘဲ ကြော်ငြာပါ အရည်အချင်း သတ်မှတ်ချက် အများစုနှင့် မကိုက်ညီသည့် အလုပ်များကိုတော့ မလျှောက်ထားဖို့ တိုက်တွန်း လိုပါတယ်။ သို့သော် အလုပ်ကြော်ငြာပါ သတ်မှတ်ချက်များစာရင်းမှ မပြည့်မီသည့်အရာ အနည်းငယ်သာရှိခြင်း၊ ဥပမာ၊ အလုပ်အတွက် အဓိကအရေးမပါသော ဆော့ဖ်ဝဲပက်ကေ့ဂျ်ကို အသုံးပြုခြင်း အတွေ့အကြုံ သို့မဟုတ် အသိပညာနှင့် ပတ်သက်သော အတွေ့အကြုံ၊ အလွယ်တကူလေ့လာနိုင်သော အဖွဲ့အစည်း သို့မဟုတ် လုပ်ငန်း နယ်ပယ်ပါ ဆက်စပ်အကြောင်းအရာများဖြစ် ပေးပို့လျှောက်ထားသင့်ပါသည်။

ထို့ပြင် အလုပ်ခေါ်ယူသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီမှ ကိုယ့်တွင် ရှိနေသည့် အရည်အချင်းအများစု ကိုက်ညီမှု ရှာဖွေနေသည်များလည်းရှိနေနိုင်သည်။ အလုပ်ခေါ်စာ အများစုတွင် ဖော်ပြထားသည့် JD များကို Recruitment or HR မန်နေဂျာများမှ ရေးသားရပြီး ခန့်အပ်မည့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် လုပ်ငန်း အကြီးအကဲ၏ လိုလားချက်များ ပါရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် မည်သည့် ကိုယ်စားလှယ် လောင်းမဆို အလုပ်ကြော်ငြာပါ စံနှုန်းတစ်ခုစီတိုင်းနှင့် ကိုက်ညီနေသည်မှာ မဖြစ်နိုင်သည့် အကြောင်းကြောင့်၊ ကိုယ်တိုင်နှင့် လိုက်လျောညီထွေရှိသော အဆင့်တစ်ခုရှိနေနိုင်ပါသည်။ Recruitment or HR မန်နေဂျာများ ကလည်း အလုပ်ရှာဖွေသူများ၏ လျှောက်လွှာများ ပြန်လည်သုံးသပ်သည့်အခါ စံနှုန်းတစ်ခုစီတိုင်းနှင့် ကိုက်ညီမှု ကို ရှာဖွေခြင်းထက် ဖြစ်နိုင်ချေရှိမည့်သူကိုသာ ‌ရွေးချယ်ကြခြင်းကို နားလည်သဘောပေါက်သင့်ပါသည်။

အလုပ်လျှောက်လို့ အရှုံးမရှိပါ သင်အနေနဲ့ အလုပ် ကြော်ငြာပါ သတ်မှတ်စံနှုန်းများ၏ 100 ရာခိုင်နှုန်း အားလုံး ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ် သို့သော် အလုပ်အခွင့်အလမ်းအားလုံးကို တွန့်ဆုတ်မနေဘဲ လျှောက်ထားဖို့ အကြောင်းများစွာရှိပါတယ်။ သင်သေချာပေါက်နီးပါး အကောင်းဆုံးလုပ်နိုင်မည့် အလုပ်များကို မလျှောက်ထားခြင်းက မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေခြင်းကို ခွင့်မပြုပါနဲ့ ။ Forbes ၏ပံ့ပိုးကူညီသူနှင့် ခေါင်းဆောင်မှုနည်းပြ Bill Gardner က “ကြော်ငြာပါ အလုပ် သတ်မှတ်ချက် သဘောပေါက် နားမလည်ဘဲ လျှောက်ထားလို့ ထိုခိုက်မှု မရှိနိုင်ပဲ၊ အင်တာဗျူး အတွေ့အကြုံပင် ရရှိနိုင်ပါတယ်” ထိုအင်တာဗျူး အတွေ့အကြုံကပင် သင်၏အလုပ်ရှာဖွေမှုတိုင်းအတွက် အဆင်သင့်ဖြစ်စေနိုင်ကြောင်း ပြောကြား ဖူးပါတယ်။