တာဝန်ခံယူမှုရှိသည့် ခေါင်းဆောင်တိုင်း လိုက်နာသင့်သည့် အခြေခံစည်းမျဥ်း၃ချက်

16 February 2023

ခေါင်းဆောင်တစ်ဦးအနေဖြင့် ရလဒ်မျg src=”http://mycanvas.tvpcareer.com/wp-content/uploads/2023/02/20230216-1024×615.jpg” alt=”” width=”640″ height=”” class=”aliားရရှိရန်အတွက် သင့်တွင် တာဝန်ရှိပါတယ်။ သင်ဖန်တီးလိုသော အလုပ်ခွင်စံနှုန်းအတွက် စံနမူနာများပြသရန် သင်တွင်တာဝန်ရှိပါသည်။ ဒါမှသာ သင်သည် ကြုံတွေ့သောအခက်အခဲများကို ဘယ်လိုဆုံးဖြတ်ချက်များချရန် လိုအပ်သည်ကို သင်သိရှိနိုင်မှာပါ။ သင့်အထက်အရာရှိ၏ တင်ပြသောအစီရင်ခံစာများအတွက် သင်သည် တာဝန်ယူနိုင်ရမည်။ ထိုသို့တာဝန်ရယူခြင်းသည် တစ်ချက်မျှ မလွဲမသွေ နေ့စဥ်လုပ်ဆောင်ရမည့် အရာဖြစ်သည်။ သို့သော် သင့်တွင် ဆိုးရွားသောနေ့တစ်နေ့ကြုံတွေ့နိုင်ပြီး သင်သည်ကျယ်လောင်စွာ မပြောသော်လည်း ရလဒ်မှားသွားသည့်အတွက် သင့်အဖွဲ့ကို တိတ်တဆိတ် အပြစ်တင်နေနိုင်ပါတယ်။

ဒါပေမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် လက်ညိုးထိုးခြင်း သို့မဟုတ် ဆုံးဖြတ်ချက်များပြုလုပ်ရန်အတွက် ရှောင်ရှားရန် နေရာမရှိပါ။

Extreme Ownership

“Extreme Ownership” ဆိုတာ အလုပ်တစ်ခုအတွက် အရာရာတာဝန်ယူမှု တာဝန်ခံမှု အလေ့အကျင့်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် သင်၏လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များ၊ သင့်အဖွဲ့၏လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များအပြင် သင်တိုက်ရိုက်မထိန်းချုပ်နိုင်သောအချက်များသာမက အလုပ်ပြီးမြောက်မှု ကျရှုံးမှုအားလုံးအတွက် တာဝန်ယူမှုဖြစ်သည်။
ဤသဘောတရားသည် စွမ်းဆောင်ရည်မြင့်မားသောအသင်းတစ်သင်းကို တည်ဆောက်ခြင်းနှင့် တည်တံ့ခိုင်မြဲရန် အစပြုသည့်အချက်ဖြစ်သောကြောင့် အထူးအရေးကြီးပါသည်။ ဤသို့တာဝန်ယူထားသောခေါင်းဆောင်များသည် ၎င်းတို့၏ အဖွဲ့၀င်များ၏ ယုံကြည်လေးစားမှုကို ပိုမိုရရှိဖွယ်ရှိသည်။ ဝန်ထမ်းများသည် ၎င်းတို့၏ ခေါင်းဆောင်များ၏ လုပ်ရပ်များအတွက် တာ၀န်ယူကြောင်း မြင်သောအခါ၊ ခေါင်းဆောင်များအပေါ် ယုံကြည်မှုနှင့် ရိုသေမှုကို တိုးပွားစေပါသည်။

မကောင်းသောအသင်းများမရှိပါ၊ ဆိုးရွားသောခေါင်းဆောင်များသာရှိသည်။

ဆိုးတဲ့အသင်း မရှိဘူး၊ ဆိုးတဲ့ ခေါင်းဆောင်တွေပဲ ရှိတယ်။
ဒါသည်လက်ခံရ ခက်ခဲသောအချက်ဖြစ်နိုင်သော်လည်း ၎င်းသည် ဦးဆောင်နေချိန်တွင် သင်လက်ခံရမည့် အရေးကြီးဆုံးစိတ်ထားများထဲမှ တစ်ခုဖြစ်သည်။
သတိရပါ!!!- သင်သည် သင့်ရဲ့အသင်းအပေါ် စွမ်းဆောင်ရည်ညံ့ဖျင်းတာကို အပြစ်တင်နေရင်၊ သင့်ရဲ့အသင်းမှာ စွမ်းဆောင်ရည်ညံ့ဖျင်းတာကိုသာ ဆက်ပြီးရနေလိမ့်မယ်။ ကြုံတွေ့ရမည့်အခက်အခဲများကိုတွေးတောပြီး ဘယ်အဖွဲ့ကိုမဆို အားထုတ်မှုနဲ့ ရည်ရွယ်ချက်နဲ့ အောင်မြင်မှုဆီ ဦးတည်နိုင်မယ်လို့ ဆုံးဖြတ်ပြီး အနိုင်ရဖို့ သင့်ကိုသင် သတ်မှတ်လိုက်ပါ။

ဦးစားပေးခွဲခြားပြီး လုပ်ဆောင်ပါ၊

အထူးသဖြင့် သင်စိတ်ရှုပ်နေချိန်မှာ ဦးစားပေးခွဲခြားပြီး လုပ်ဆောင်ပါ။ ဒါသည်ပြဿနာများကို ဖြေရှင်းရန်နှင့် ဤရိုးရှင်းသောစည်းမျဥ်း၏အရေးပါမှုကို သင်သံသယရှိပါက လုပ်ငန်းခွင်တွင်အောက်ပါဖော်ပြထားသော အချက်ကိုစဉ်းစားပါ။

“တစ်စုံတစ်ယောက်တွင် အကြံကောင်းတစ်ခုရှိသည်။ သင်နှင့်သင့်အဖွဲ့သည် အဲဒီအကြောင်းပြောပြီး အဲဒါနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေပြုလုပ်သည်။ ဦးစားပေးခွဲခြားခြင်းနှင့် အကောင်အထည်ဖော်ခြင်းမရှိပါက၊ ဤစိတ်ကူးသည် လက်တွေ့အဖြစ်မှန်အဖြစ်သို့ မပြောင်းသွားသေးသော စိတ်ကူးကောင်းတစ်ခုအဖြစ်သာ ကျန်ရှိနေပါလိမ့်မည်။