တစ်နေ့တာအတွက် သင့်ရည်မှန်းချက်တွေကို ချရေးပြီး ဦးစားပေးလုပ်ပါ။ ထိုစာရင်းကို မြင်သာအောင် ထားပါ၊ Facebook, YouTube တို့ တွင် မမြောသွားစေရန် သင့်ကိုယ်သင် သတိပေးဖို့ ထိုစာရင်းကို ကြည့်နိုင်ပါသည်။
မပြီးစီးနိုင်သော အစည်းအဝေးများကို ကြုံဖူးပါလိမ့်မည်။ တကယ်တမ်းဆို မကြာသင့်ပဲ ကြာနေတဲ့အစည်းအဝေးတွေ ဖြစ်နေပါက အချိန်ကန့်သတ်ချက်တစ်ခုသတ်မှတ်ကာ အစီအစဉ်တစ်ခုအား တွန်းအားပေးပြီး ၎င်းကိုလိုက်နာခြင်းဖြင့် အချိန်ကုန်သက်သာစေသည်။ စိတ်ကျဥ်းကြပ်လာပါက အခန်းထဲက ထွက် လမ်းခဏလျှောက်ပြီး အချိန်ယူပါ။
အစည်းအဝေးများသည် သင့်ပြက္ခဒိန်တွင် ကြိုတင်စာရင်းသွင်းထားရမည့် တစ်ခုတည်းသောအလုပ်မဟုတ်ပါ။ သင်ကိုယ်တိုင်အတွက် “ရုံးချိန်” ကို အချိန်ဇယားဆွဲပြီး အရေးကြီးပုဂ္ဂိုလ်နှင့် အရေးကြီးအစည်းအဝေးပြုလုပ်လိုသကဲ့သို့ နေထိုင်ပါ။ သင်၏အာရုံစူးစိုက်မှုနှင့် အရှိန်အဟုန်ကို အနှောက်အယှက်မရှိဘဲ ဆက်လက်ထိန်းထားရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
Notification တစ်ခု၀င်လာသောအခါတွင် ဖုန်းဆီသို့ အာရုံပြောင်းသွားနိုင်ပါသည်။ ထို့ကြောင့် သင်အလုပ်မှာရှိစဉ် ဖုန်းကို ပိတ်ပြီး အံဆွဲထဲထည့်သိမ်းထားပါ။