ဘာကြောင့် အမှားလုပ်မိမှာကို မကြောက်သင့်တာလဲ။

7 June 2023


လူတွေဟာ အောင်မြင်မှုကို အစွဲအလမ်းကြီးတဲ့ ကမ္ဘာမှာ နေထိုင်ကြပါတယ်။ ကျွန်ုပ်တို့ ပြုလုပ်သည့်အရာ ပြောသည့်အရာများကို လူတွေဟာ လျင်မြန်စွာစိစစ်ဝေဖန်ကြပါသည်။ လူတွေက ဝေဖန်ရတာကို နှစ်သက်ကြပြီး – ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ အမှားတစ်ခုကို ကျူးလွန်မိတဲ့အခိုက်အတန့်တွေကို ပထမဆုံး ထောက်ပြသူတွေဖြစ်ပါတယ်။
အမှားလုပ်မိပြီး ကျရှုံးတာဟာ လူတိုင်းကြုံဖူးကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူတို့၏အမှားနှင့် ကျရုံးခြင်းများကို ဖော်ထုတ်ပြဖို့ မဝံရဲကြပါဘူး။ ဒါပေမဲ့ ဘဝဟာ အမှားပြုလုပ်ခြင်းနှင့် ကျရုံးခြင်းကို ကြောက်ပြီးဘာမှမလုပ်ခြင်းထက် အမှားများနှင့်ကျရုံးခြင်းများကို နမူနာယူပြီး အောင်မြင်မှုနောက်ကို လိုက်ခြင်းက အများကြီးပိုသာပါတယ်။
သင်ဟာ အမှားလုပ်မိမှာကို မကြောက်တဲ့သူတစ်ယောက်ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေက သင်တစ်ဦးချင်းစီအနေနဲ့ ဆက်လက်ကြိုးစားပြီး အောင်မြင်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အချက်အချို့ပါ။

အမှားတွေက သင့်ကို ပိုပြီး ဗဟုသုတရစေပါတယ်။

အမှားများသည် အချို့သောအရာများကို လေ့လာရန်နှင့် သင်ယူရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ တကယ်တော့ သင်ဟာ မိုက်မဲတဲ့အမှားတချို့ကို လုပ်ရင်းနဲ့ ဘဝရဲ့ အကောင်းဆုံးသင်ခန်းစာတွေကို သင်ယူရလိမ့်မယ်။
အမှားတစ်ခုကို ကျူးလွန်မိတဲ့အခါ၊ အဲဒါကို လုပ်ဖို့ မှန်ကန်တဲ့ နည်းလမ်းရှိတယ်လို့ ဆိုလိုပါတယ်။ သင်အောင်မြင်ရန် ကတိကဝတ်ပြုပါက၊ ထိုသို့ဖြစ်မြောက်ရန် ပြုလုပ်ခဲ့သော အမှားများကို သုံးသပ်ပြီး ပြင်ဆင်လို့ရပါတယ်။

အမှားတွေက သင့်ကို ပိုသတ္တိရှိပြီး ရဲရင့်စေပါတယ်။

‘အမှား’ ဟူသော စကားလုံးသည် လူအများ၏ စိတ်ထဲမှာ ကြောက်ရွံ့ထိတ်လန့်စေနိုင်သည်။ သင့်မျှော်လင့်မထားသော ရလဒ်များရရှိလာပါက ဖြစ်ရတဲ့ အရင်းအမြစ်များကို ရှာဖွေပြီး နောင်တွင် ဆင်ခြင်နိုင်အောင် ကြိုးစားပါ။
သို့သော် လက်တွေ့တွင်၊ တစ်စုံတစ်ခု မှားယွင်းခြင်း သို့မဟုတ် မမျှော်လင့်ထားသောအခြေအနေမျိုးတွင် သင်သည် ငိုခြင်း၊ မကျေနပ်ခြင်း၊ အပြစ်တင်ခြင်းစသော အမူအကျင့်များကို ပြုလုပ်နေပါလိမ့်မည်။
အသစ်သောအရာများကိုကြိုးစားပြီး ပြုလုပ်ရန် သတ္တိရှိသောလူများကနည်းပါတယ်။ အသစ်အသစ်သောအရာများကို စမ်းသုံးခြင်းသည် သင့်အား အလုပ်နည်းလမ်းသစ်များနှင့် အခြားသူများမလုပ်နိုင်သော အရာများကို လုပ်ဆောင်ရန် ခွန်အားဖြစ်စေပါသည်။

အမှားများသည် သင့်ပုံစံကို ရှာဖွေတွေ့ရှိရန် ကူညီပေးသည်။

ကျွန်ုပ်တို့တစ်ဦးစီတွင် စံနမူနာ သို့မဟုတ် လုပ်ဟန်တစ်ခုစီရှိကြသည်။ ဤပုံစံ သို့မဟုတ် စတိုင်လ်သည် အမြဲတမ်းပြောင်းလဲနေပြီး တိုးတက်နေသည်ဟုဆိုခြင်းသည် မှားမည်မဟုတ်ပါ။
မိမိမှာ တိကျတဲ့ အလုပ်နည်းလမ်းမရှိဘူးလို့ ထင်နေတဲ့သူတိုင်းအတွက် သင့်မှာ စံနမူနာ လုပ်ဟန် တစ်ခုရှိပါတယ် – တကယ်တော့ သင့်အနေနဲ့ အဲဒါကို သင်မသိသေးလို့ပါပဲ။ အမှားများသည် ကျွန်ုပ်တို့၏ပုံစံကို ရှာဖွေတွေ့ရှိရန် ကူညီပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

အမှားတွေက နောင်တကင်းတဲ့ ဘဝနေထိုင်တတ်ဖို့ သင်ပေးတယ်။

သင်အမြဲလုပ်ချင်တဲ့အရာတစ်ခုအတွက် နောင်တရရတာက ကောင်းတဲ့ခံစားချက်မဟုတ်ပေမယ့် သင်က အန္တရာယ်ကင်းကင်းနဲ့ ပြုလုပ်မည့်အရာများကို ရှောင်ရှားနေမည်ဆိုရင် သင်အတွက် နောင်တများသာ ကျန်ရှိနေပါလိမ့်မယ်။
သင်လုပ်ခဲ့တဲ့ရွေးချယ်မှုတွေထက် သင်မလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို နောင်တရနေမယ်ဆိုတာ အမြဲသတိရပါ။

အမှားတွေက သင့်ကို ရင့်ကျက်နေပြီး တာဝန်ယူမှုရှိစေပါတယ်။

ကျွန်ုပ်တို့အများစုသည် အမှားလုပ်မိမည်ကို ကြောက်ရွံ့ခြင်းနှင့် ပြုလုပ်ရန်ခြေလှမ်းစတင်ခြင်း အဆင့်မှာပင် ပိတ်မိနေကြပါသည်။ အမှားများကိုကြိုတင် စိုးရိမ်ပူပန်ခြင်းဖြင့် သင်ဟာလက်တွေတုန်ခြင်း၊ အသံတုန်တာနဲ့ နှလုံးခုန်တာမြန်လာသောကြောင့် အမှားကို ပိုမိုလို့ပင် ပြုလုပ်ပါတယ်။
အောင်ပွဲမရခဲ့ရင်တောင် ပိုမိုကောင်းမွန်ပြီး တိုးတက်ပြောင်းလဲလာတဲ့ လူသားတစ်ယောက်အဖြစ် ပေါ်လာမှာပါ။ အမှားများသည် အမှန်ပင်၊ တစ်ဦးချင်းအနေနှင့် ကြီးပွားတိုးတက်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။
သင့်ရဲ့အမှားတွေအတွက် ရှက်ရွံ့နေမယ့်အစား ဂုဏ်ပြုပြီး သင်ခန်းစာယူဖို့ အချိန်ရောက်ပါပြီ။ ကြီးမြတ်သူ သို့မဟုတ် အောင်မြင်သူတိုင်းသည် ၎င်းတို့၏ အမှားမှတဆင့် အောင်မြင်မှုများကို ရယူကြပါတယ်။