Comfort Zone မှ ရုန်းမထွက်လိုခြင်း

28 March 2023


မကြာခဏကြားရလေ့ရှိသော အသံများတွင် မင်း Comfor Zone ထဲက ဘာကြောင့် ရုန်းမထွက်ချင်တာလဲ? မိမိတို့တနေ့တနေ့ အလုပ်များအပင်ပန်းခံ လုပ်နေကြခြင်းသည် တချိန်ချိန်တွင် ကောင်းမွန်စွာ နေထိုင်လိုခြင်း ကြောင့်ဖြစ်ပြီး၊ ထိုအနားယူသော အချိန်နှင့် အသက်အရွယ်အရောက်တွင် ဝင်ငွေအတွက်နှင့် စိတ်ပူပန်နေရခြင်း မျိုးမရှိဘဲ မိမိနှစ်သက်ဝါသနာပါရာကိုသာ အေးဆေးအနားလုပ်ကိုင်ကြရန်အတွက်ဖြစ်သည်။

လတ်တလောအချိန်ကာလ လက်ရှိအချိန်တွင် မိမိတို့လုပ်ကိုင်နေသည့် အလုပ်ခွင်မှာ သက်တောင့်သက်သာရှိစွာ လစာဝင်ငွေအသင့်အတင့်ဖြင့်တည်ငြိမ်သော ဘဝတွင် အသားတကျဖြစ်နေကြသူ ဝန်ထမ်းအများစုရှိနေကြပြီး သင်ယူမှုအသစ်များ စိန်ခေါ်မှုအသစ်များနှင့် အခွင့်အလမ်းအသစ်များကို ပြောင်းလဲ ရယူလိုကြခြင်းမရှိသည့် အခြေအနေများကို Comfort Zone မှ ရုန်းမထွက်လိုသည့် အခြေအနေများအဖြစ်သတ်မှတ်နိုင်ပါသည်။

မနက်ဖြန်ဆန်အိုးထဲမှာဆန်ရှိနေတာပဲ ဒီကနေ့ ငါဘာမှ အထူးတလည်မလုပ်သေးဘူး၊ ဒီလစာဝင်ငွေနဲ့လည်း လောက်ငနေတာပဲ စသည့် ပေါ့ပျက်ပျက်အတွေးများကို သင်၏တက်လမ်းများကို ပိတ်ဆို့နေသည့် အတွေးအခေါ် များလည်းဖြစ်သည်။ ခရီးသွားဖို့ပိုက်ဆံမရှိခြင်း ကျန်းမာရေးအတွက် အပိုငွေမရှိခြင်းများသည် သက်တောင့် သက်သာရှိနေသည့် Comfort Life မဟုတ်ဘဲ ဟန်ဆောင်နေထိုင်သည့် အတုအယောင်ကမ္ဘာသာဖြစ်ပါသည်။ ထိုအတုအယောင်များတွင် တာရှည်မနေဘဲ စစ်မှန်သော ရုန်းကန်ရသည့် ဘဝများတွင် နေထိုင်ခြင်းဖြင့် သင့်အား ပိုမိုသန်မာအားကောင်းစေပါသည်။

Comfort Zone အစစ်တွင် လုံလောက်သောငွေကြေးစုဆောင်းနိုင်စွမ်းရှိသည့် ဝင်ငွေများရှိနေမည်ဖြစ်ဖြစ်ပြီး သေချာသောရင်းနှီးမြှပ်နှံမှုများပြုလုပ်ပြီး ဝင်ငွေလမ်းကြောင်းများဖော်ဆောင်နိုင်ခြင်း၊ လစာဝင်ငွေ တသတ်မတ် တည်းတွင်ရပ်တည်မနေတော့ခြင်းကြောင့် အချိန်များပိုမိုထွက်လာပြီး ကျန်းမာရေး မိသားစု ဘာသာရေး နှင့် မိမိ ဝါသနာပါရာ နှစ်သက်ရာ အလုပ်များကို လုပ်နိုင်လာလိမ့်ဖြစ်ဖြစ်သည်။