1️⃣ မိမိကိုယ်တိုင် တကယ်လုပ်ချင်တဲ့ အလုပ်အမျိုးအစား ဆင်ခြင်ခွဲခြားသတ်မှတ်ပါ
2️⃣ လုပ်ကိုင်မည့် အလုပ်တာဝန်များကို စေ့စပ်စွာလေ့လာပါ
3️⃣ လက်တွေ့ကျ ဖြစ်နိုင်သည့် အနေအထားနှင့် လစာကိုတောင်းဆိုပါ
4️⃣ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးပါ
5️⃣ သင်အရည်အချင်းများကို သုံးသပ်ဆန်းစစ်ပါ
6️⃣ သင့် career နှင့် သက်ဆိုင်သည့် ကုမ္ပဏီများကို သုတေသနလုပ်ပါ
စိတ်အားထက်သန်မှုနှင့် ကျွမ်းကျင်မှုများရှိသော အလုပ်များကို လုပ်ဆောင်နေရခြင်းက ပျော်ရွင်စေပြီး၊ သင်နှစ်သက်သည့် အလုပ်များကိုသာရှာဖွေလုပ်ကိုင်းခြင်းက အနာဂတ်တွင် သင့်အား အောင်မြင်စေသော သူတယောက်ဖြစ်စေပါသည်။ ဥပမာအားဖြင့် – သင်သည် ဂီတကို ဝါသနာပါသူဖြစ်နိုင်သော်လည်း ပရော်ဖက်ရှင်နယ်အဆင့်ထိရောက်အောင် သိုမဟုတ် အောင်မြင်သည့် ဂီတပညာရှင်အဖြစ် မဖြစ်နိုင်ကြောင်း သိရှိပါက ဂီတနှင့် သက်ဆိုင်သော အလုပ်အကိုင်များကို ဘေးဖယ် ထားလိုက်သင့်ပါသည်။ သို့သော် သင်သည် ဂီတနှင့် သက်ဆိုင်သော တူရိယာများကို ရောင်းချခြင်း၊ ၎င်းတို့ကို တည်ဆောက်ပုံ လေ့လာခြင်းဖြင့်၊ ဂီတသီအိုရီကို သင်ကြားခြင်း စသော ဆက်စပ်နေသည့် လုပ်ငန်းများကို လုပ်ကိုင်နိုင်သည်။
အလုပ်ရှာဖွေမှုတွင် ငွေကြေးဘယ်လောက်ရနိုင်သည်ကို ဗဟိုပြုစဥ်းစားမနေဘဲ မိမိနှစ်သက်သည့် အလုပ်အမျိုး အစားကိုသာ ရှာဖွေစဥ်းစားသင့်ပြီး လစာငွေကြေးကို အခြေပြုစဥ်းစားနေခြင်းက သင့်အား အလုပ်ရရှိနိုင်ခြေ အလားလာ နည်းပါးစေနိုင်ပါတယ်။ ငွေကြေးလိုအပ်ချက်ကို ခေတ္တဘေးဖယ်ထားပြီး စိတ်ဝင်စား နှစ်သက်သည့် အလုပ်များကို စာရင်းပြုစုခြင်းက သင်လုပ်ရမည့် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် အနာဂတ် ပန်းတိုင်ကို ပြတ်သားစွာ လမ်းပြပေးနိုင်မည်ဖြစ်သည်၊
တစ်ခါတစ်ရံတွင် သူငယ်ချင်းများ၊ မိသားစုများနှင့် ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေး တိုင်ပင်ခြင်းဖြင့်လည်း အလုပ်အကိုင်နှင့် ပက်သက်သည့် ထင်မြင်ချက်အချို့ကို ရရှိနိုင်ပါသည်။ သင်ကိုယ်တိုင် သတိမမူမိခဲ့သော သင်နှစ်သက်သည့် အရာများ သို့မဟုတ် သင်နှင့် လိုက်လျောညီထွေရှိသော အလုပ်များလည်း ပါဝင်နိုင်ပြီး ဦးစားပေးလုပ်ကြည့်သင့်သည်ဟု သင့်ဝါနာနှင့် ကိုက်ညီသည်ဟု သင်ပတ်ဝန်းကျင်က ယုံကြည် ယူဆသည့် အလုပ်များလည်း ပါဝင်နိုင်ပါသည်။
သင်စိတ်ဝင်စားသည့် အလုပ်အကိုင်နယ်ပယ်များကို ဖော်ထုတ်ပြီးသည်နှင့် တစိုက်မတ်မတ်ရေရှည် လုပ်ကိုင် ခြင်း က သင့်အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေပြီး သင်၏စွမ်းရည်များကိုလည်း တိုးတက်အောင် စဥ်ဆက်မပြတ် ကြိုးစား အားထုတ်ခြင်းက သင့်အားတမှုထူးခြား စေနိုင်ပါသည်။
အဆင့်မြင့်ပညာများ နည်းပညာအသစ်များကို လေ့လာခြင်းဖြင့်လည်း အနာဂတ်တွင့် ဖွံ့ဖြိုးလာနိုင်သည့် လုပ်ငန်းသစ်များ၏ အခန်းကဏ္ဍများကို ပိုမိုနားလည်သဘောပေါက်စေပြီး သင့်အလုပ်အကိုင်နှင့် ပက်သက်သည့် အနာဂတ် အစီအစဥ်များကို ပြောင်းလဲချမှနိုင်စေရန် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
ကုမ္ပဏီများ၏ ဆိုရှယ်မီဒီယာအကောင့်များနှင့် ဝဘ်ဆိုဒ်များကို ဖတ်ရှုခြင်းဖြင့်လည်း သင့်အသက်မွေး ဝမ်းကြောင်းနှင့် စပ်ဆက်သည့် အလုပ်ကိုင်အခွင့်အလမ်းများကို ရှာဖွေလေ့လာနိုင်ပါသည်။ ထို့ပြင် ကုမ္ပဏီတစ်ခုစီ၏ ယဉ်ကျေးမှုနှင့် တန်ဖိုးများအကြောင်း ကုမ္ပဏီနှင့် ဆက်စပ်အသိုင်းအဝိုင်းနယ်ပယ်များ၏ အပြန်အလှန်ဆက်ဆံပုံတို့ကို သိရှိနိုင်စေရန် ကူညီပေးနိုင်ပါသည်။