လုပ်ငန်းခွင်အတွင်း အရည်အချင်းရှိသူများကို ထိန်းသိမ်းရန်မှာ အရေးကြီးပြီး နေ့စဥ် လန်းဆန်းတက်ကြွသော အလုပ်ခွင်တခု အဖြစ် ဖန်တီးထားနိုင်ရန် လိုအပ်ပါသည်။ ရလဒ်ကောင်းများရရှိရန်၊ သင့်အဖွဲ့အား မည်ကဲ့သို့ လှုံ့ဆော်ပြီး ဦးဆောင်မည်ကို အမြဲမပြတ်တွေးနေသင့်ပါသည်။
သင့်အမြင်ကိုမျှဝေပြီး ပြတ်သားသောပန်းတိုင်များချမှတ်ပါ။ ဝန်ထမ်းများနှင့်ရင်းနှီးစွာနေထိုင်ပါ။ အဖွဲ့လိုက် လုပ်ဆောင် မှုကို အားပေးပါ။ ကျန်းမာသန့်ရှင်းသော ရုံးခန်းဝန်းကျင်နှင့် အပြုသဘောဆောင်သော သုံးသပ် အကြံပြု ချက်များ အခါအားလျော်စွာ ထောက်ပြဝေဖန်ပေးပါ။
သင့်အဖွဲ့နှင့် အမြဲအတူတကွရှိနေကြောင်း ပြသပြီး သင့်အဖွဲ့၏ အခက်ခဲ မှန်သမျှကို အတူတကွ ပူးပေါင်း လုပ်ဆောင်ပေးသင့်ပါတယ်။ သင့်ဝန်ထမ်းများ၏ အမြင်နှင့် လုပ်ငန်းအတွက် ရောက်ရှိရမည့် ပန်းတိုင် များကို နှိုင်းယှဥ်ဖော်ပြပေးပါ။ ထိုသို့ပြုလုပ်ခြင်းက သင့်လုပ်ငန်းအား ပိုမိုကောင်းမွန်သောရလဒ်များရရှိစေပြီး ပူးပေါင်းလုပ်ဆောင်ခြင်းကလည်း ဝန်ထမ်းများ၏ အလုပ်ခွင်တက်ကြွမှုကို အားပေးနိုင်ပါသည်။ ထို့အပြင်၊ သင်နှင့် သင့်အဖွဲ့၏ နေ့စဥ် တိုးတက်မှုကို ခြေရာခံနိုင်ပြီး အောင်မြင်မှုများကို မြင်သာထင်သာရှိစေပြီး လုပ်ငန်း တိုးတက်မှုများကို ရရှိစေနိုင်ပါသည်။
အဖွဲ့လိုက်လုပ်ဆောင်ခြင်းကို အားပေးခြင်းနှင့် မြှင့်တင်ခြင်းသည် ဝန်ထမ်းများ၏ အထီးကျန်မှု ကိုနည်းစေခြင်းသည့်အပြင် ၎င်းတို့၏လုပ်ငန်းတာဝန်များတွင် တက်ကြွစွာ ကူညီပေးနိုင်သောကြောင့် ဝန်ထမ်းတဦးချင်း၏ အလုပ်ပြီးမြောက်မှုကို မြှင့်တင်ပေးပါသည်။
ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုခြင်း သို့မဟုတ် ကျေးဇူးတင်ရှိကြောင်းကို သင်ကိုယ်တိုင် ထုတ်ဖော်ချီးမွမ်းသင့် ပြီး ကျန်ဝန်ထမ်းကိုလည်း စည်းရုံး နိုင်ပါသည်။ တိကျသေချာစွာပြောပြပါ။ ဥပမာအားဖြင့်၊ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်မှာ မိမိ လုပ်ငန်းကို မည်သို့အကျိုးပြုကြောင်း ရှင်းပြပြီး ကျန်ဝန်ထမ်းများကို လှုံ့ဆော်ပေးနိုင်ပါသည်။ ငွေကြေးဆုလာဘ်များ၊ လက်ဆောင်များ၊ အကျိုးခံစားခွင့်များ သို့မဟုတ် ဝန်းထမ်း တယောက်စီတိုင်း၏ အောင်မြင်မှုကို အဖွဲ့လိုက် စွမ်းဆောင်ရည်၊ အလုပ်ကြိုးစားမှုအဖြစ် အသိအမှတ်ပြုပြီး မကြာခဏ စားသောက်ပွဲများပြုလုပ်ပေးပြီး အောင်ပွဲခံပေးသင့်ပါသည်။
အသေးစားစီမံခန့်ခွဲရမည့် အလုပ်တိုင်းကို လိုက်ပါလုပ်ဆောင်နေခြင်းက အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု အပေါ်တွင် ယုံကြည်မှု ကင်းမဲ့စေပြီး အောင်မြင်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။ အဖွဲ့ဝင် ဝန်ထမ်းများကို ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ပေးခြင်းဖြင့်၊ လွတ်လပ်စွာ လုပ်ဆောင်ခွင်ပေးခြင်းက ၎င်းတို့အား ယုံကြည်မှု မြင်မားကြောင်း ပြသရာရောက်ပါသည်။ ထိုသို့ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးခြင်းက ပြီးမြောက်ရန် ပိုမိုထိရောက်သော သို့မဟုတ် ချောမွေ့သောနည်းလမ်းများကို ရှာဖွေရန် သို့မဟုတ် ၎င်းတို့၏ကျွမ်းကျင်မှု သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်ဌာနတွင် ကွာဟချက်များကို ရှာဖွေရန် တစ်ဦးချင်းစီအား လှုံ့ဆော်ပေးနိုင်သည်။ သင့်ဝန်ထမ်းများကို နေရာလွတ်ပေးခြင်းသည် အစည်းအဝေးများကို လျှော့ချခြင်းနှင့် ဖြစ်နိုင်လျှင် အချိန်မရွေးဝင်ရောက်စစ်ဆေးခြင်းနှင့်အတူ လက်တစ်ကမ်းဖြစ်စေပါသည်။ ပြက္ခဒိန်ကို ရှင်းလင်းခြင်းဖြင့် ဝန်ထမ်းများအား ၎င်းတို့၏ flow zone တွင်ရောက်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေရန်အတွက် အဖိုးတန်အချိန်များကို သင်ပြန်ပေးနိုင်ပါသည်။