ယနေ့ခေတ်ဖွံဖြိုးပြီး နိုင်ငံကြီးများတွင် အလုပ်အကိုင်နှင့် ပင်ကိုယ်သဘာဝ ကိုယ်ရည်ကိုယ်သွေး တွဲစပ်မိသော သူများက ပိုမိုအောင်မြင်ကြကြောင်း မကြာခဏဆိုသလို ဖတ်ရှုနေရပြီး လူတယောက်တွင်ရှိသည့် ပင်ကိုယ်သဘာဝ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားများနှင့် မည့်သည့် Professional Carrier လမ်းကြောင်းက ကိုယ်ပိုင်သဘာဝ ကိုယ်ရည်ကိုယ်သွေးနှင့် ပိုမိုလိုက်ဖက်ကြောင်း၊ သင်ဟာ ကိုယ်ဘယ်လိုသဘာဝ ဘယ်လို အရည်အသွေးများ ရှိကြောင်း သိရှိလိုပါက အောက်ဖော်ပြအကြောင်းအရာများက သင့်ကို တစုံတရာ အထောက်အကူဖြစ်ပါလိမ့်မည်၊
Myers-Briggs Type Indicator (MBTI)ဆိုသည်မှာ ကိုယ်ရည်ကိုယ်သွေး ဖော်ထုတ်ခြင်းဆိုင်ရာ နည်းနာတခုဖြစ်ပြီး၊ လူတယောက်၏ ကွဲပြားခြားနားသော အားသာချက်များနှင့် နှစ်သက်မှုများအပေါ်တွင် မေးခွန်း ပုံစံထုတ်များထုတ်၍ ဖြေဆိုစေခြင်းဖြစ်ပြီး လူတို့က ၄င်းတို့၏ကိုယ်ပိုင်လောကကို ရှု့မြင်ပုံနှင့် ဆုံးဖြတ်ချက်များ ချရာတွင် အကူညီဖြစ်စေရန်၊ ဒုတိယကမ္ဘာစစ်အတွင်းက တီထွင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုခေတ်က အမေရိကန် ပြည်ထောင်စုရှိ အမျိုးသမီးများအတွက် ကိုယ်ရည်ကိုယ်သွေးနှင့် အကိုက်ညီဆုံးဖြစ်သော အလုပ်အကိုင် များရှာဖွေ ရာတွင် ကူညီပေးရန်အတွက် Katharine Cook Briggs နှင့် Isabel Briggs Myers တို့က တီထွင်ခဲ့ခြင်းဖြစ်သည်။ MBTI နည်းနာဖြင့် လူတဦးချင်းစီ၏ နှစ်သက်မှုများအပေါ်တွင် ပိုင်းခြားစိတ်ဖြာခဲ့ပြီး ကိုယ်ပိုင်သဘာဝနှင့် လိုက်ဖက် သင့်တော်သည့် အသက်မွေးဝမ်းကြောင်းကို အောက်တွင် ဆက်လက်ရေးသားမည့် Personalities (ကိုယ်ရည် ကိုယ်သွေး အမျိုးအစားများ) 16 ခုရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
ISTJ ဟု အတိုကောက် မှတ်လွယ်နိုင်ပြီး၊ စိစစ်စစ်ဆေးတတ်သော ဘဘာဝရှိခြင်း/ရှိသော (Inspector) ဤကိုယ်ရည်ကိုယ်သွေး ရှိသူများသည် ယေဘူယျအားဖြင့် လေးနက်သောစရိုက်နှင့် သမရိုးကျနည်းလမ်းများကို နှစ်သက်သူများဖြစ်ကြသည်။ ထိုသဘာဝရှိသူအများစုမှာ သမရိုးကျ အစဥ်အဆက် ကျင့်သုံးလာသည့် ရိုးရှင်းသော လုပ်ကိုင် ဖြေရှင်းရသည့် နည်းလမ်းများကိုသာ နှစ်သက်ကြပြီး၊ ကြိုးစားအားထုတ်မှုနှင့် လူမှုရေးရာ ကျင့်ဝတ် တန်ဖိုးများ အပေါ်တွင် တန်ဖိုးထား ယုံကြည်ကြသည်။ ၎င်းတို့သည် ယေဘူယျအားဖြင့် သီးသန့်နေထိုင်သော သဘာဝရှိပြီး၊ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လုပ်ကိုင်နေတတ်ကြသည်။ လုပ်ငန်းခွင် အဖွဲ့အစည်းများတွင် ထိုသဘာဝ ရှိသူများမှာ တာဝန်ကျေကြပြီး ယုံကြည်စိတ်ချရသူများအဖြစ် နာမည်ကြီး ကြသူများလည်းဖြစ်သည်။ စည်းစနစ် ကျသည့် လုပ်ငန်းခွင်များတွင် ထိုသဘာဝရှိသူများက ကြီးပွားကြပြီး၊ ၎င်းတို့တွင် ကိုယ်ပိုင် စည်းမျဥ်း စည်းကမ်း ရှိနေတတ်ပြီး၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းတို့သာမက အလွန်အသေးစိတ်သော အလုပ် များကိုပင် စနစ်တကျလုပ်ကိုင်တတ်ကြသည်။
အကယ်၍ သင်ဟာ ISTJ တစ်ဦးလို့ယူဆတယ်ဆိုရင် ၊ အောက်မှာဖော်ပြမယ့် အလုပ်အကိုင်အမျိုးအစားများကို လုပ်ကိုင်ဖို့ တိုက်တွန်းပါရစေ၊
• Dentist (သွားဆရာဝန်)
• Certified public accountant (လက်မှတ်ရစာရင်းကိုင်)
• Supply chain manager (လုပ်ငန်းစဥ် မန်နေဂျာ)
• Business analyst (စီးပွားရေးလုပ်ငန်းများ ခြုံငုံသုံးသပ်တင်ပြသူ)
အတိုင်ပင်ခံ INFJ များသည် အများအားဖြင့် လေးလေးနက်နက် စဥ်းစားတွေးခေါ်သူများဖြစ်သည်။ ထိုသဘာဝ ရှိသူများမှာ အများအားဖြင့် အပေါ်ယံ လုပ်ရသောတာဝန်များကို လက်မခံကြသည်ကိုတွေ့ရပြီး၊ ၎င်းတို့သည် စိတ်ကူး စိတ်သန်းများနှင့် ဖန်တီးမှုအားကောင်းကြသူများဖြစ်သည်။ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနှင့် ပတ်သက် လာလျှင် ငြိမ်းချမ်းသောအလုပ်ပတ်ဝန်းကျင်ကို သဘောကျကြပြီး စိန်ခေါ်မှုများ ကို တန်ဖိုးထား နှစ်သက်ကြပြီး၊ နက်နဲစွာတွေးခေါ်လေ့ရှိကြသည်။ ထို့ပြင် စာနာတတ်ကြပြီး ဂရုစိုက်တတ်သူ၊ ကူညီတတ်သူ၊ ထိုးထွင်း သိမြင်တတ်သူဖြစ်သည်။ သင်သည် INFJ တစ်ဦးဖြစ်ပါက၊ သင်ထည့်သွင်းစဉ်းစားသင့်သော အလုပ်အချို့မှာ-
• Counselor (တိုင်ပင်ဆွေးနွေးသူ)
• Writer (စာရေးဆရာ)
• Scientist (သိပ္ပံပညာရှင်)
• Librarian (စာကြည့်တိုက်မှူး)
• Psychologist (စိတ်ပညာရှင်)