ကိုယ်ရည်ကိုယ်သွေး အမျိုးအစားများနှင့် အလုပ်အကိုင် တွဲစပ်မိမှု ရှိ/မရှိ ဘယ်လိုသိနိုင်မလဲ?(၂)

14 March 2023

Mastermind (INTJ)

INTJ များသည် အများအားဖြင့် တိတ်ဆိတ်ခြင်း၊ သီးသန့် တစ်ယောက်တည်း နေရထိုင်လုပ်ကိုင်ခြင်းများတွင်သာ အဆင်ပြေကြသည်။ ပေါင်းသင်းဆက်ဆံခြင်းမှာ ထိုသဘာဝရှိသူများကို ပင်ပန်းစေပြီး လူအများနှင့် ရင်းနှီး ကျွမ်းဝင်ရန် အချိန်လိုအပ်ကြလေ့ရှိသည်။ စိတ်ကူးစိတ်သန်းအတွးအခေါ်များနှင့် သီအိုရီများကိုသာ စိတ်ဝင်စားကြပြီး ထိုအရာများပေါ်တွင်လည်း မေးခွန်းထုတ်လေ့ရှိကြသည်။ ၎င်းတို့မှာ အစီအစဉ်ဆွဲခြင်းနှင့် ဗျူဟာမြောက် တွေးခေါ်ခြင်းများတွင် ထူးချွန်ကြပြီး မသေချာမရေရာမှုများပေါ်တွင် အချိန်ကုန်ခံလေ့မရှိကြပေ။ ပြဿနာဖြေရှင်းရာတွင် သဘာဝကျကျ ကြောင်းကျိုးဆင်ခြင်လေ့ရှိကြပြီး ချိတ်ဆက်၍လေ့လာအဖြေရှာ ရသည်ကို ကြိုက်နှစ်သက်ပြီး လက်တွေ့ကျကျ စဉ်းစားတွေးခေါ်မှုနှင့် ကြောင်းကျိုးဆင်ခြင်မှု နှစ်မျိုးစလုံးတွင် ကျွမ်းကျင်ကြသည်။ အကယ်၍ သင်သည် INTJ ဖြစ်ပါက၊ သင်ထည့်သွင်းစဉ်းစားရမည့် အချို့သော အလုပ်အကိုင်များမှာ-
Musical performer (အဓိကဖျော်ဖြေတင်ဆက်သူ)
Managing editor (တည်းဖြတ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း)
Photographer (ဓာတ်ပုံပညာရှင်)
Financial advisor (ဘဏ္ဏာရေးအကြံပေး)
Marketing manager (စျေးကွက်မန်နေဂျာ)
Teacher (ကျောင်းဆရာ/ဆရာမ)
Physical therapist (ကျန်းမာရေးပညာရှင်)

Giver (ENFJ)

ENFJ များသည် လူများကို အာရုံစိုက်လေ့ရှိကြသည်။ ၎င်းတို့သည် အစွန်းရောက်သူများ၊ စိတ်ကူးယဉ် ဆန်သူများ၊ အခြေခံကျင့်ဝတ်များအပေါ်တွင် ရှိသည်။ သူတို့သည် အခြားသူများနှင့် မည်သို့ချိတ်ဆက်ရမည်ကို သိရှိကြပြီး လက်တွေ့ ကမ္ဘာထက် ၎င်းတို့၏စိတ်ကူးယဥ် ကမ္ဘာများတွင်သာ နေထိုင်ကြသည်။ ENFJ များသည် သမရိုးကျ ဦးဆောင်တတ်သော ခေါင်းဆောင်များဖြစ်ပြီး၊ လက်အောက်လုပ်ဖော်ကိုင်ဖက်များအပေါ်တွင် အလွန်အမင်း တွန်းအားပေးတတ်ကြသော်လည်း ၎င်းတို့ပတ်ဝန်းကျင်မှ သူများ၏ လိုအပ်ချက်များကို စာနာနားလည်ကြသည်။ ယေဘူယျအားဖြင့် ထိုသူတို့သည် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်အောင် တွန်းအားပေး ခိုင်းစေသည်ဟု ခံစားရသည်။ အကယ်၍ သင်သည် ENFJ တစ်ဦးဖြစ်ပါက၊ သင်သည် အောက်ပါ အသက်မွေးဝမ်းကြောင်းများကို ထည့်သွင်းစဉ်းစားဖို့လိုပါမည်။
• Guidance counselor (လမ်းညွှန်တိုင်ပင်ဆွေးနွေးသူ)
• Sales manager (အရောင်းပိုင်းဆိုင်ရာ မန်နေဂျာ)
• HR director ( လူ့အရင်းအမြစ် ဒါရိုက်တာ)
• Art director (အနုပညာဒါရိုက်တာ)
• Public relations manager (လူမှုဆက်ဆံရေးမန်နေဂျာ)

Craftsman (ISTP)

ISTP များသည် ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားနှင့် အလိုအလျောက် စိတ်အားထက်သန်သူများလည်း ဖြစ် ကြပြီး နားလည်ရန်ခက်ခဲသူများလည်းဖြစ်သည်။ ထိုသူတို့၏ ကိုယ်ရည် ကိုယ်သွေး စရိုက်များတွင် အလွယ်တကူ မှတ်မိနိုင်မှု နည်းပါးပြီး ၎င်းတို့ တုံ့ပြန်မှုများကို ခန့်မှန်းရန် ခက်ခဲနိုင်ပါသည်။ ၎င်းတို့သည် မှန်းဆ၍ မရသောကိစ္စများကို ၊ အလိုလိုသိနေတတ်ကြပြီး၊ မိမိတို့ပင်ကိုယ်စရိုက်များအပေါ်တွင် ဖုံးကွယ်တတ်ကြသည်။ အလုပ်ခွင် ပြဿနာများ ဖြေရှင်းရာတွင် ထက်မြက်ကြပြီး၊ လိုအပ်သည့်အခါတွင် အခြားသူများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။ ISTP အများစုသည် ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် နည်းပညာဆိုင်ရာ အလုပ်များကို နှစ်သက်ကြပြီး ပြဿနာများပေါ်ပေါက်လာသောအခါ အဖြေကို အမြန်ဆုံးရှာဖွေနိုင်ကြသည်။ သင်သည် ISTP တစ်ဦးဖြစ်ပါက၊ သင်ထည့်သွင်းစဉ်းစား၍ ဖြစ်နိုင်သော အသက်မွေးဝမ်းကြောင်းများမှာ-
• Technician (နည်းပညာကျွမ်းကျင်သူ)
• Construction worker (ဆောက်လုပ်ရေးအလုပ်သမား)
• Engineer(အင်ဂျင်နီယာ)
• Forensic scientist (မှုခင်းသိပ္ပံပညာရှင်)
• Inspector (စိစစ်သုံးသပ်လေ့လာသူ)

Provider (ESFJ)

ESFJ များသည် အလွန်ပေါင်းသင်းဆက်ဆံတတ်ပြီး အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် လူများကို ပျော်ရွှင်အောင်ပေါင်းသင်းတတ်ကြသည်။ များသောအားဖြင့် ထိုသူတို့မှာ ၎င်းတို့၏ ဘဝဖြတ်သန်းမှု အတွေ့ အကြုံများမှ တဆင့် မီးမောင်းထိုးပြကာ အခြားသူများကို ကြည်နူးပျော်ရွှင်စေကြပြီး သူငယ်ချင်းများနှင့် မိသားစု အချင်းချင်းများကြတွင် မပါမဖြစ်ကြသူများလည်းဖြစ်သည်။ ESFJs များသည် လုပ်ငန်းခွင်တွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် သဟဇာတဖြစ်မှုကို ရှာဖွေတတ်ပြီး၊ လူမှုရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများက သဟဇာတဖြစ်မှုကို တွန်းအားပေးနိုင်သည့် အလုပ်အကိုင်များကိုသာ ယေဘုယျအားဖြင့် ရှာဖွေကြသည်။ ၎င်းတို့သည် အများအားဖြင့် အခြားသူများ၏ လိုအပ်ချက်များကို အာရုံခံစားတတ်ပြီး လူမှုရေးရာနယ်ပယ်များ တွင် ကျွမ်းကျင်ကြသည်။ အကယ်၍ သင်သည် ESFJ ဖြစ်ပါက၊ သင်ထည့်သွင်းစဉ်းစားသင့်သည့် အချို့သော အသက်မွေးဝမ်းကျောင်းများမှာ-
• Office manager (ရုံးပိုင်ဆိုင်ရာမန်နေဂျာ)
• Technical support specialist (နည်းပညာဆိုင်ရာအထူးကျွမ်းကျင်သူ)
• Museum curator (ပြတိုက်မှူး)
• Psychologist (စိတ်ပညာရှင်)
• Medical researcher (ဆေးဘက်ဆိုင်ရာသုတေသီ)