စိတ်ကူးအိမ်မက် ဝါသနာပါသော အလုပ်အတွက် ကိုယ်တိုင်ပြင်ဆင်ရန် လုပ်ဆောင်ရမည့် အဆင့်များကို ပုံဖော်စဥ်းစားကြည့်ဖို့လိုအပ်ပါတယ်။ စိတ်ကူးရည်မှန်းထားသည့် နေရာကို လက်တွေ့မလျှောက်ထားခင် မည်သည့် အရည်အချင်းတွေ လိုအပ်မလဲ ဆိုသည်အချက်များကို သေချာရှင်းလင်းစွာ သိနားလည်နေရန်မှာ အရေးကြီးပါသည်။ ထိုပြင် ရည်းမှန်းမျှော်လင့် နေရာ/ရာထူးကို မည်သည့် လုပ်ငန်းကုမ္ပဏီများတွင် လိုအပ် နေသနည်း စသဖြင့် ကြိုတင်တွေးခေါ်စဥ်းစားထားရမည်ဖြစ်သည်။
စိတ်ကူးအိပ်မက်ထားသည့် အလုပ်အတွက် လိုအပ်ချက်အချို့ကို ကြိုတင်ဖြည့်ဆည်းထားရန် လိုအပ်နိုင်သည်။ ထိုလိုအပ်ချက်များကို အချိန်မီသိရှိခြင်းက ကြိုတင်ပြင်ဆင်ရန် ကူညီပေးနိုင်ပြီး။ ကောလိပ်ဘွဲ့၊ အထူး အသိအမှတ် ပြုလက်မှတ် သို့မဟုတ် လုပ်ငန်းခွင်အတွေ့အကြုံများ ပါဝင်နိုင်သည်။ စိတ်ကူးအိပ်မက်အလုပ်အတွက် ကြိုတင်ပြင်ဆင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတစ်ခုကို ဖန်တီး လျှောက်လှမ်းခြင်းဖြစ်သည်။
အမှန်တကယ် နှစ်သက်သည့် အရာကို သိရန်မှာ အရေးကြီးပြီး အကယ်၍ သင်သည် introvert တစ်ဦးဖြစ်ပါက၊ ဖောက်သည်များကို ဝန်ဆောင်မှုပေးရသည့်လုပ်ငန်း သို့မဟုတ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ဝင်ရောက်လုပ် ကိုင်သင့်ခြင်းကို ဆိုလိုပါသည်။ မိမိ၏ကိုယ်ရည်ကိုယ်သွေးစရိုက်နှင့် လက္ခဏာများကို သတိထားပြုစုပြီး ပြောင်းလဲ လာမှုများကိုလည်း အစဉ်သတိရှိအကဲခတ်နေရမည်ဖြစ်သည်။
အဖွဲ့အစည်းဆိုင်ရာ အသက်မွေးဝမ်းကြောင်းလမ်းကြောင်း (အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးမှု သိုမဟုတ် အသက် မွေးဝမ်းကြောင်းအစီအစဉ်) သည် လမ်းညွှန်စီမံအုပ်ချုပ်သည့် မန်နေဂျာများရှိပြီး ကိုယ်တိုင်ဖန်တီးနိုင်သည့် အသက်မွေးဝမ်းကြောင်း ကွဲပြားသောလမ်းကြောင်းတစ်ခုဖြစ်သည်။ ရည်မှန်းချက်မှာ ကုမ္ပဏီတစ်ခုအတွင်း တိုးတက်မြင့်မားသည့် လမ်းကြောင်းတခုကို ဖန်တီးလျှောက်လှမ်းခြင်းဖြစ်သည်။
အသက်မွေးဝမ်းကြောင်း လမ်းကြောင်းများစွာသည် စီမံခန့်ခွဲမှုရာထူးများဆီသို့ ဦးတည်နေသော်လည်း စီမံခန့်ခွဲမှု နယ်ပယ်ကို မလိုလားသောသူများလည်း များစွာရှိပါသည်။
အဖွဲ့အစည်းများစွာသည် ၎င်းတို့၏ဝန်ထမ်းများအတွက် အသက်မွေးဝမ်းကြောင်းလမ်းကြောင်းဆိုင်ရာ မူဘောင် တစ်ခုကို ရေးဆွဲသတ်မှတ်ထားပြီးဖြစ်သည်။ လုပ်ငန်းစဉ် အခြေခံချမှတ်ထားသည့် လမ်းကြောင်းတခုလည်းဖြစ်ပြီး မန်နေဂျာနှင့်အတူ သင့်၏အရည်အချင်းများ ဆင့်ကဲတိုးတက်ပြောင်းလဲစေခြင်းလည်းဖြစ်သည်။
– အထူးပရောဂျက်များဖြင့် ကူညီဆောင်ရွက်ခြင်း
– အွန်လိုင်းသင်တန်းများတက်ရောက်ခြင်း
– အောင်လက်မှတ်ရရှိခြင်း
– လုပ်ဖော်ကိုင်ဖက်များကို ပံ့ပိုးလမ်းညွှန်ခြင်း
စသည့်ဖြင့် မိမိ၏ကိုယ်ပိုင် (Carrier Path) လမ်းကြောင်းမှန်ပေါ်ရောက်ရန်၊ မှတ်တိုင်များနှင့် ပန်းတိုင်များကို မကြာခဏ ပြန်လည်သုံးသပ် နေရမည်ဖြစ်သည်။ စီမံအုပ်ချုပ်သူမန်နေဂျာနှင့် အနည်းဆုံး သုံးလတစ်ကြိမ် Carrier Development ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ တိုးတက်မှုကို အတူတကွစစ်ဆေးရန် အချိန်ဇယားဆွဲ၍ မန်နေဂျာနှင့်အတူ လုပ်ဆောင်သင့်ပါသည်။
အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို တိုးတက်အောင်လုပ်ပြီးရင် မည့်သည့်အခွင့်အရေးများ ရနိုင်မည် ဆိုသည်ကို သိရှိနိုင်ရန် လက်ရှိအလုပ်ရှင်နှင့် ပုံမှန်ဆွေးနွေးရမည်လည်းဖြစ်သည်။
ဥပမာအားဖြင့်၊ သင်၏အသက်မွေးဝမ်းကြောင်း၏နောက်တစ်ဆင့်သည် အခြားမြို့၌အခြေစိုက်ပါက၊ ထိုအခန်း ကဏ္ဍကို ဖြည့်ဆည်းရန် ပြောင်းရွှေ့ရန် လိုအပ်ပါက သင်၏ခေါင်းဆောင်အဖွဲ့အား မေးမြန်းပါ။
အကယ်၍ သင့်လက်ရှိကုမ္ပဏီသည် သင့်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတွင် ရာထူးတစ်ခုမှ မကမ်းလှမ်း ခြင်း သို့မဟုတ် မည်သည့်အခွင့်အလမ်းများကို ပေးနိုင်ပါသနည်း စသည့် အချက်များကို သေချာစွာ ဆန်းစစ်သင့်ပါသည်။ အကယ်၍ အခွင့်အလမ်းများရှိနိုင်ပါက၊ ၎ငအဖွဲ့အစည်းတွင် သင်၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းတိုးတက်မှုကို ကန့်သတ်နိုင်သည်။
သင်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းတစ်ခုဖန်တီးပြီးသည်နှင့် သင့်လက်ရှိအလုပ်ရှင်နှင့် အသက်မွေး ဝမ်းကြောင်း ဆိုင်ရာ တိုးတက်မှုကို အလွယ်တကူရရှိနိုင်မည်ကို သိမြင်နိုင်မည်ဖြစ်သည်။